Generation Wave ( မျိုးဆက်သစ်လူငယ်အစည်းအရုံး) မှ မျိုးဆက်သစ်လူငယ် များ အား ချီးကျုး ဂုဏ်ပြုခြင်း
၂၀၀၈ ခုမတ်လအတွင်းတွင် Generation Wave မျိုးဆက်သစ် လူငယ်များ အစည်းအရုံး မှ ဦးဆောင်သူ တဦးဖြစ်တဲ့ ကိုကျော်ကျော် ခေါ် ကိုဇေယျာသော် ( ဟစ်ပ်ဟော့အဆိုတော် အက်ဆစ်အဖွဲ့) အပါအ၀င် အဖွဲ့ဝင်များ နှင့် People Union အဖွဲ့မှ ကိုသီဟ၊ ကိုရန်နိုင်သူ အပါအ၀င် တို့ စုစုပေါင်း ၁၀ ဦးကို အာဏာပိုင်များက ဖမ်းဆီးသွားခဲ့ပါသည်။
သူတို့ ကို အခြေခံ နိုင်ငံရေးလှုပ်ရှားမှုအဖြစ် Generation Wave မျိုးဆက်သစ် လူငယ် အစည်းအရုံးက နိုင်ငံ ရေး သီချင်းများ ရေးစပ် သီဆိုကာ ဖြန့်ဝေနေသည့် ကိစ္စ။ လက်ကမ်း စာရွက်စာတမ်း နှင့် ပိုစတာ ဖြန့်ဝေခြင်း၊ အာဏာ ပိုင်များ ပိတ်ပင် ထားသည့် ဗီဒီယိုခွေများ ဖြန့်ဝေခြင်း လှုပ်ရှားမှုများ လုပ်ဆောင်နေသည် ဟူသော အ မှုနဲ့ ဆွဲသွားတာဖြစ်ပါတယ်။
ကိုဇေယျာသော် (ခ) ကိုကျော်ကျော်
ဖမ်းဆီးခံရသူစာရင်း
1.ကိုဇေယျာသော် (ခ) ကိုကျော်ကျော်
2. ကိုအောင်ဇေဖြိုး
3. ကို အာကာဗိုလ်
4. ကိုသီဟ
5. ကိုရန်နိုင်သူ
6. ကိုဝေလွင်ဖြိုး
7. ကိုမင်းဇော်
8. ကိုနေမျိုးထွန်း
9. ကိုအောင်အောင်
10 ကိုအောင်ကျော်ဦး ( ခင်ဦး) 88 student.တို့ ဖြစ်ကြပါတယ်။
နိုင်ငံတော်နှင့် အမျိုးဘာသာ သာသာသနာရေးကို စစ်ကျွန်ဘ၀မှာလွတ်မြောက်စေရန် အသက်ကို ပဓါန မထားဘဲ ရွံ့ ရွံ့ ချွန်ချွန် လက်နက်မဲ့ ဆန့် ကျင်ရဲသော Generation Wave မျိုးဆက်သစ် လူငယ်များကို..အာ ဇာနည်များ အဖြစ် အာဇာနည် မျိုးဆက်သစ်များအုပ်စု မှ ချီးကျုး မှတ်တမ်းတင် အပ်ပါသည်။
အကျဉ်းကျခံ မျိုးဆက်သစ် လူငယ်များအား မတရား ဖမ်းဆီးထားသော စစ်အာဏာရှင်အား ပြင်းတန်စွာ ရှူံ့ ချ လိုက်ပြီး အမြန်ဆုံး ပြန်လည် လွတ်ပေးပါရန် အာဇာနည် မျိုးဆက်သစ်များမှ တောင်းဆိုလိုက်သည်။
ကိုဇေယျာသော်အတွက် စိတ်မကောင်းပါဘူးဗျာ... လေးစားပါတယ်... ကျနော်တို့ ကျန်တဲ့သူတွေအားလုံးလဲ အမြန်ဆုံးညီညွတ်ကြပါစို့ ...
ReplyDelete