လုံခြုံရေးများ တင်းကြပ်စွာချထား၍ ပြည်သူအားခြိမ်းခြောက်အင်အားပြနေသဖြင့် ညအချိန်တွင် သာမန် ပြည်သူတို့ လမ်းပေါ်သို့မသွားရဲဘဲ ညအချိန်ထွက်ရဲသော စွမ်းအားရှင်ကြံ့ဖွတ်၊ မီးသတ်၊ ရဲ၊စစ်သားများသာ လှုပ်ရှားသွားလာနေကြသော ရန်ကုန်မြို့၌ ယမန်နေ့ ညသန်းကောင်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးရှိ နအဖဘဏ်အား မျက်နှာဖုံးစွပ်ထားသော လူများမှ ဘဏ်ဓားပြ တိုက်ခဲ့ ကြောင်း၊ ဘဏ်မန်နေ ဂျာနှင့် ညစောင့် ၀န်ထမ်းတစ်ဦးအား သတ်ဖြတ် သွားပြီးငွေကြေးများအား ဖောက်ထွင်းယူသွားကြောင်း သိရှိရ ပါသည်။ ဘဏ်ဓားပြတိုက်နေတဲ့အချိန်တွင် ရုန့်ရင်းဆန်ခတ် တိုက်ခိုက်နေကြသံကို ဘဏ်အနီးရှိ ပတ်ဝန်း ကျင်မှ ပြည်သူများ ကြားသိသော်လည်း ၀ိုင်းဝန်း ဖမ်းဆီးပေးခြင်းမပြုရဲကြ။
ထပ်မံကြားသိရသော သတင်းအရ ဇန်န၀ါရီလ (၄) ရက်နေ့ လွတ်လပ်ရေးနေ့ကပြစ်မှုကြီးများ ကျူးလွန်ခဲ့သော အကျဉ်းသား (၆၀၀၀) ခန့်အားလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်းသိရှိရပါသည်။ ၎င်းတို့ထဲတွင် ပန်း ဘဲတန်းမြို့နယ်၊ ၂၅ လမ်း တွင် ဖြစ်ပွားခဲ့သော ရက်စက်ကြမ်းကြုတ်လှသောလူသတ်မှုကို ကျူးလွန်သော တရားခံ လည်း လွှတ်ပေးရာတွင် ပါဝင်ကြောင်းသိရှိရပါသည်။
စိမ်းလဲ့ကန်သာအနီးမှ ငါးလောင်းပြိုင် လူသတ်မှုကို မဖော်ထုတ်နိုင်သေးဘဲဖြစ်နေရာ ထိုကဲ့သို့ တော်ရုံ တန်ရုံ အစွမ်းအစ နောက်ခံအင်အား မရှိဘဲမကျူးလွန်နိုင်သော ဘဏ်ဓားပြမှု ထပ်မံပေါ် ပေါက်လာသည့် အတွက် နောက်ကွယ်တွင် မည်သူများ ပါဝင်လျက်ရှိသည်ကို တွေးတောစရာဖြစ်နေကြောင်း ပြည်သူများမှ ဝေဖန်ပြော ကြားလျက် ရှိကြောင်း ကြားသိရပါသည်။

Which bank? MEB branch or Private Bank? Not clear.
ReplyDeleteသင်္ဃန်းကျွန်း မြန်မာ့စီးပွားရေးဘဏ်ပါခင်ဗျာ
ReplyDelete