မြို့နယ်၊ ရပ်ကွက် အဆင့်အသီးသီးရှိ ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်အဖွဲ့ခွဲများတွင် တာဝန်ယူထားရသော သူများထဲမှ ကျနော်တို့၏ စိတ်ချရသော သတင်းရင်းမြစ်များမှ ရရှိထားသော သတင်းများအရ ဆိုရလျှင် ….
- မဲရုံတစ်ခုအတွက် ပုံစံတူမဲပုံး (၂) ပုံး ထားရှိရန် စီစဉ်ထားခြင်း။
- ဆန္ဒမဲလက်မှတ်များကို မဲပေးမည့် လူဦးရေစာရင်း၏ နှစ်ဆကျော် ထားရှိရန် စီစဉ်ထားခြင်း။
ဤအချက်အလက်များနှင့် ထပ်မံသိရှိရသော သတင်းအချက်အလက်များအရ နအဖသည် မဲလိမ်ရာတွင် ဆန္ဒမဲလက်မှတ်များ အစားထိုး လိမ်လည်ဖို့ပင် မစဉ်းစားတော့ဘဲ မဲပုံးကို တိုက်ရိုက်လဲလှယ်မည့်သဘော ဖြစ် နေပါသည်။ လဲလှယ်မည့်မဲပုံးတွင် ဆန္ဒမဲပေးမည့် လူဦးရေ စာရင်းအတိုင်း၊ ၎င်းတို့ ကြိုတင်စီစဉ်ထားသော ပုံစံ အတိုင်း ထောက်ခံမဲများကို ကြိုတင်ထည့်ထား၍ မဲမရေတွက်မီ လဲလှယ်မည်ဖြစ်သည်။
နအဖသည် ပြည်သူ၏ သဘောထားကို ကျနော်တို့ ပြည်သူများ ကိုယ်တိုင်ထက်ပင် ပိုလို့ သဘောပေါက် နား လည်နေပါသည်။ ၎င်းတို့ခြိမ်းခြောက်သည်ကို ကြောက်ရွံ့ပြီး ပြည်သူများမှ ထောက်ခံမဲများ ပေးလေမလားဟု မျှော်လင့်ချက်ပင် မထားတော့ဘဲ ကျိန်းသေနိုင်မည့် သေချာသည့်အစီအစဉ်ကိုသာ စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း အထင်အရှား တွေ့နေရပါသည်။
ကဲ ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။ နည်းလမ်းတွေ ရှာကြရတော့မယ်။

Wow..Wow....What the hell is this..?
ReplyDeleteIs it true ...?
Shame on you Burmese Junta..shame on you......it is like a child play...