သူတို့  လေယာဉ်အသစ်ရတာက ဟုတ်ပါရဲ့ ။ ပျက်ကျ ပြီးသေတဲ့ အသက်တွေ ကျတော့ ဘာနဲ့ အစားထိုးမလဲ..ဒီလိုသာ အာမခံထား လေယာဉ်ပျံ ဟောင်းပြီး အသစ်လိုချင်တိုင်း..မြေအောက်ထိုးဆင်းနေရင် ဘယ်လိုလုပ်ကြမှာလည်း။။ စီးရဲကြပါသလား မြန်မာ့လေကြောင်း..
စစ်တွေ လေဆိပ်တွင် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည့် လေယာဉ်အစား နိုင်ငံခြား အာမခံကုမ္ပဏီမှ အသစ်တစင်း ပြန်လည် ပေးအပ်

(၂၀၀၉) ခုနှစ်၊ ဇွန်လအတွင်းက စစ်တွေလေဆိပ်တွင် မြန်မာ့လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်း လေယာဉ်ပြေးလမ်းချော်မှု ဖြစ်ပွား ခဲ့ရာတွင် အဆိုပါလေယာဉ်အစား အမျိုးအစားတူလေယာဉ်တစ်စင်းကို နိုင်ငံခြား အာမခံကုမ္ပဏီတစ်ခုမှ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
လေယာဉ်ပြေးလမ်းချော်ကာ တွဲဖက်လေယာဉ်မှူးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည့် အဆိုပါ (F-28) ဂျက်လေယာဉ်သည် မြန်မာ့အာမခံ လုပ်ငန်းမှ တစ်ဆင့် စင်ကာပူနိုင်ငံရှိ နိုင်ငံခြား အာမခံကုမ္ပဏီတစ်ခုသို့ အာမခံ ထားရှိထားသည့်အတွက် အဆိုပါကုမ္ပဏီမှ အမျိုးအစားတူ (F-28) ဂျက်လေယာဉ်သစ်တစ်စင်းကို လျော်ကြေးပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြေးလမ်းချော်ခဲ့တဲ့ လေယာဉ်ကို အာမခံကိုမ္ပဏီက လာစစ်ဆေးခဲ့ပြီးပါပြီ။ ဒီလေယာဉ်ကို လေလံတင် ရောင်းချခဲ့ပြီး ရောင်းချငွေကို တော့ အာမခံကုမ္ပဏီကို ပေးရပါတယ်။ လေယာဉ်ပျက်စီးမှု အနေအထား၊ အာမခံကြေးပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့အတိုင်း လျော်ကြေး ပြန်ပေးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်” ဟုလေကြောင်း လိုင်းအသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ရှင်းပြသည်။
လက်ရှိအချိန်တွင် မြန်မာ့လေကြောင်းမှ တာဝန်ရှိသူများ နိုင်ငံခြား အာမခံကုမ္ပဏီမှ ပေးအပ်သည့် (F-28 )ဂျက်လေယာဉ် အသစ်အား ယူဆောင်ရန် ထွက်ခွာသွားပြီး မကြာမီရောက်ရှိလာကာ အဆိုပါ လေယာဉ်ဖြင့် ပြည်တွင်း ခရီးစဉ် များကို ပြန်လည် ပြေးဆွဲ တော့မည်ဖြစ်ကြောင်း (၂၀၁၀) ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
ဒီနေရာကိုကြည့်ပြီးလေယာဉ်ပျံစီးပါ။
ReplyDeletehttp://www.planecrashinfo.com/rates.htm
အသစ်ဆိုတာဘာကိုဆိုလိုတာလဲ - F28 က ၁၉၉၆ မှာနောက်ဆုံးထုတ်ထားတာ၊ တပတ်ရစ်ပဲဖြစ်ရမယ်။
ReplyDeleteတကယ့်လူတတ်ကြီးတွေပဲ... လေယာဉ်ပဲ စီးဖူးပြီး လေယာဉ်အကြောင်းကို နကန်းတစ်လုံးမှမသိပဲ ဝေဖန်နေတာရှက်စရာကြီး ;)... ဒါကြောင့်မောင် dollar စားကပြောတာပေါ့...၇ တန်း ၈ တန်းအောင်ကလည်း ပြည်ပရောက်ရင် ပြည်တွင်းက ပြည်သူတွေကို ကုသနေတဲ့ ဆရာဝန်ကြီးတွေကိုလည်း ဝေဖန်နိုင်တယ်...ဘာမှနားမလည် အူကြောင်ကြား ဒုက္ခသည်အဖြစ် ရွာက လယ်ကွက်ပေါင်ပြီး ပြည်ပထွက်လာတဲ့ နွားကျောင်းသားကလည်း ပြည်တွင်းက အင်္ဂျနီယာတစ်ယောက်ကို ဝေဖန်နိုင်တယ်... ;)
ReplyDeleteအဲဒါပေါ့ နှစ်လုံးတည်းနဲ့ ဘောင်းဘီကျပ်ဆိုတာ... သေနတ်ကိုင်မှသတ္တိရှိတဲ့ ဘောင်းဘီဝတ်တဲ့သူတောင်းစားတွေအတွက်ပြောထားတာ။ ကိုယ့်မြန်မာစကားတောင် ကိုယ့်ဘာသာရှုပ်နေကြတယ်။
ReplyDelete7 တန်း ၈ တန်းအောင်ရုံနဲ့ တပ်ထဲဝင် သေနတ်ကိုင် ယူနီဖောင်းတကားကားနဲ့ လမ်းသလားပြီးတော့ ပြည်တွင်းက ပညာတတ်လူတန်းစားတွေကို တတ်ယောင်ကားနဲ့ ဘယ်ကောင်တွေ ဘယ်ဒင်းတွေ ဆရာကြီးစတိုင်ဖမ်းပြီး အမိန့်ပေးနေတယ်ဆိုတာ လူတိုင်းသိပါတယ်။ ပြည်ပက ဝေဖန်နိုင်တဲ့အဆင့်ပဲရှိတယ်။ ပြည်တွင်းမှာက ဘာမှ မတတ်တဲ့ အာဏာရူးတွေ ရေဗူးပေါက်တာ မသိ ရေပါတာပဲလိုချင်တယ်ဆိုပြီး စီမံကိန်းအတိုင်း အကောင်အထည်ဖော်လိုက်တာ ပညာတတ်တွေက ရှုရှု ထည့်ပေးလိုက်လို့ ဘာမှန်းညာမှန်းမသိဘဲ သောက်နေကြတယ်မှတ်လား။
ReplyDeleteတကယ်သိ တကယ်တတ်တဲ့ ပညာရှင်တွေကို ပြည်တွင်းမှာ ဘယ်လိုကောင်စားတွေက ဂုပ်ခွစီးပြီး နိုင်ထက်ကလူပြုနေတယ်ဆိုတာ ထမင်းစားတတ်တယ်ဆိုရင် စဉ်းစားတတ်ပါတယ်။ ဆင်ခြင်လိုက်ပါဦး။