Friday, February 26, 2010

MIDEA ဖြင့် အဆိပ်လူးမြှားအဖြစ် ပစ်သောနည်းလမ်း..

တော်လှန်ရေး အပြောင်းအလဲ တခုခုအား..ချဉ်းကပ်ပူးသတ်ကြမယ်ဆိုရင်.
ကျနော်..နားလည်သလို ဆွေးနွေးပါရစေ။

ကျွန်တော်တို့လက်လှမ်းမှီသလောက် လေ့လာထားတာကတော နိုင်ငံရေး အပြောင်းအလဲအားလုးံဟာ အဖွဲ့စည်းတွင်း၊ ပြည်တွင်း ဒေသတွင်း ကဘဲ လာပါတယ်။ ပြည်ပလုပ်ရှားမှုကတော့ အထောက်ပံ့ဖြစ်ပါတယ်။ ဥပမာနှစ်ခုပေးပါရစေ။

ပထမတခုကတော့ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်းပါ။ဘယ်သူကမှစစ်ရေးအရ၀င်ရောက်ဖြိုခွဲခဲ့တာ မဟုတ်ပါ ဘူး။ သူတို့ဟာသူတို့ ကွန်မြူနစ်စနစ်ကို မယုံကြည်တော့တာကနေစတင်ပြိုကွဲတာပါ။ ဆိုဗီယက်ပြိုကွဲတဲ့အချိန်မှာအတိုက်ခံပါတီဆိုတာတောင်မရှိပါဘူး။

ဒုတိယဥပမာကတော့ဖက်ဆစ်တော်လှန်ရေးပါ။ဖက်ဆစ်တည်ထောင်ပေးခဲ့တဲ့တပ်မတော်ကဖက်ဆစ်ကိုပြန်တော်လှန်တာပါ။ ဖက်ဆစ် တော်လှန်ရေးမှာ စစ်တပ်၊ ပြည်သူနဲ့ သံဃာလက်တွဲညီခဲ့ကြပါတယ်။
အခုလက်ရှိချိန်မှာ ကျောင်းသား၊ပြည်သူ၊သံဃာအားလုးံပါနေပါပြီ။တပ်မတော်သားတွေဘဲကျန်ပါတော့တယ်။ ဆိုတော့ တပ်မတော်သားတွေကို ဘယ်လိုစည်းရုးံမလဲဆိုတာကို အလေးအနက်ထားစဉ်းစားသင့်ပါတယ်။ လူတစ်ယောက် လက်ထဲကို ဒုတ်ထဲ့ပြီးရိုက်ခိုင်းတာထက်သူ့ ဟာသူ ဒုတ်ရှာပြီး ရိုက်တတ်လာအောင် လုပ်ပေးသင့် ပါတယ်။

အဲဒီအတွက်စစ်သားတွေကိုကျွန်တော်တို့ပညာပေးစည်းရုးံရပါမယ်။စစ်တပ်ပါမှသာ နောက်ဆုးံတိုက်ပွဲပြီးမှာပါ။ ဘာလို့လဲဆိုရင် သူတို့ဘဲလက်နက်ရှိလို့ပါ။ ပြည်တွင်းအတိုက်ခံ အင်အားစုဆိုတာ သန်းရွှေအတွက် ကတော့ခြံထဲကကြက်ပါဘဲ။ ဖမ်းတာဆီးတာလောက် မပြောနဲ့မြို့လယ်ခေါင်မှာတင်ရိုက်သတ်နေတာ တကမ္ဘာလုံးအမြင်ပါ။ဒါကြောင့်ကျွန်တော်တို့ တတ်နိုင်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ တိုက်ဖို့ဘဲရှိပါတယ်။

စစ်တပ်ရဲ့ကိုစည်းရုးံဖို့လက်ရှိအခြေနေကိုကျွန်တော်တို့လက်လှမ်းမှီသလောက်တင်ပြရရင်စစ်တပ်ထဲမှာသွေးခွဲအုပ်ချုပ်ရေးကိုကျင့်သုးံပါတယ်။ဆရာမွေး၊တပည့်မွေးစနစ်ပါ။ ဒါကြောင့်လက်ဆုပ်စာလူတစ်စုကသာအနေစားချောင်ပါတယ် ။ပြီးတော့ လာဘ်စားတာကိုဒေါက် တိုင် အဖြစ်သုးံပါတယ်။ ကြည်နေရင်ဝေစားမျှုစားလုပ်ပြီး၊ မကြည်ဖြူရင်ပြစ်မှုတစ်ခုအနေနဲ့မြေလှန်ပြစ်ပါတယ်။ ဒါကြောင့် အနေစားကျပ်ပြီး စားခွက်လုဖို့ရန်စောင်နေတဲ့အရာရှိတွေဒူ နဲ့ဒေးပါ။

အောက်ခြေအရာရှိတွေနဲ့ရဲဘော်တွေမှာအသိညဏ်နည်းလှပြီးအကြောက်တရားက သူတို့ကိုကြီးဆိုးပါတယ်။ ကြွေးတာစား၊ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ဆိုတဲ့ အတွေးအခေါ်တွေကို သွေးထဲရိုက်သွင်းခံထားရတဲ့သူတွေပါ။ ရွှေဝါေ၇ာင်တော်လှန်ရေးတုန်းကဆိုရင် နည်းဗျုဟာမှုး တွေဟာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ဆင်းပြီး ဆန္ဒပြနေတာဘုန်းကြီးအစစ်တွေမဟုတ်ဘူး။ အမေရိကန်တွေက ပိုက်ဆံပေးပြီး ခိုင်းထားတဲ့ ဘုန်းကြီးတုတွေ ဆိုပြီးရှင်းလင်းပွဲတွေလိုက်လုပ်ပါ တယ်။ ရဲဘော်တွေကလည်း တကယ်ထင်ပြီးလက်ရဲဇက်ရဲဖြစ်ကုန်တာပါ။

စည်းရုးံဖို့စဉ်းစားမိတဲ့နည်းသုးံနည်းကရေဒီယို၊အင်တာနက်နဲ့ရုပ်သံမှတ်တမ်းအခွေတွေပါ။ဒီထဲကရုပ်သံမှတ်တမ်းခွေဟာအသင့်တော်ဆုးံလို့ထင်ပါတယ်။ဘာကြောင့်လဲဆိုရင်

ရေဒီယို

အချိန်ကန့်သက်ချက်ရှိတယ်။လွှင့်တဲ့အချိန်ဘဲနားထောင်လို့ရတယ်၊လူအများနဲ့စုနေတဲ့တပ်ထဲလိုနေရာမျိုးမှာနားထောင်သူတောင်အန္တယ်ရှိတယ်။တပ်ထဲမှာပြည်ပအသံလွှင့်ရေဒီယို နားမထောင်ရလို့အမိန့်ထုတ်ထားတယ်။

အင်တာနက်

လူနည်းစုအရာရှိတချို့သာသုးံခွင့်ရပါတယ်။ တပ်ထဲမှာလွပ်လပ်စွာသုးံဖို့ဆိုတာမဖြစ်နိုင်သလောက်ပါ။ ရဲဘော်တွေဟာ အင်တာနက်ဆို တာ ဘာမှန်းတောင် မသိကြပါဘူး၊

ရုပ်သံမှတ်တမ်း


သန်းရွှေသမီးမင်္ဂဆောင်ခွေကိုကြည့်ပါ။တပ်ထဲထိတောင်ပေါက်ပါတယ်။စိတ်လည်းဝင်စားကြပါတယ်။ စပ်စုခြင်တာရယ်၊ လုံခြုံမှုရှိတာ ကြောင့်ပါ။ တခါးပိတ်ပြီးကြည့်လို့ရတော့ကြည့်ရဲကြတယ်။ ဒါကြောင့်ဒီနည်းလမ်းဟာ ထိရောက်မှုနဲ့ အပျံ့နှံ့နိုင်ဆုးံနည်းလမ်းဖြစ်မယ် လို့ယူဆပါတယ်။

ရုပ်သံမှတ်တမ်းမှာလည်းဓါတ်ပုံ၊အချက်လက်များ၊ ဗီဒီယိုများနဲ့ဝေေ၀ဆာဆာတင်ပြနိုင်ရင်ပိုကောင်းမယ်ထင်ပါတယ်။ဥပမာအားဖြင့်

၁။မြောက်ကိုရီးယား
အာဇာနည်ကုန်းကိုမြောက်ကိုရီးယားတွေဗုးံခွဲပြီးပြည်သူလူထုကို မတောင်းပန်ဘဲစစ်အစိုးရက သူ့သဘောနဲ့ သူပြန်ဆက်ဆံနေတာကို အာဇာနည်ကုန်းဗုးံပေါက်ပြီးကာစ မှတ်တမ်းဗီဒီယိုအထောက်ထားတွေ၊ ဖမ်းမိတဲ့မြောက်ကိုရီးယားတစ်ယောက် အကြောင်း၊ ရွှေမန်းခရီးစဉ် ဓါတ်ပုံများ နဲ့တင်ပြချင်းများ။

၂၊မညီမျှခြင်းများ

ဗိုလ်ချုပ်တွေရဲ့အိမ်များ၊စီးပွားရေးလုပ်ငန်းများနဲ့တခြားပိုင်ဆိုင်မှုတွေကိုဗီဒီယိုဖြင့်တင်ပြ ပြီးရဲဘော်တွေဟာ နိုင်ငံတာဝန်မထမ်း ဆောင်ရ ဘဲ ခြံရှင်း၊ မြက်ခုတ်၊ခြံစောင့်ကျွန်ဖြစ်မှန်းမသိဖြစ်နေကြရပုံများ။
မြန်မာနိုင်ငံသားများ အိမ်နီးခြင်းနိုင်ငံတွေမှာဆင်းရဲဒုက္ခပေါင်းဆုံနဲ့ရရာအလုပ်လုပ်ပြီး အနှိမ်ခံနေရပုံတွေကို တွေ့ဆုံမေးမြန်းခန်းများနှင့် တင်ပြခြင်းမျိုးများ။ ကားနောက်ခန်းမှာခိုးလိုက်ရင်းအသက်ရှုကြပ်သေကြတဲ့ကိစ္စမျိုးတွေကိုဓါတ်ပုံတွေနဲ့တင်ပြနိုင်ပါတယ်။

ဗိုလ်ချုပ်တွေဖွင့်ထားတဲ့စားသောက်ဆိုင်တွေမှာ မြန်မာမိန်းကလေးတွေပျော်တော်ဆက်ဖြစ်နေရပုံ၊ စီးပွားရေးကျပ်တည်းမှုကြောင့် မိန်းကလေး အများစုခန္ဓာရင်းရှာစားရပုံတွေလည်း ထည့်သင့်ပါတယ်။

ရန်ကုန်မြို့မှသူတောင်းစားများစွာကိုလည်းဗိုလ်ချုပ်တွေရဲ့အဆီယစ်မှုတွေနဲ့လည်းတင်ပြနိုင်ပါတယ်။ တစ်နှစ်ကို ဒေါ်လာသောင်းကျော် ပေးရတဲ့သူတို့မြေးတွေတက်တဲ့ကျောင်းတွေပုံ၊ပြည်သူ့ဆေးရုံများအခြေနေနှင့်သူတို့မိသားစုများမကြာခဏသွားရောက်ကုသလေ့ရှိတဲ့စင်္ကာပူကဆေးရုံများပုံနဲ့ကုန်ကြစရိတ်များကိုလည်းနှိုင်းယှဉ်တင်ပြနိုင်ရင်ကောင်းမှာပါ။

နောက်တစ်ခုကတော့ရန်ကုန်မြို့မှာ မကြာခဏတွေ့ရတတ်တဲ့ခြေပြတ်၊ လက်ပြတ်ရဲဘော်များဆင်းရဲကြီးစွာ သွားလာ၊ရုန်းကန်နေရပုံ။ စစ်သား တွေအသက်နဲ့ရင်းပြီးတိုက်ခဲ့တာ ဗိုလ်ချုပ်မိသားစုတွေ အတွက်၊ တိုင်းပြည်အတွက်မဟုတ် ဆိုတာသိအောင်လုပ်ပေးရပါမယ်။
အထူးသဖြင့်ဝကိစ္စပါ။ ၀တွေနဲ့စီးပွားရေးလုပ်နေတာ စစ်ခေါင်းဆောင်တွေပါ။ ရန်ကုန်မြို့ကဗိုလ်ချုပ်အိမ်တွေကိုဒေါ်လာပေးပြီး ငှါးနေတာ လည်း ၀တွေပါ။ ဗိုလ်ချုပ်တစ်စုကရသမျှ ကျုံးယူပြီး ရဲဘော်တွေကိုအသေခံခိုင်းတာပါ။ ရဲဘော်တွေကိုကျွန်လို သဘောထားတယ်ဆိုတာ အောက်ခြေရဲဘော်တွေသိလာအောင်ပညာပေးရပါမယ်။

ဒို့တာဝန်အရေးသုးံပါးလို့အားတိုင်းအော်နေတဲ့ နအဖခောတ်ကြမှပြည်ထောင်စုကြီးပြိုကွဲပါတယ်။ ၀တွေက နှစ်ပတ်လည်ဖိတ်စာမှာတရားဝင် ကြေငြာထားပါတယ်။ အဲဒီကိစ္စ ကိုအများပြည်သူသိအောင် မီးမောင်း ထိုးပြသင့်ပါတယ်။ ယိုးဒယားမှာစီးပွားရေးအကျပ်တည်းတုန်းက ဘုရင့်မိသားစုနဲ့ နိုင်ငံ ခေါင်းဆောင်တွေက ဦးဆောင်ပြီးရွှေတွေလှုခဲ့ပုံနဲ့၊ နာဂစ်မှာတော့ဗိုလ်ချုပ်တွေလက်တွန့်နေပုံ၊ သန်းရွှေသမီး မင်္ဂလာဆောင်မှာ တော့ အလုယက်လက်ဖွဲ့ပုံတွေကိုနှိုင်းယှဉ်တင်ပြသင့်ပါတယ်။

နောက်ပြီးနေရာတကာမှာတွေ့နိုင်တဲ့အထူးသဖြင့်လက်ဘက်ရည်ဆိုင်တွေရှိကလေးအလုပ်သမား၊ရထားလမ်းတလျှောက်ရေရောင်းစားနေရသောကလေးများ၊အသက်မပြည့်ကလေးအလုပ်သမားများပုံတွေကိုပြသပြီးဒါတွေဟာစစ်အစိုးရရဲ့အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့်၊ လာဘ်စားမှုတွေကြောင့်ဆိုတာရဲဘော်တွေနားလည်လာအောင်တင်ပြသင့်ပါတယ်။ စစ်သားတွေလက်ထဲရောက်ဖို့ကတော့ နယ်စပ်က တပ်တွေကိုစဖြန့်သင့်ပါတယ်။ နယ်စပ်မှာက ပိုပြီးလွတ်လပ် တယ်လေ။

လေးစားစွာဖြင့်

ရန်နောင်

မှတ်ချက်။ ။
အမှန်က ကျော်ဆန်း ပါးစပ် အမြုပ်ထွက်အောင် ပြောပြောနေတဲ့ မီဒီယာတိုက်ပွဲ ဆိုတာ ဒါပါဘဲ။ မီဒီယာကို သူတို့  အင်မတန် ကြောက်ကြပါတယ်။. မီဒီယာက သာလျှင်..တဖြေးဖြေး လူတွေရဲ့စိတ်ကို မြှားတချောင်းလို ထိုးဖောက်ပြီး..လူးထားတဲ့အဆိပ်လို..တဖြေးဖြေး စိမ့်ဝင် ပြောင်းလဲ အဆိပ်တက်စေတာပါ. ဒါကြောင့် နအဖ ကြောက်လန့် တကြီး..BBC ညာနေ VOA လိမ်နေ..DVB ကို မကြည့်ရန်..ပြည်ပမီဒီယာတွေဟာ ပြည်ပအားကိုး..အလိုမရှိ ဘာညာ အတင်းကြီး ဒိုင်းနဲ့  ပြန်ကာနေတာပါ။
ဒါပေမဲ့ အမှန်တွေ ကိုတင်ပြထားတဲ့ BURMA VJ ဗီဒီယို ကတော့ တကမ္ဘာလုံးက ကြည့်ရတဲ့ အော်စကာဆန်ကာတင် အဆင့်တောင်ရောက်..မတ်လဆန်းမှာ ကျင်းပမဲ့ အော်စကာသာ ရလို့ကတော့ မြန်မာ စစ်အစိုးရ..ဘာလည်း..ဘယ်လည်း လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပါပြီ..]ဤ အချက်တွေ ကို ကြည့်ပြီး..စစ်တပ်သည်..ဖြိုရခက်သော အခိုင်အမာ တည်ဆောက်ထားသော တံတိုင်းကြီးတခုမဟုတ်ပါ။ အုတ်များစီထားသော အုတ်ပုံကြီးတခုသာဖြစ်ပါတယ်။ အုတ်ပုံအတွင်းက အုတ်တချပ်ကို..ရအောင်ချေမွထုတ်နိုင်တာနဲ့ ..တဖြေးဖြေး..သူ့  အပေါ်က အလေးချိန်နဲ့  ပြိုကျ ပျက်စီးမှာပါ။

နအဖ ခိုးရငွေတွေ ဟာ စစ်တပ်က ရှိသမျှ လူအားလုံးကို..ကြွေးထားနိုင်ခြင်းမရှိပါ. သူတို့ ကိုယ်တိုင် ရသလောက် ဆိုင်ရာပိုင်ရာ ခိုးစားနေတာကြောင့် အောက်ခြေ ရဲဘော်လေးတွေ ခမျာ..ဆင်းရဲငတ်ပြတ်နေတာပါ။. ဒါကြောင့် ကျနော်တို့  တော်လှန်ရေးအတွက် စဉ်းစားသုံးသပ် ချဉ်းကပ်တဲ့အခါ...အောက်ခြေမှ ထွင်းဖောက်စိမ့်ဝင်တဲ့ ငါးကြင်းဆီနဲ့  ငါးကြင်းကြော်တဲ့နည်းကိုသုံးသငိ့ပါတယ်..
သတင်းဃာနတွေ က မှတ်တမ်း တွေ BURMA VJ စသည်ကို ကူးယူ အလကားဖြန့် ဝေပေးရင်..နောက်ကျ တဖြေးဖြေး အချင်းချင်း လက်တို့ ပြီး စစ်ဖက်နယ်ဖက် အရပ်ရပ်..အိမ်တိုင်းရောက်သွားစေ အတွေးအခေါ်တွေ ဖြန့် သွားစေမှာပါ။

ဖမ်းသော ရဲ စစ်သား အရာထမ်း အမှူထမ်း ကြံ့ဖွတ်များ စွမ်းအားရှင်များပင်လျှင် ...ဤသို့  တားဆီး မကြည့်ရ..VIDEO DVD ဖမ်းမိရင်..အတွင်းဘာပါလည်း သိပ်သိချင်တာပါ. တိတ်တဆိတ် အိမ်သယ် ဖွင့်ကြည့်ကြမှာပါ။ သူတို့  ကိုယ်တိုင် မျက်မြင်မှ..သူများတွေကို တိတ်တိတ် လက်ကမ်းပါတယ်။ သူတို့ ကတဆင့် အမျိုးတွေ တယောက်က တဆင့် ၁၀၀ ၁၀၀၀ ၁၀၀၀၀ ပွါးကုန်တာပါ။ လူဆိုတာ..မကြည့်ရဖူး တားရင် ရအောင်ကြည့်ချင်တာထုံးစံပါ။
MEDIA နဲ့  အတွေးအခေါ် ကို အနီးကပ်ဆုံး ပူးသတ်နိုင်ပါကြောင်း..တဦးတယောက်ချင်းဆီက..တာဝန်ယူ စည်းရုံးတဲ့ အခါ အောင်မြင်မှာဖြစ်ပါကြောင်း..

အာဇာနည်များ

5 comments:

  1. တပ်မတော် အစိုးရကို ဆန့် ကျင်သူများက နည်းလမ်းပေါင်းစုံနဲ့  အမျိုးမျိုးဟန့် တား နှောင့်ယှက် ဖျက်ဆီးနေတဲ့ ကြားထဲက ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံကို ပြည်သူလူထုက ၉၂ .၄၈ ရာခိုင်နှုံးနဲ့  အတည်ပြု ခဲ့တာဟာ ရွေးကောက်ပွဲ လုပ်ပြီး အရပ်သား အစိုးရအဖြစ် ပြောင်းလဲပေးမဲ့ တပ်မတော် အစိုးရဘက်က ပြည်သူလူထုက ရပ်တည်ပြလိုက်တာဘဲ။ နည်းလမ်းတွေကလဲ နောက်ဆုံးပြည်သူ လူထုကို လမ်းမပေါ်တင် ဆန္ဒပြ အသေခံခိုင်း ပြီးရင် အာဏာကို ဖြတ်လမ်းကယူမဲ့ နည်းလမ်းဘဲ ဖြစ်နေတော့ ပြည်သူလူထု အနေနဲ့  စိတ်မ၀င်စားတော့ပါ။ အူမတောင့်ပြီး လူတန်းစေ့နေနိုင် ဖို့ဘဲ စိတ်ဝင်စား နေကြတာ လူတိုင်းအသိ။

    ReplyDelete
  2. ထွန်းလင်း..မင်းကို ငါစောင့်ကြည့်နေတယ်။ သတင်းစာထဲက အရှက်မရှိ၊သိက္ခာမဲ့ဝတ်လစ်စလစ် ကြော်ငြာတွေ ဒီဘလော့မှာ လာကူးရေးလို့ မရဘူး။ သောက်ရှက်မရှိ ဗြောင်လိမ်ဗြောင်စား အုတ်ကြားမြက်ပေါက်တွေ ငါတို့ ဘလော့စာဖတ်သူတွေကလက်မခံဘူး။ ဆောရီးပဲ....

    ReplyDelete
  3. ဘယ်သူကောင်းသလဲတော့မသိဘူး..အမှန်ချစ်ကတော့
့ပေးလိုက်တယ်...ကိုတွေချစ်စရာတောင်မလိုဘူး...
    ဘယ်လောက်သက်သာသလဲ...မချစ်ရင်လဲမိသားစုက
့နေစရာမရှိဖြစ်သွားမှာလေ ... စတီးလက်ကောက်
    ကတောင်အပိုပါသွားနိုင်တယ်လေ...

    ဦးသန်း ....ပဲာပဲာ ထွန်းပါ....

    ReplyDelete
  4. ၂၀၁၀ခုနှစ်မှာလုပ်မဲ့ ရွေးကောက်ပွဲ အပြီး စစ်အစိုးရ မဟုတ်တော့ရင် မြန်မာပြည် ပိုမိုတည်ငြိမ် အေးချမ်းပြီး ဘက်စုံတိုးတက် လာမှာကို မမြင်လိုသူတို့ နဲ့  လက်ပါးစေတို့  ရဲ့  အကြိမ်ကြိမ် ကြိုးပမ်းပြီးခဲ့တဲ့ မအောင်မြင်ခဲ့ နည်းလမ်းတွေပါ။ ပြည်သူတွေနဲ့  ပြည်သူတွေရဲ့  သားသမီးဖြစ်တဲ့ တပ်မတော်သားတွေက ၀င်အသေခံ ပေးမှာမဟုတ်။ တစ်ဦးချင်း တစ်ဖွဲ့ ချင်း အရည်အချင်း ရှိအောင်သာလုပ်။ ၇၅ ရာခိုင်နှူံး ရော ၂၅ ရာခိုင်နှူံး ရော က မှန်ကန်ပြီး အရည် အချင်း ရှိဖို့  လိုတယ်။ ။ ပြည်သူတွေက ရွေးကောက်ပွဲမှာ ဆုံးဖြတ်လိမ့်မယ်။ မျက်နှာလိုက်မည် မဟုတ်။

    ReplyDelete
  5. စစ်တပ်၊ စစ်သား ဆိုကတည်းက ဘာလုပ်ဖို့ လဲဆိုတာ လူတိုင်းသိပြီးသား။ သိပ်မဝေးနဲ့ ကွ။ ပိုက်ဆံမျက်နှာတစ်ခုတည်း ကြည့်မနေကြနဲ့ ....ကိုယ့်တိုင်းပြည်အတွက်လည်း ကိုယ်ကြည့်ကြအုံး ကျွန်တွေရဲ့ ။

    ReplyDelete