ရန်ကုန်မြို့ သင်္ကြန်အကြတ်နေ့ တွင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူများတွင် လူလတ်ပိုင်းနှင့် အသက်ကြီးသူအများဆုံးပါဝင် ကြောင်း သတင်းရရှိပါသည်။
သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း (ကန်ရိပ်သာလမ်း) ပေါ်ရှိ X2Oရေကစားမဏ္ဍပ်ရှေ့တွင် ဖြစ်ပွားခဲ့သော ဗုံးသုံးလုံးပေါက်ကွဲမှုကြောင့် လူ (၈)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၁၇၀)ဦး ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
ဧပြီလ ၁၆ ရက်နေ့အထိ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၁၆ ဦး ဒဏ်ရာမှသက်သာ၍ ဆေးရုံမှ ဆင်းသွားခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် အမျိုးသား ၈၆ ဦး၊ အမျိုးသမီး ၂၉ ဦး ရန်ကုန်ဆေးရုံကြီး၌ ဆက်လက် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။
သေဆုံးသူရှစ်ဦးတွင် အသက်အကြီးဆုံးမှာ ၆၇ နှစ်ဖြစ်ပြီး အငယ်ဆုံးမှာ ၂၄ နှစ် ဖြစ်ကာ ကျန်သေဆုံးသူများမှာ အသက် ၃၀ ကျော်နှင့် ၄၀ကျော်များဖြစ်ကြောင်း သိရှိရပါသည်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ကြရသူများ
အမည် အသက် နေရပ်လိပ်စာ
ဒေါ်နီနီသိန်း ၆၇ မင်္ဂလာတောင်ညွန့်မြို့နယ်
ဦးခင်မောင်လေး ၆၁ မင်္ဂလာတောင်ညွန့်မြို့နယ်
ဒေါ်ဌေးဌေးရီ ၄၅ တောင်ဥက္ကလာပမြို့နယ်
ကိုကြင်အောင် ၃၇ ဗဟန်းမြို့နယ်
မသီတာပြုံး ၃၅ သင်္ကန်းကျွန်းမြို့နယ်
ဦးသန့်စင်သိန်း ၃၂
မင်္ဂလာတောင်ညွန့်မြို့နယ်
ကိုအောင်ကိုကိုမောင် ၃၀ မင်္ဂလာတောင်ညွန့်မြို့နယ်
ကိုစိုးဝင်း ၂၄ မင်္ဂလာတောင်ညွန့်မြို့နယ်
http://www.news-eleven.com/index.php?option=com_content&view=article&id=2715:2010-04-17-14-28-54&catid=42:2009-11-10-07-36-59&Itemid=112
ကျန်းမာရေးဝန်ကြီးနှင့်အဖွဲ့ သည် ရန်ကုန်ပြည်သူ့ ဆေးရ.ုံကြီး တွင် ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိကြသူလူနာများအား ကုသမှု ပေးနေသည့် ထိခိုက်ဒဏ်ရာခွဲစိတ် ကုသဆောင်၊ ရင်ခေါင်းခွဲစိတ်ကု ပညာဌာန လူနာဆောင်၊ အထွေထွေခွဲ စိတ်ကုသဌာန လူနာဆောင်၊ အထူးကြပ်မတ်ကုသခန်း နှင့် ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသဆောင်တို့က လူနာတစ်ဦး ချင်းစီအား လိုက်လံကြည့် . ရှုကြပြီး အားပေးစကားပြောကြားကာ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးခဲ့သည်။
ReplyDeleteဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိကြသည့် လူနာများအတွက် ဓမဒူတအရှင်ဆေကိန္ဒက လှူဒါန်းငွေကျပ် ၁ဝသိန်း၊ ရန်ကုန်တိုင်း အေးချမ်းသာယာရေး နှင့် ဖွံဖြိုးရေးကောင်စီက လှူဒါန်းသည့် ငွေကျပ် သိန်း ၂ဝ၊ ရန်ကုန်မြို့တော်ဝန် က အလှူငွေကျပ် ငါးသိန်း၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်က အလှူငွေကျပ် ၅၅သိန်း၊ Air Bagan သင်္ကြန်မဏ္ဍပ်မှ အဆိုတော်များနှင့် Air Bagan မှ ဝန်ထမ်းများက အလှူငွေကျပ် ၁၁၁သိန်း၊ T- Home က အလှူငွေကျပ် ၁၁သိန်း၊ ရန်ကုန် တိုင်း/ ခရ.ိုင်/ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းက လှူဒါန် ငွေကျပ် ၁ဝသိန်း၊ ဒေါ်အေးအေးခန့် မိသားစုက အလှူငွေကျပ် ၆သိန်း၊ ကျန်အလှူရှင်များက အလှူငွေများ၊ စားသောက်ဖွယ်ရာ များနှင့် ပံ့ပိုးကူညီမှုများဆောင်ရွက် ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ကြီး ဌာနကလည်း လူနာများအတွက် လိုအပ်သော ဆေးနှင့် ဆေးပစသည်း များကို အခမဲ့ ပံ့ပိုး ဆောင်ရွက်ပေး လျက်ရှိသည်။
၁၈-၄-၂ဝ၁ဝ ကြေးမုံသတင်းစာ စာမျက်နှာ (၁၁) မှ
www.edenmyanmar.org
ReplyDeletemyo thein
နိုင်ငံတော် အကြီးအကဲဆိုသော လူမသမာများ လူနာကို အားမပေး ငွေမလှူ ဘယ်များ..ရောက်နေပါသလဲခင်ဗျာ..
ReplyDeleteဗုံးကွဲခံရမှာစိုးပြီး..အိုဘားမားစီးမဲ့ကားမျိုးဝယ်ရန်.ဖင်ဗူးတောင်းထောင် ကြိုးစား အိမ်မက်မက် နေပါကြောင်း...