လူထုစကား နားထောင်ရန် မကြောက်ရွံ့သင့်ကြောင်း သမ္မတဘုရှ်က မြန်မာစစ်အစိုးရကို တိုက်တွန်း
အမေရိကန်ပြည်ထောင်စုကို အလည်အပတ်ရောက်နေတဲ့ စင်္ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂိုချောက်တောင် (Goh Chok Tong) နဲ့ အမေရိကန် သမ္မတဘုရှ်တို့ ဆွေးနွေးပွဲအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အမေရိ ကန် သမ္မတဘုရှ်က
“ မြန်မာစစ်အစိုးရ အနေနဲ့ ပြည်သူလူထုရဲ့အသံတွေကို မကြောက်သင့်ဘူးဆိုတာ ပြောခဲ့ပါတယ်။ ဒီကနေ့ အချိန်ထိ ရှိနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ကျနော် စိတ်ပျက်မိပါတယ်။ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲပြီး လူထုရဲ့ဆန္ဒကို တုန့်ပြန်ဖို့ စစ်ခေါင်းဆောင်တွေ ကို တိုက်တွန်းပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
စင်္ကာပူအကြီးတန်းဝန်ကြီး မစ္စတာ ဂိုချောက်တောင်ကတော့ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းရာမှာစစ် ဘက်ဟာ အဖြေရဲ့ တစိတ်တပိုင်းဖြစ်ရမယ်လို့ မြန်မာစစ်တပ်ရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုး ပြောဆိုခဲ့ပါ တယ်။
“မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်တပ်ဟာ ပြဿနာဖြစ်နေသလို အဖြေရဲ့ တစိတ်တပိုင်း ဖြစ်ရမယ် ဆိုတာ သမ္မတကို ကျနော်ပြောပါတယ်။ မြန်မာနိုင်ငံက ပြဿနာ တွေ ဖြေရှင်းရာမှာ စစ်တပ်က တစိတ်တပိုင်း မပါဝင်ဘဲနဲ့ အဖြေဆိုတာ မရနိုင်ပါဘူး။” လို့ မစ္စတာဂိုချောက်တောင်က ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ စင်္ကာပူဝန်ကြီးချုပ်ဟောင်းက အမေရိကန်သမ္မတဘုရှ်နဲ့ မြန်မာ့အ ရေး ဆွေးနွေးခဲ့သည့်ပြင် အလားတူ သြစတြီးယားသမ္မတ Heinz Fischer နဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပါဝင်တွေ့ ဆုံ ဆွေးနွေးကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာ တရားဝင် ဖော်ပြထားပါတယ်။
သတင်း http://www.voanews.com/burmese/2008-04-10-voa1.cfm

No comments:
Post a Comment