Wednesday, May 21, 2008

ဝမ်းနည်းတယ်ဆိုတာ အလံတဝက်ထူရုံကလေးဘဲလား...


မင်းကြောင်ချေးကြီးက..မုန်တိုင်းကြောက် သစ်ခေါင်းထဲပုန်းနေရာက အပြင်ထွက်လာပြီး လေဘေးဒုက္ခသည်အတုတွေ..လေဘေးဒုက္ခသည်ဆေးခန်းအတုတွေ..လေဘေးဒုက္ခသည်စခန်းအတုတွေ..ကိုလျှောက်ကြည့်ပါတယ်။ ဖြစ်ပြီး ၂ပတ်ကျော်မှ အပျင်းပြေ လည်လည်ထွက်တာပါ။

ပြီးတော့ ဒုက္ခသည်တွေ ကြည့်ပြီး.ဝမ်းနည်း လွန်းအားကြီးပြီး နိုင်ငံတော် အထိမ်းအမှတ် အနေနဲ့ ဝမ်းနည်းခြင်း (၃) ရက်ပါတဲ့ အလံတိုင်ဝက် ထူမယ်ပြောပါ တယ်။ ကျန်ရစ်သူ မုဆိုးမတွေ မိဘမဲ့တွေ..တမင်းကျွေးမယ် မပြော ပါ။ အမှန်ကျ စိုးဝင်းသေတော့ (၁) ရက်ရုံးပိတ်၊ ငါသေလည်း တိုင်ဝက်ထူ ရုံးပိတ်ဖို့ မမေ့နဲ့ ဆိုတာသ တိပေး တာပါ။ သူလည်း နီးနေပြီလေ..။ မကြာတော့ပါဘူး။ လမ်းလျှောက်တာတောင် လှုပ်စိစိ ကလေးဘဲ။

သူရဲ့ ခလေးစစ်တပ်ကြီး အင်အားကြီးလွန်းလို့ တော်လှန်ရေးနေ့ တောင်..စစ်ဆေးတာ လမ်းတောင် မလျှောက် နိုင်လို့  လီမို ကားပေါ်မှာ မိုးတိုး မတ်တတ်ကြီး.တပ်အလေးပြုခံရဲတာ..ကမ္ဘာပေါ် သူတယောက်ဘဲရှိတာပါ။

ကဲ ခုတော့..အေစီယံကို လက်ဖြန့်  အလောင်းပြဆန်တောင်းတာ..မရှက်.
ကမ္ဘာဘဏ်ကလည်း အကြွေး ရတောင် ဆင်တောင်ဝယ်မဲ့ ဗမာလူမျိုး ။ ငွေချေးပြီးလည်း ငါ့ လက်ထဲရရင် ပြီး ရော..ပြန်လည်း မဆပ်ချင်။ လက်ကလည်း ခက်။ ကလိမ်ကကျစ်နဲ့  ဒေ၀ါလီ ကလည်း ခံလိုက်သေးရဲ့ .။ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ ဆိုပြီး။ အခုတော့ ကမ္ဘာဘဏ်ကလည်း စာတတ်သွားပြီ။ သန်းရွှေကြွေးထားတဲ့  အတုံး ပေါင်းကလည်း မနည်းတော့။
" ဟေ့ ကောင်..တော်တော်..
မျက်စောင်းလာထိုးမနေနဲ့ ..ကြွက်တွင်းလို ဖြည့်လို့မဆုံး။ ပြည်သူ့ ပစ္စည်း ဘုံးတဲ့ လူတွေ။ အရင် အကြွေးတွေ မကျေ..ဘာမှ တပြားတချပ် ထပ်မရဘူး.နအဖ တွေ ကြွေးက အထပ်ထပ်.။ ပေးရမဲ့အချိန် ကျ ရုးသလို ပေါသလို။ ဆပ်မဲ့ ရှင်ဘုရင်က မရှိဘူး.။
ကမ္ဘာပေါ်မှ..ငပွကြီး။ ဆန်မရှိ..သောက်စားကြီးတဲ့အကောင်။ မင်းကိုပေးမဲ့ အစား သူတောင်းစား ပေးတာမှ ချွင်ကနဲမည်ဦးမယ်။ ပျင်းသေးတယ် နအဖရယ်
" တဲ့။ ကမ္ဘာဘဏ်က သပိတ်မှောက်တယ်။..

အော် သန်းရွှေ သန်းရွှေ ..လူယုတ်ကြီး နံမည်ကျော်လှပါပေ၏။
လူနှစ်သိန်း..ကျွဲ နှစ်သိန်း..သေပြီး ၂ ပတ် အရိုးကျ ခါမှ လာ လွမ်းပြနေ၏။
မိချောင်း၏ မျက်ရည်...အားလုံးဟန်ပြတွေ..

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်