Thursday, May 1, 2008

ကိုခန့်မောင်၏ မုန်တိုင်းသတင်း ( Cbox မှ)update


မုန်တိုင်း အထူးသတင်း
နာဂစ်မုန်တိုင်းသည် လောလောဆယ်တွင် လတ်15.8 နှင့် လောင် 91.2 မထင်မှတ်ပဲ အရှေ့သို့ဆက် ရွေ့နေသည် ။ ခန့်မှန်းချက်အရ ဒီနေ့မနက် ၇နာရီတွင်မော်တင်စွန်းသို့ စတင်ဝင်ရောက်မည် ။ ရန်ကုန်အနီးသို့ ဒီညတွင်ဖြတ်လိမ့်မည်။ ဧရာဝတီတိုင်း၏ ပင်လယ်နှင့်ထိစပ်နေသော အပိုင်းများ စိစိ ညက်ညက်ကြေသွားနိုင်သည်။
ရန်ကုန်တွင် လေပြင်းတိုက်က ဆိုင်းဘုတ်ကြီများ တုံးလုံးလဲသွားနိုင်သည်။ မုန်တိုင်းသတင်းကိုဒီနေ့တောက်လျှောက် စောင့်ကြည့် ပေးကြပါ။ လက်ဆင့်ကမ်းပေးကြပါ။
မုန်တိုင်းသည် မိန်းမလှကျွန်းနောက်ဖက်မိုင် ၉၀ခန့်တွင်ရောက်ရှိနေပါပြီ။ ပိုပြီးအားကောင်းလာနေပါသည် အရှေ့ဘက်သို့ လျှင်မြန်စွာ ရွေ့နေသည်။
နာရီအနည်းငယ်အတွင်း ဧရာဝတီတောင်ပိုင်းကို ဟိုင်းကြီးကျွန်းအနီးမှဖြတ်မည်။
လေတိုက်နှုန်း တနာရီ မိုင်၆၀ကျော်မည်။
မုန်တိုင်းဗဟိုနှင့် အနီး မိုင်၂၀အတွင်းတွင် တနာရီမိုင်၁၂၀အထက်လေတိုက်မည် မုန်တိုင်းဒီရေ ၁၅ပေခန့်မြင့်မည်။
မုန်တိုင်းကြီးဘယ်လောက်ကြောက်စရာကောင်းသလဲ။ ဂူဂယ်အတ်ကနေ ၀ဲသာကို ကလစ်ဖွင့်ပြီး ကြည့်ရင်တွေ့နိုင်ပါတယ် လောလောဆယ် ဖျာပုံ ပုသိမ် ကလူတွေကမုန်တိုင်အကြာင်မယုံကြပါ မုန်းတိုင်းအရေးပေါ်ကြေငြာချက်များထွက်ဟန် မတူသေးပါ အဲဒီမုန်တိုင်းလမ်းတလျှောက်မှာရှိတဲ့ မြို့တွေကို ၀ိုင်း ကူဖုန်းဆက်ပေးကြပါအုံး။

No comments:

Post a Comment