Saturday, June 14, 2008

3.6.2008 ရက်နေ့တွင် မုံရွာမြို့ ဖုန်းကြီးလမ်းထိပ် သုံးထပ်ဈေးရှေ့မှာ စာမေးပွဲ ဖြေဆို ပြန်လာပြီး ဆိုင်ကယ်စီး လာတဲ့ ကျောင်းသား တစ်ဦးကို အဓိက ရုံးနှိမ်နင်းရေး ရဲတပ်သားတစ်ဦးက ဦးထုပ်နှင့် ရိုက်လိုက်သဖြင့် အဆိုပါ ကျောင်းသားမှာ ရိုက်လိုက်တဲ့ ရိုက်ချက်ကြောင့် ဆိုင်ကယ် တိမ်းမှောက်သွားပြီး ကျောင်းသား၏ မျက်နှာနှင့် ဗိုလ်ချုပ်လမ်း အလယ်တွင် ယာဉ်ကြော နှစ်ခုကို ခြားထားသော သံဇကာဖြင့်ဆောင့်မိရာ အဆိုပါကျောင်းသားမှာ ဘယ်ဘက် ချိုစောင်း ၃လက်မခန့် ဟတ်တက်ကွဲ သွားပြီး၊ ဘယ်ဘက် လက်သန်းနှင့် လက်သန်းကြွယ် အရင်း ကြိုးသွားခဲ့ပါသည်။

အဆိုပါ ကျောင်းသား၏ အမဖြစ်သူမှာ အခင်းဖြစ်ပွားတာကို မြင်သဖြင့် အပြေးအလွား ရောက်ရှိလာပြီး ယာဉ်ထိမ်းရဲများနှင့် စောင်ကြည့်နေသော လုံထိမ်းရဲများအား အကူအညီ တောင်းရာ အကူအညီမပေးပဲ တိမ်းရှောင် ထွက်ပြေးသွားခဲ့ပါသည်။ နီးစပ်ရာ ဈေးသူ ဈေးသားများ အကူအညီဖြင့် မုံရွာပြည်သူ့ ဆေးရုံသို့ တင်ခဲ့ရပါသည်။ ရိုက်လိုက်တဲ့ ရဲ၏ ပုံစံမှာ အရပ်ရုည်ရုည် အသားဖြူဖြူ ပိန်ပိန်ပါးပါး ဖြစ်ပြီး အဓိက ရုံးနှိမ်နှင်းရန် အတွက် ကျေက္ကာလမ်းရို ၀ါစက်ဝင်း အတွင်းတွင် စခန်းချထားသော ရဲများဖြစ်ပါသည်။ ထိုရဲများကို ယဉ်ထိမ်းရဲများက ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိမ်းသိမ်းရန်အတွက် တစ်ရက်လျင်ငွေကျပ် (၁၀၀၀) ဖြင့် ကူညီရန် ငှားရန်းထားခြင်း ဖြစ်ပါသည်။ အဆိုပါ ရဲများသည် ဖမ်းဆီးရာတွင် ဥပဒေနှင့်အညီ ဖမ်းဆီးခြင်း မဟုတ်ဘဲ နံပါတ်တုတ် များဖြင့် ရိုက်နှက်ခြင်း ဦးထုပ်များဖြင့်ရိုက်နှက်မှုများ ပြုလုပ်နေသည်မှာ နှစ်လခန့ှ်ရှိသွားပြီ ဖြစ်ပါသည်။


ဥပဒေ ဘက်တော်သား တစ်ဦးက ဥပဒေနှင့် အညီ ဖမ်းဆီးခြင်း မဟုတ်ဘဲ အကြမ်းဖက် ဖမ်းဆီးခြင်းသည် ဥပဒေကို စော်ကားရုံ တင်မကပဲ ကျောင်းသားထု တစ်ရပ်လုံးနှင့် ပြည်သူ လူထု တစ်ရပ်လုံးကိုပါ စော်ကားရာ ရောက်နေပါသည်။ အဆိုပါ ကျောင်းသား၏ နာမည်မှာ မောင်အောင်ကောင်း စီးပွားရေး တက္ကသိုလ် ဒုတိယနှစ် စီးပွားရေး major တွင် ပညာ သင်ကြားနေသော ကျောင်းသားတစ်ဦး ဖြစ်ပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်