ဒီလူတွေ က ဗမာပြည်မှာနေ..ကြာကြာလေ..ငတ်သေတော့မှာမို့  ခွေးတောထဲက ခွေးပြေးဝက်ပြေးပြေး လာကြရရှာတယ် ဗျာ.
ခုတော့ ခွေးသေ ၀က်သေ သေရှာပြီ။ နောင်လည်း ဘယ်နှစ်ယောက်ထပ်သေကြဦးမလဲ။
တိုက်ပွဲခေါ်ကြဖို့  လိုပြီ။ ကြောက်လေလေ..ဗမာ မျိုးတုန်းတော့မယ်။
နေ့ စဉ်..စားစရာမရှိလို့  ထွက်ပြေးနေရတဲ့ တကွဲတပြားမိသားစုတွေ ဗမာမြေများ ဘယ်နှစ်ယောက်ရှိပါသလည်း.
သင်လည်းတစ်ဦး..ကျွန်ုပ်လည်း..တစ်ယောက် အပါအ၀င်ဖြစ်သည်။ ချစ်ခင်သူနဲ့  ကွေကွင်းရသော ဆင်းရဲ။ မချစ်မနှစ်သက်သောသူနဲ့ ပေါင်းဖေါ်နေရသောဆင်းရဲ ။ အားလုံးပိုင်ဆိုင်သော..ဘိုးဘွားအမွေ ကို မသမာသူများ..မောင်ပိုင်စီးထားသော ခံရခက် ဆင်းရဲဒုက္ခများကို..သင်၏သားသမီးများကို သင်ပေးခဲ့ လိုပါသလား.
သင်လက်ထက်တွင်..သင်မရဲက..သင်၏ ချစ်လှစွာသော..သားလေး သမီးလေးများသည်ဤသို့  လူမသိ သူမသိ ခွေးသေ ၀က်သေသေရပေဦးမည်။
သင့်သမီးလေး၏ ကိုယ်ခန္ဓာပေါ် စစ်သား၏ မစင်ကြယ်သော လူသတ်သွေးစွန်းလက်..တင်ရစ်ဦးမည်။
တိုက်ပွဲ စကြပါစို့ ..
ကျွန်ုပ်တို့ ၏ သတ္တိသည်....ကျွန်ပ်တို့ အားလုံးအတွက်ဖြစ်ပါသည်။
ကျွန်ုပ်တို့ ၏ ဗျတ္တိသည်....ကျွန်ပ်တို့ အားလုံးအတွက်ဖြစ်ပါသည်။
ကျွန်ုပ်တို့ ၏ လုံ့ လသည်....ကျွန်ပ်တို့ အားလုံး ကယ်တင်ရေး အတွက်ဖြစ်ပါသည်။
ပြိုင်တူ တွန်းကြပါစို့ လား..ရွေ့ သွားနိုင်ပါသည်။ ဇွဲလုံလ..သစ္စာက သာမဏ္ဍိုင်ပါ။
လက်တွဲကြပါစို့ လားဗျာ။
Thirteen immigrants suffocate in truck in Turkey
No comments:
Post a Comment