
အကျပ်ကိုင်ခံရလွန်းလို့
ဇောချွေးစီးကြောင်း
ဆူပွက်ပွက်ထဲ
ဒီတစ္ဆေခရီးကို
ဘယ်သူမျှဆက် သည်းမခံနိုင်တော့ဘူး။
လက်ဖျံရိုး နှစ်ချောင်းနဲ့
အရိုးခေါင်း အလံနက်ကို
မီးတိုက်
အဆိပ်ကုန်သည်သင်္ဘောကြီး
လောင်မြိုက်ပေါက်ကွဲရေး
ကြာပွတ်ဖျားမှ သွေးစက်တိုင်း
သတိပေးနေတယ်။
ဝတ်ကျေတန်းကျေ ရာသီဥတုထဲ
စိန်ပန်းတွေမရှိ
ခုံတန်းပြာမရှိ
တိုက်ရာပါပညာရေးသာ
နင်းမိုင်းကြွမိုင်းတွေကြား
တလမ်းသွားပြေးဆွဲနေရဲ့။
ကံကော်အိုဟာ
မျက်ရည်စိုဖျန်းရုံနဲ့
မလန်းဆန်းတော့တာမို့
တချိမ့်ချိမ့် မိုးကြိးရဲ့ အောက်
ဒေါင်းတသင်းရောင်းရင်ဖွဲ့ဖို့
ကျောင်းဝင်းထဲရောက်ခဲ့ပြီ။
(၂၀၀၇ ခု သြဂုတ်လ ၂၈ ရက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသာသမဂ္ဂများအဖွဲ့ချုပ် ဖွဲ့စည်းမှုနှစ်ပတ်လည် အမှတ်တရ
No comments:
Post a Comment