တိုးတက်နေသော..ပြည်မြန်မာ.ကြီးပါ။ သကိကြီးရွယ်အိုတွေ အတွက်..ထောက်ပံ့ မှူ ၊ ဘ၀ အာမခံချက်.မရှိပါဘူး. ငွေကြေးဖောင်းပွ အဆမတန် များမှူကြောင့် ပင်စင်စား များရဲ့ ပင်စင်လစာဟာ ဘာမှဝယ်မရတာကြောင့် အစိုးရ လခစားတွေတောင် တောင်းစားတဲ့ ဘ၀ရောက်ပါတယ်။။ အရင်တုန်းက.. ၁၉၈၈ မတိုင်ခင်က..အရာရှိတယောက်ရဲ့ လခဟာ.. ၄၅၀ ကျပ်ဘဲရပါတယ်..အဲဒီတူန်းက ပင်စင်စားခဲ့တဲ့ တယောက်ဟာ..အခု အသက် ၈၀ ပါ။ ခေတ်ကောင်းဖူးတဲ့ ပညာတတ်တဲ့ အရာရှိတယောက်အနေနဲ့..၈၀ မှ..ဘဲဥကြော်လေးနဲ့ ပဲပြုတ်တောင်နပ်မမှန်တဲ့ အခါ..သားသမီးအထောက်အခံမရှိ..ခိုကိုးမဲ့ တောင်းစားရမယ်ဆိုတာ..
အင်း...
ဘဝဆိုတာ.. နေရတာလည်း..ဒုက္ခ..
ဘဝဆိုတာ.. သေရတာလည်း..ဒုက္ခ..
.. မသေနိုင်သေးတာလည်း..ဒုက္ခပါဘဲ
No comments:
Post a Comment