စစ်တွေ စက်သေနတ်များကို စစ်လော်ရီကားများတွင် တင်ပြီး စစ်သားများ ကင်းလှည့်နေ
8/12/2008
ယနေ့ နောက်ဆုံး ၀င်ရောက်လာသော သတင်းများအရ စစ်တွေတွင် လုံခြုံရေးကို အာဏာပိုင်များက ထူထပ်စွာ ချထားဆဲ ဖြစ်ပြီး စက်သေနတ်များကို လော်ရီကားပေါ်တွင် တင်ပြီး ကင်းလှည့်နေကြောင်း သတင်း ရရှိသည်။
စစ်တွေမြို့ခံ တဦးက နိရဉ္စရာသို့ ဖုံးဖြင့် ပြောကြားရာတွင် နအဖ စစ်သားများသည် စက်သေနတ်များကို စစ်လော်ရီကား သုံးစီးတွင် တင်ပြီး မြို့ကို ပတ်ကာ သွားလာနေကြသည်ဟု ပြောသည်။
အဓိကအားဖြင့် ဆန္ဒပြပွဲ ပြုပွဲများ မပေါ်ပေါက်စေရန် စစ်တွေ လူထုအား ခြိမ်းခြောက်ရန် ရည်ရွယ်ပြီး ယခုကဲသို့ စစ်ထရပ်ကားများတွင် စက်သေနတ်များတင်ပြီး သွားလာနေကြခြင်း ဖြစ်သည်ဟု သူက ပြောသည်။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် သြဂတ်(စ်) ၈ ရက်နေ့ တကြိမ်၊ ၉ ရက်နေ့ ဥပုတ်နေ့က တကြိမ် ရဟန်းတော်များ စုရုံးပြီး ဆန္ဒပြရန် စီစဉ်ခဲ့ကြသည်။
သို့သော်လည်း အာဏာပိုင်များက လက်ဦးမှု ရယူပြီး ဆန္ဒပြပွဲများ မပေါ်ပေါက်နိုင်အောင် ဖြိုခွဲ ပစ်ခဲ့သည်။
ယခုအချိန်ထိ ရဟန်းတော်များ ဆန္ဒပြမည် ဆိုသော သတင်းများ ထွက်ပေါ်နေသဖြင့် လုံခြုံရေးကို မရုတ်သိမ်းဘဲ ဆက်လက် တင်းကျပ်ထားဆဲ ဖြစ်သည်။
၎င်းပြင် မနက်ဖြန်တွင် ကျရောက်မည့် ၄၁ နှစ်မြှောက် စစ်တွေ ဆန်ပြဿနာနေ့ကြောင့် ယနေ့တွင် အာဏာပိုင်များဘက်က လုံခြုံရေးကို ပိုမို တင်းကျပ်ထားသည်ဟု သိရှိရသည်။
http://www.narinjara.com/detailsbur.asp?id=1411 မှ
No comments:
Post a Comment