မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 11 2008 21:49 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ကြာသပတေးနေ့တွင် သူမ၏ ရှေ့နေဦးကြည်ဝင်းနှင့် နောက်တကြိမ် ထပ်မံတွေ့ဆုံပါသည်။ သူမအား တရားမဝင် ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ တရားစွဲဆိုရန် ဆွေးနွေးခဲ့သည်ဟု သူမ၏ ရှေ့နေက ပြောပါသည်။
ယနေ့ ကြာသပတေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညနေ ၂ နာရီမှ ၄ နာရီအထိ ၂ နာရီကြာမျှ ခေတ္တ တွေ့ဆုံခဲ့ပြီး သူမအား တရားမဝင် ဆက်လက် ထိန်းသိမ်းထားခြင်းနှင့် စပ်လျဉ်း၍ သူ့ကိုယ်စား သူရေးသားထားသည့် လျှောက်လွှာကို ဆွေးနွေးခဲ့ကြောင်း ဦးကြည်ဝင်းက မဇ္ဈိမကို ပြောပြသွားပါသည်။
“သူ့ကျန်းမာရေးက ကောင်းပါတယ်” ဟု ဦးကြည်ဝင်းက ပြောသွားပြီး၊ တဆက်တည်းတွင် သူမ၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ သူမ၏ မိသားစုရှေ့နေ ဒေါက်တာ တင်မျိုးဝင်းကသာ ထုတ်ဖေါ် ပြောကြားလိမ့်မည် ဖြစ်ကြောင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အသိပေး ပြောကြားခဲ့သည်ဟု ဆိုပါသည်။
သို့သော် ဦးကြည်ဝင်းက ဆက်လက် ပြောသည်မှာ သူမ အစာငတ်ခံ ဆန္ဒပြနေသည် ဆိုသော ကောလဟလ သတင်းများနှင့် စပ်လျဉ်း၍ နိုဘယ်ဆုရှင်က ဖြေကြားခြင်း မပြုခဲ့ဟု ဆိုပါသည်။
စက်တင်ဘာ ၁ ရက်နေ့က သူမနှင့် တွေ့ဆုံစဉ်ကလည်း အလားတူ မေးခွန်းကို မေးမြန်းခဲ့သေးကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်က သူ့ကို “ကျမ နေကောင်းပါတယ်၊ ကိုယ်အလေးချိန်ဘဲ နဲနဲကျနေတယ်” ဟုသာ ပြန်ဖြေခဲ့ကြောင်းဖြင့် ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသွားပါသည်။
သောကြာနေ့ကမူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သူမသည် သူမထံ ပေးပို့သော အစားအသောက်များကို သြဂုတ်လလယ် ကတည်းက လက်မခံဘဲ ငြင်းဆန်ခဲ့ရာ သူမ၏ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖေါ် ကြေငြာခဲ့ပါသည်။
ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ လအတွင်း ၄ ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ပြီး သူမအား ကန့်သတ်မှုများ ဆက်လက် ပြုလုပ်ထားခြင်းအတွက် အစိုးရထံ လျှောက်ထားရန် ဆောင်ရွက်လျက် ရှိသည်ဟု ပြောပါသည်။
“လျှောက်လွှာကို အစိုးရ ဝန်ကြီးအဖွဲ့ထံ တင်ပါမယ်” ဟု ဦးကြည်ဝင်းက ပြောသွားပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၂ နှစ်ကျော်ကြာမျှ တနည်း မဟုတ်တနည်းဖြင့် ထိန်းသိမ်း ခံခဲ့ရပါသည်။ မြန်မာနိုင်ငံ အထက်ပိုင်း ဒီပဲယင်း မြို့အနီးတွင် သူမ၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် လူအုပ်က ဝိုင်းဝန်း တိုက်ခိုက်ခဲ့သည့် ၂ဝဝ၃ ခုနှစ် မေလ ကတည်းက နောက်ဆုံးအကြိမ် ဖမ်းဆီး ထိန်းသိမ်းထားခံခဲ့ရခြင်း ဖြစ်ပါသည်။
ယခုနှစ် မေလက သူမ၏ အကျယ်ချုပ် သက်တမ်းကို စစ်အစိုးရက နောက်တကြိမ် ထပ်မံသက်တမ်း တိုးမြင့်ခဲ့ပါသည်။ သို့သော် သူမပါတီ အဖွဲ့ဝင်များနှင့် သူမကို ထောက်ခံသူများက စစ်အစိုးရသည် မြန်မာပြည်၏ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း၊ ဤဥပဒေအရ မည်သူ့ကိုမျှ တဆက်တည်း ၅ နှစ်ထက်ကျော်၍ ထိန်းသိမ်းထား၍ မရကြောင်း ပြောဆိုခဲ့ကြပါသည်။
သို့သော် စစ်အစိုးရကမူ သူတို့၏ ဤဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ထိန်းသိမ်းမှု သက်တမ်းကို ၆ နှစ်အထိ တိုးမြင့် သတ်မှတ်နိုင်ကြောင်း ပြောဆိုပါသည်။
http://www.mizzimaburmese.com/news/inside-burma/1665-2008-09-11-15-33-58.html
Thursday, September 11, 2008
ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့် နောက်တကြိမ်တွေ့
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
September
(305)
- ထိုင်းနိုင်ငံရောက် မြန်မာ့ ဘဝများ
- ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် . နာဂိုယာ။ ဂျပန်
- သားချင်းတွေရဲ့ ယဉ်ကျေးမှူတွေ နအဖကြောင့် တိမ်ကောရတေ...
- ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၄)လ ပြည့်ပြီ
- ( ကု သိုလ် သ စ္စာ ) မည်သည်
- ကြောက်ချိန်..
- မျှော်လင့်ချက်မဲ့နေဆဲ မြန်မာပြည်။
- ဝါးကူထိုးနေကြသူများ။
- Undercover in Burma: investigating the Saffron Rev...
- ဂုဏ်ယူပါသည် ရခိုင် အာဇာနည်အများ။
- ပုံပြင်ဖတ်ကြည့်ပါ။
- သတိထားပါ သူခိုး site များ
- ( အ ကု သိုလ် သ စ္စာ ) ဆိုသည်မှာ
- 20th Anniversary of NLD ( ဖို့ ဝိန်း)
- AllDhamma friendsYou, Your family and friends are ...
- First Anniversary of Burma's saffron revolution- N...
- Burma Dissidents Mark one Year Anniversary (၂၇။၉။၂...
- သွေးစွန်းနေသောပတ္တမြားနှင့်..သွေးစွန်းလက်နဲ့ နအဖ
- ငတ်မွတိခြင်း ဆင်းရဲခြင်း..ခလေးစစ်သားများကြီးပြင်းေ...
- ရင်လေးစရာဘဲ..စစ်မျိုးကလွဲ..အားလုံးမျိုးတုန်းတော့မဲ...
- ရဲ သေအောင်လုပ်တာ..စွမ်းအားမြှင့်ပါတဲ့
- အင်တာနက်သုံးသူများသို့ သိမှတ်ဖွယ်
- NLD အဖွဲ့ ချုပ် အနှစ် ၂၀ ပြည့် ကြေညာစာတမ်း
- စိတ်တော့ ပျက်ပါနဲ့ဗျာ..UN လည်း လိပ်လိုတော့ လှုပ်စ...
- အခုထိ ဖမ်းဆဲ..ဖမ်းမြဲ ဖမ်းလတ္တံ ပါဘဲ..
- ဘုန်းဘုန်းတွေ ပြန်ထွက်လာကုန်ကြပြီ။
- ရဲမျိုးတွေ ကန်းကုန်တော့မယ်။
- စစ်အစိုးရကို တရားဝင်မှု ရုတ်သိမ်းရေး တောင်းဆိုချက် ...
- Felicitation letter to 20th Anniversary of NLD by FDB
- အမေ ဘာများဖြစ်ပါလိမ့် 
- လွမ်းလို့ တဲ့ဗျာ
- မှန်တာပြော..မှန်တာတောင်းဆိုလို့ကတော့ နအဖ က ဟင့်အင်...
- အံမာ..ဒီလို လက်ပိုက်ကြည့်နေရရိုးလား
- ဗုဒ္ဓသားတော်ဆိုတာ..ဘယ်ခါ ဒူးမထောက်၊ ရှန်းရှန်းတောက်...
- ကနေဒါ ဗမာများရဲံအလှူ..သာဓု ခေါ်ကြပါခင်ဗျာ..
- တရားဓမ္မ ပြမယ်။
- တားမြစ်ပိတ်ပင်နေသော နိုင်ငံများကို UN ၌ ဘုရှ်က ပြစ...
- U.S. Senate professional staff met with MRC re...
- ABFSU-FAC statement for NLD (20) years Anniversary
- Saffron Revolution ဆိုတာ ဘာလည်း..???
- တနှစ်ပြည့်တဲ့ ရွှေဝါရောင်တော်လှန်ရေး..
- 1st Anniversary to commemorate the Saffron Revolution
- ဆူးလေရဲ့ မနေ့ ညရှူခင်း..
- တိုင်းပြည်ကြီးဂျောက်ထဲ ကျနေသယောင်ယောင်.ဟန်ဆောင်ဖော...
- ဟန်ဆောင် ပန်ဆောင်..ထောင်ခါပြနေတဲ့နအဖ..နိုင်ငံရေး အ...
- ရန်ကုန်မြို့ တာမွေရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်
- လက်စသတ်တော့ ဒါကြောင့်ကိုး..
- ပင်လယ်ပြင်၌ သင်္ဘောမှောက်ခြင်း
- လူယုတ်မာ တို့ သွားရာလမ်း
- အော်.အပြင်ရောက်မှဘဲ..သူအသံလည်း ကြားရတော့တယ်..
- ကြည့်လုပ်ဥိးလေဗျာ အရပ်ကတို့ ..လူကောင်းတွေ မျိုးပြူ...
- တကတည်း အကျိုးနည်းတော်..ကျုပ်အသံဘဲ လူကြားတယ်..ရှက်က...
- ဗျို့  ဦးဝင်းထိန်...ဘယ်မလဲ..နတ်ဖွက်တာ မဟုတ်ပါဘူးထ...
- စု- လွှတ်- တွေ့ ဆုံ
- မြို့ လည်ခေါင်ကြီးမှာ..ဗျာ
- လှပသော ကရင်မြေ..ယမ်းနံ့ ဖုံးလွှမ်းရာ ဌာနေ။
- မိစ္ဆာကောင်တွေ မျိုးဖြုတ်ကြစို့ 
- Burma Launches Angry 'Cyber-War'
- နောက်တခါ လုပ်ဖို့  အဆင်သင့်ဘဲ
- ဆရာကြီးဦးဝင်းတင် လွတ်မြောက်လာခြင်း
- Life for a daughter of a political prisoner
- ထောင်ထဲမနေသော..ထောင်ကျနေသူများသို့ ခွန်းဆက်ခြင်း
- အနိုင်မခံ
- အသတ်ခံရတဲ့ ဂျပန်သတင်းထောက်ရဲ့ video လက်သိပ်ထိုး ရေ...
- လွတ်လာပေမဲ့..အလံမလှဲဘူးဟေ့..
- ရွှေဝါရောင်တော်လှန်ရေး၏ နှစ်ပတ်လည်
- တွေ့ ဆုံဆွေးနွေးမလား...မဆွေးနွေးဘူုးလား
- သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ
- NLD ၏ ကျေညာချက် ၉။၂၂။၂၀၀၈
- မွန်ပြည်နယ်အတွင်း လုံခြုံရေးတင်းကြပ်
- သံဃာ့ အခွင့်အရေး တွေဆုံးရှုံးနေ
- ဆင်ဗုံးတွေ နဲ့ ခြောက်လှန့် နေပါတယ် ဗျို့ 
- လူတိုင်းသိစေမဲ့ ငွေစက္ကူ campaign.
- တိုးတက် တောင့်တင်း လာသော ၂၁ ရာစုက..နာဇီ ဗမာပြည်.
- အမှတ်တရ..မေ့ မရတဲ့ သွေးစွန်းပေနေ့ များ (သံဃာ ၏ ဂုဏ...
- သတိထား..ခွေးကိုက်မခံချင်ရင်
- one year anniversary of the Saffron Revolution
- Security tightened in Mon State
- နို့ မှုန့် အဆိပ်သင့်မှု
- ခလေး အမေ ကိုဖမ်းရသလား..
- Big Virus Coming Soon!
- ဘောလုံးသမား သူငယ်ချင်းများ
- မသေပါဘူး..တုန်းကျော်..မောင်မောင်..ပြည်သူ့ အချစ်တော...
- သီတင်းကျွတ်ပြီ..
- Generation wave မှ အာဇာနည်များ..
- ရည်းစားစာတွေ ခိုးဖတ်ချင် လို့ တဲ့ ဗျို့ 
- မင်းဘယ်ပြေးမလည်း..မရွှေဖဲ
- တူမယ် ဆိုလည်း..လုံအောင်ပုန်းဟေ့
- စပ်စုတာက လွန်တယ်..
- အိမ်သာထဲမှ.ရေနဲ့ .စက္ကူမရှိရင်..ကျွန်တော် သန့် စင်ေ...
- ခွပ်ဒေါင်းနီနီ..
- No title
- မန် နေ ဂျာ နဲ့  သူ တောင်း စား ။
- မျက်မြင်သက်သေများ ပြောပြတဲ့ ခရေစေ့ တွင်းကျ မြန်မာ
- ဆရာကြီးမင်းသုဝဏ် နှစ် ၁၀၀ ပြည့်
- မှန်လိုက်လေဗျာ..
- ရောင်းယင်းတို့ ရေ..ဘုန်းကြီးတောင်..ရေ မပေးရင်...ဆိ...
- မစုစုနွေး မိသားစုနှင့် တွေ့ဆုံခွင့်ရရန် ထောင်တွင်း...
- စစ်အစိုးရ..ဘာလုပ်နေသလဲ..
- သီတင်းကျွတ်ပွဲတော်..၂၀၀၈
-
▼
September
(305)
No comments:
Post a Comment