ဒေါ်စု တောင်းဆိုသည့် ကန့်သတ်ချက် တချို့ကို အာဏာပိုင်များ လျှော့ချပေး
ကိုထွေး | စက်တင်ဘာ ၁၂၊ ၂၀၀၈
နေအိမ်အကျယ်ချုပ် ကျခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်းတို့ ယမန်နေ့က အချိန် ၂နာရီခန့် တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ တင်းကျပ်မှုတချို့ကို လျော့ချပေးလိုက်ကြောင်း ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသော စာဖတ်ခွင့်အတွက် တိုင်းမဂ္ဂဇင်း (Time magazine)၊ နယူးစ်ဝိခ် မဂ္ဂဇင်း (Newsweek magazine) စသည့် နိုင်ငံတကာ မဂ္ဂဇင်း ကြီးများနှင့် မြန်မာသတင်းစာများကို မှာယူဖတ်ရှုခွင့်ပြုခြင်း၊ နိုင်ငံရပ်ခြားရှိ ၎င်း၏ သားထံမှ ပေးပို့စာကိုဖတ်ရှုခွင့်ပြုခြင်းနှင့် အကန့်အသတ်ခံနေရသော အတူနေ ဒေါ်ခင်ခင်ဝင်းတို့ သားအမိအား လွတ်လပ်စွာ ပြင်ပသို့ သွားလာခွင့်ပြုခြင်းတို့ကို အာဏာပိုင်များက ခွင့်ပြုလိုက်သည်ဟု ဦးကြည်ဝင်းက ပြောပြသည်။
"မနေ့ကတော့ အပြုသဘောဆောင်တဲ့လက္ခဏာ တွေ့ရပါတယ်၊ ပထမဆုံးအနေနဲ့ ဒေါ်စုက သူ့သားရေးတဲ့ စာတွေကို လက်ခံမရတာ ကြာပါပြီ၊ ဘယ်လောက်ကြာပြီလဲ ဆိုတာ ကျနော် မသိဘူး၊ အဲဒါကို စာရေးပြီး အထူး သတင်းတပ်ဖွဲ့ကို မေတ္တာရပ်ခံထား တယ်၊ အဲဒါတွေက တားဆီးမိန့်ထဲမှာ မပါဘူး၊ တချို့ဘယ်လောက်ထိ ပြောသလဲဆို အကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ ထောင်သားတွေတောင်မှ အဲဒီလောက် ကန့်သတ်မှုမရှိဘူး၊ အခု ခွင့်ပြုတယ်၊ ဒေါ်စုလည်း တော်တော်ပျော်သွားတယ်"ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေ့စဉ်ပေးပို့နေသောဈေးခြင်းကို ငြင်းပယ်ထားရာမှ ပြန်လည် လက်ခံလာဖွယ်ရှိ ကြောင်း၊ လာမည့်တနင်္ဂနွေနေ့တွင် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနှင့် တွေ့ဆုံ၍ ကျန်းမာရေး စစ်ဆေး မည်ဖြစ်ကြောင်းနှင့် ဒေါက်တာ တင်မျိုးဝင်းက ၎င်း၏ သားထံမှ စာကို ယူဆောင်လာမည်ဖြစ်ကြောင်းလည်း ဦးကြည်ဝင်းက ဆိုသည်။
"အဲဒီ စာတွေကို ဒေါက်တာ တင်မျိုးဝင်းနဲ့ ထည့်ပေးမယ်တဲ့၊ နောက်တခုကတော့ ဒေါ်ခင်ခင်ဝင်းတို့ သားအမိ တားဆီးမိန့် အကျုံးမ၀င် လွတ်လွတ်လပ်လပ် သွားလာနိုင်ခွင့်ကိုလည်း စာရေးမေတ္တာ ရပ်ခံထားတာ ခွင့်ပြုတယ်၊ ဒါပေမယ့် မိမိဘက်က လုပ်ထားတာကတော့ မြို့ထဲသွားရင် ဒေါ်စုအိမ်ရဲ့ မျက်စောင်းထိုးမှာရှိတဲ့ သတင်းတပ်ဖွဲ့မှာ ရှာဖွေခံဖို့ လုပ်ထားတာ ရှိပါ တယ်၊ အပြင်က ပြန်လာရင်လည်း အလားတူပါပဲ၊ မူလအခွင့်အရေးလည်း မထိခိုက် လုံခြုံမှုလည်း ဖြစ်သလို စိတ်ချလက်ချ လည်း ဖြစ်သွားတာပေါ့၊ စောစောကပြောတဲ့ ဆရာတင်မျိုးဝင်းနဲ့ တနင်္ဂနွေနေ့ ကျန်းမာရေးစစ်ဆေးရန် အတွက်လည်း အစီအစဉ်လုပ်ထားပြီး ဖြစ်တယ်။ အဲဒါပြီးရင် ဦးမြင့်စိုးရဲ့ ဈေးခြင်းတောင်းနဲ့ ပတ်သက်တဲ့ကိစ္စကိုလည်း ဆရာတင်မျိုးဝင်း ဆောင်ရွက်သွားပါလိမ့်မယ်၊ တနင်္ဂနွေနောက်ပိုင်း ဈေးခြင်းပြန် လက်ခံ မယ့် သဘောပေါ့" ဟု ၎င်းက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ထံသို့ သွားရောက်ရာတွင် ၎င်းအား လိုက်ပါပို့ဆောင်ခဲ့သော ဒု သတင်းတပ်ဖွဲ့မှူး ဦးဝင်းနိုင်ထွန်းက ဒေါ်ခင်ခင်ဝင်း၏ သမီးကျန်းမာရေးနှင့် ပတ်သက်၍ နေကောင်းလာပြီ ဖြစ်ကြောင်းနှင့် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ရန် အနည်းငယ် ကျန်ရှိနေသေးကြောင်း ပြောပြသည်ဟု ဦးကြည်ဝင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အစာငတ်ခံ ဆန္ဒပြသည့် သတင်းနှင့် ကျန်းမာရေး အခြေအနေတို့နှင့် ပတ်သက်၍ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက လာမည့် တနင်္ဂနွေနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေး စစ်ဆေးပြီးနောက် ပြောဆိုမည်ဖြစ်ကြောင်းလည်း ဦးကြည်ဝင်းက ပြောသည်။
အာဏာပိုင်များဘက်မှ ကမ်းလှမ်းချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် လာမည့် ၁၅ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်ကြောင်းလည်း သိရသည်။
"အာဏာပိုင်တွေက ဦးအောင်ကြည်နဲ့ ၁၅ ရက်နေ့ဘယ်အချိန်မှာ တွေ့နိုင်မလဲလို့ ကျနော်ကနေတဆင့် မေးခိုင်းလိုက် ပါတယ်။ ဒေါ်စုက တွေ့ချင်ပါတယ်တဲ့၊ နှုတ်ဆက်လိုက်ပါတယ်လို့လည်း ပြောပါတယ်၊ အရင်တခေါက်ကလို မဟုတ်ဘူး၊ ဒေါက်တာတင်မျိုးဝင်းနဲ့ ကျန်းမာ ရေးစစ်ဆေးမှု အခြေအနေပေါ်မူတည်ပြီး တွေ့ဆုံပါလိမ့်မယ်"ဟု ဦးကြည်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံရမှုနှင့် ပတ်သက်သည့် အယူခံလွှာမူကြမ်းကိုလည်း အတည်ပြုရေး ဆွေးနွေးခဲ့ပြီး မူချောအဖြစ်ပြင်ဆင်ပြီးပါက သတင်းတပ်ဖွဲ့ထံ ခွင့်ပြုချက်ယူ၍ ဒေါ်အောင် ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံ မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
"ကျနော်ကတော့ ဘယ်လို ပြောရမှန်းတောင် မသိဘူး၊ အတော်လေး ၀မ်းသာတယ်၊ မနေ့က တွေ့ဆုံမှုက နှစ်ဘက်စလုံး အတွက် ကောင်းတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ သိပ်ပြီး တင်းကျပ်တယ်ဆိုတဲ့ပုံရိပ်လွှာကြီးက ပြောင်းလဲသွားတဲ့ သဘော လူလိုသူလို ဆက်ဆံတယ်ဆိုတဲ့ သဘောပေါ့၊ ၀မ်းသာတယ်ဗျာ၊ ရှေ့အလားအလာ ကတော့ လူတွေအပေါ်မှာ အများကြီး မူတည်ပါတယ်"ဟုလည်း ဦးကြည်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူလူထု၏ စိုးရိမ်မှုကို ကြားသိရ၍ ၎င်းအနေဖြင့် သဘောပေါက်ကြောင်း ပြောကြားခဲ့ သည်ဟုလည်း ၎င်းက ဆိုသည်။
ရှေ့နေကြီး ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခု စတုတ္ထအကြိမ် မတွေ့ဆုံမီနှင့် တွေ့ဆုံပြီးချိန်များ တွင် စစ်အစိုးရ ဘက်မှ ဒု ရှေ့နေချုပ် ဦးမြင့်နိုင်၊ နေပြည်တော်မှ သတင်းတပ်ဖွဲ့မှူး ဦးတင်သိန်းတို့ နှင့် တွေ့ဆုံရ ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ပြင်ပ အစားအစာ လက်မခံခြင်းသည် စစ်အစိုးရ၏ ဥပဒေနှင့် မညီသည့် လုပ်ဆောင် ချက်များကို ကန့်ကွက်သည့်အနေဖြင့် ဖြစ်ကြောင်း ပြီးခဲ့သည့် စင်တင်ဘာ ၅ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ ဆက်လက်၍ မတရားဖမ်းဆီးထားခြင်း၊ စတင်ထိန်းသိမ်း စဉ်က ဆရာဝန်နှင့် တလတကြိမ် ကျန်းမာရေးစစ်ဆေးခွင့်မည်ဆိုသည့် ကတိ ပျက်ကွက်ခြင်းနှင့် ဒေါ်အောင်ဆန်း စုကြည်အား စောင့်ရှောက်နေသော ဒေါ်ခင်ခင်ဝင်းသားအမိအား ကန့်သတ်မှုများပြုနေခြင်း စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်သည့် အနေဖြင့် နေ့စဉ်ပုံမှန် ပေးပို့နေသော ဈေးခြင်းကို လက်မခံရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်က အင်တာနက် ဆက်သွယ်ရေး အသုံးပြုရန်အာဏာပိုင်များကို တောင်းဆိုထားကြောင်းလည်း အန်အယ်လ်ဒီ အသိုင်းအ၀န်းမှ ကြားသိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။
Friday, September 12, 2008
သတင်းစာလေးတော့..ဖတ်ချင်ဖတ်..သားဆီက စာလေးတော့..ဖတ်ချင်ဖတ်..တဲ့..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
September
(305)
- ထိုင်းနိုင်ငံရောက် မြန်မာ့ ဘဝများ
- ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် . နာဂိုယာ။ ဂျပန်
- သားချင်းတွေရဲ့ ယဉ်ကျေးမှူတွေ နအဖကြောင့် တိမ်ကောရတေ...
- ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၄)လ ပြည့်ပြီ
- ( ကု သိုလ် သ စ္စာ ) မည်သည်
- ကြောက်ချိန်..
- မျှော်လင့်ချက်မဲ့နေဆဲ မြန်မာပြည်။
- ဝါးကူထိုးနေကြသူများ။
- Undercover in Burma: investigating the Saffron Rev...
- ဂုဏ်ယူပါသည် ရခိုင် အာဇာနည်အများ။
- ပုံပြင်ဖတ်ကြည့်ပါ။
- သတိထားပါ သူခိုး site များ
- ( အ ကု သိုလ် သ စ္စာ ) ဆိုသည်မှာ
- 20th Anniversary of NLD ( ဖို့ ဝိန်း)
- AllDhamma friendsYou, Your family and friends are ...
- First Anniversary of Burma's saffron revolution- N...
- Burma Dissidents Mark one Year Anniversary (၂၇။၉။၂...
- သွေးစွန်းနေသောပတ္တမြားနှင့်..သွေးစွန်းလက်နဲ့ နအဖ
- ငတ်မွတိခြင်း ဆင်းရဲခြင်း..ခလေးစစ်သားများကြီးပြင်းေ...
- ရင်လေးစရာဘဲ..စစ်မျိုးကလွဲ..အားလုံးမျိုးတုန်းတော့မဲ...
- ရဲ သေအောင်လုပ်တာ..စွမ်းအားမြှင့်ပါတဲ့
- အင်တာနက်သုံးသူများသို့ သိမှတ်ဖွယ်
- NLD အဖွဲ့ ချုပ် အနှစ် ၂၀ ပြည့် ကြေညာစာတမ်း
- စိတ်တော့ ပျက်ပါနဲ့ဗျာ..UN လည်း လိပ်လိုတော့ လှုပ်စ...
- အခုထိ ဖမ်းဆဲ..ဖမ်းမြဲ ဖမ်းလတ္တံ ပါဘဲ..
- ဘုန်းဘုန်းတွေ ပြန်ထွက်လာကုန်ကြပြီ။
- ရဲမျိုးတွေ ကန်းကုန်တော့မယ်။
- စစ်အစိုးရကို တရားဝင်မှု ရုတ်သိမ်းရေး တောင်းဆိုချက် ...
- Felicitation letter to 20th Anniversary of NLD by FDB
- အမေ ဘာများဖြစ်ပါလိမ့် 
- လွမ်းလို့ တဲ့ဗျာ
- မှန်တာပြော..မှန်တာတောင်းဆိုလို့ကတော့ နအဖ က ဟင့်အင်...
- အံမာ..ဒီလို လက်ပိုက်ကြည့်နေရရိုးလား
- ဗုဒ္ဓသားတော်ဆိုတာ..ဘယ်ခါ ဒူးမထောက်၊ ရှန်းရှန်းတောက်...
- ကနေဒါ ဗမာများရဲံအလှူ..သာဓု ခေါ်ကြပါခင်ဗျာ..
- တရားဓမ္မ ပြမယ်။
- တားမြစ်ပိတ်ပင်နေသော နိုင်ငံများကို UN ၌ ဘုရှ်က ပြစ...
- U.S. Senate professional staff met with MRC re...
- ABFSU-FAC statement for NLD (20) years Anniversary
- Saffron Revolution ဆိုတာ ဘာလည်း..???
- တနှစ်ပြည့်တဲ့ ရွှေဝါရောင်တော်လှန်ရေး..
- 1st Anniversary to commemorate the Saffron Revolution
- ဆူးလေရဲ့ မနေ့ ညရှူခင်း..
- တိုင်းပြည်ကြီးဂျောက်ထဲ ကျနေသယောင်ယောင်.ဟန်ဆောင်ဖော...
- ဟန်ဆောင် ပန်ဆောင်..ထောင်ခါပြနေတဲ့နအဖ..နိုင်ငံရေး အ...
- ရန်ကုန်မြို့ တာမွေရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်
- လက်စသတ်တော့ ဒါကြောင့်ကိုး..
- ပင်လယ်ပြင်၌ သင်္ဘောမှောက်ခြင်း
- လူယုတ်မာ တို့ သွားရာလမ်း
- အော်.အပြင်ရောက်မှဘဲ..သူအသံလည်း ကြားရတော့တယ်..
- ကြည့်လုပ်ဥိးလေဗျာ အရပ်ကတို့ ..လူကောင်းတွေ မျိုးပြူ...
- တကတည်း အကျိုးနည်းတော်..ကျုပ်အသံဘဲ လူကြားတယ်..ရှက်က...
- ဗျို့  ဦးဝင်းထိန်...ဘယ်မလဲ..နတ်ဖွက်တာ မဟုတ်ပါဘူးထ...
- စု- လွှတ်- တွေ့ ဆုံ
- မြို့ လည်ခေါင်ကြီးမှာ..ဗျာ
- လှပသော ကရင်မြေ..ယမ်းနံ့ ဖုံးလွှမ်းရာ ဌာနေ။
- မိစ္ဆာကောင်တွေ မျိုးဖြုတ်ကြစို့ 
- Burma Launches Angry 'Cyber-War'
- နောက်တခါ လုပ်ဖို့  အဆင်သင့်ဘဲ
- ဆရာကြီးဦးဝင်းတင် လွတ်မြောက်လာခြင်း
- Life for a daughter of a political prisoner
- ထောင်ထဲမနေသော..ထောင်ကျနေသူများသို့ ခွန်းဆက်ခြင်း
- အနိုင်မခံ
- အသတ်ခံရတဲ့ ဂျပန်သတင်းထောက်ရဲ့ video လက်သိပ်ထိုး ရေ...
- လွတ်လာပေမဲ့..အလံမလှဲဘူးဟေ့..
- ရွှေဝါရောင်တော်လှန်ရေး၏ နှစ်ပတ်လည်
- တွေ့ ဆုံဆွေးနွေးမလား...မဆွေးနွေးဘူုးလား
- သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ
- NLD ၏ ကျေညာချက် ၉။၂၂။၂၀၀၈
- မွန်ပြည်နယ်အတွင်း လုံခြုံရေးတင်းကြပ်
- သံဃာ့ အခွင့်အရေး တွေဆုံးရှုံးနေ
- ဆင်ဗုံးတွေ နဲ့ ခြောက်လှန့် နေပါတယ် ဗျို့ 
- လူတိုင်းသိစေမဲ့ ငွေစက္ကူ campaign.
- တိုးတက် တောင့်တင်း လာသော ၂၁ ရာစုက..နာဇီ ဗမာပြည်.
- အမှတ်တရ..မေ့ မရတဲ့ သွေးစွန်းပေနေ့ များ (သံဃာ ၏ ဂုဏ...
- သတိထား..ခွေးကိုက်မခံချင်ရင်
- one year anniversary of the Saffron Revolution
- Security tightened in Mon State
- နို့ မှုန့် အဆိပ်သင့်မှု
- ခလေး အမေ ကိုဖမ်းရသလား..
- Big Virus Coming Soon!
- ဘောလုံးသမား သူငယ်ချင်းများ
- မသေပါဘူး..တုန်းကျော်..မောင်မောင်..ပြည်သူ့ အချစ်တော...
- သီတင်းကျွတ်ပြီ..
- Generation wave မှ အာဇာနည်များ..
- ရည်းစားစာတွေ ခိုးဖတ်ချင် လို့ တဲ့ ဗျို့ 
- မင်းဘယ်ပြေးမလည်း..မရွှေဖဲ
- တူမယ် ဆိုလည်း..လုံအောင်ပုန်းဟေ့
- စပ်စုတာက လွန်တယ်..
- အိမ်သာထဲမှ.ရေနဲ့ .စက္ကူမရှိရင်..ကျွန်တော် သန့် စင်ေ...
- ခွပ်ဒေါင်းနီနီ..
- No title
- မန် နေ ဂျာ နဲ့  သူ တောင်း စား ။
- မျက်မြင်သက်သေများ ပြောပြတဲ့ ခရေစေ့ တွင်းကျ မြန်မာ
- ဆရာကြီးမင်းသုဝဏ် နှစ် ၁၀၀ ပြည့်
- မှန်လိုက်လေဗျာ..
- ရောင်းယင်းတို့ ရေ..ဘုန်းကြီးတောင်..ရေ မပေးရင်...ဆိ...
- မစုစုနွေး မိသားစုနှင့် တွေ့ဆုံခွင့်ရရန် ထောင်တွင်း...
- စစ်အစိုးရ..ဘာလုပ်နေသလဲ..
- သီတင်းကျွတ်ပွဲတော်..၂၀၀၈
-
▼
September
(305)
No comments:
Post a Comment