ဒေါ်အောင်ဆန်းစုကြည် အစားအသောက် ပြန်လက်ခံပြီ
ဆော်လမွန်
တနင်္လာနေ့၊ စက်တင်ဘာလ 15 2008 23:37 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ တလနီးပါးကြာ အစားအသောက် ပို့ဆောင်ခြင်းကို လက်မခံဘဲ နေရာမှ နေအိမ်အကျယ်ချုပ် ကျခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အစားအသောက် ပို့ဆောင်မှုကို ပြန်လည် လက်ခံတော့မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက တင်္နလာနေ့က ပြောကြားလိုက်သည်။
"အစားအသောက် ပို့တာကို ပြန်လက်ခံတော့မယ် ဆိုပြီး သဘောတူလိုက်ပြီ။ ဒါကြောင့် ဒီညနေမှာ အစားအသောက်ပို့ဖို့ ပြင်ဆင်နေတယ်" ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။
နိုင်ငံတကာ သတင်း မဂ္ဂဇင်းများနှင့် မိသားစုဝင်များထံမှ စာများ လက်ခံရယူခွင့်နှင့် သူမကို ကူညီ စောင့်ရှောက်နေသူများကို ပြင်ပထွက်ခွင့် အပါအ၀င် တောင်းဆိုချက် အချို့ကို စစ်အစိုးရက လိုက်လျောခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အစားအသောက် ပြန်လည်လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။
"အာဏာပိုင်တွေက တောင်းဆိုချက် တချို့ကို လိုက်လျောလိုက်လို့ အစားအသောက် ပြန်လက်ခံဖို့ ဆုံးဖြတ်ခဲ့တာ" ဟု ဦးဥာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ရှောက်ရန် ဒေါ်တင်တင်ဝင်းနှင့် မ၀င်းပပတို့ အတူရှိနေခဲ့သည်။ နောက်ပိုင်းတွင် စစ်အစိုးရက စောင့်ရှောက်နေသူများကိုပါ ပြင်ပထွက်ခွင့် ပိတ်ပင်ခဲ့သည်။ အစားအသောက် အတွက်တော့ ပါတီဝင်တဦးဖြစ်သူ ကိုမြင့်စိုးက တပတ်တခါ သွားရောက် ပို့ဆောင်ပေးရသည်။
သို့ပေမယ့် သြဂုတ်လ လယ်ကစ၍ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အနေဖြင့် မည်သည့် အတွက်ကြောင့် အစားအသောက် လက်ခံရန် ငြင်းဆန်ခဲ့ခြင်းအပေါ် ဦးဥာဏ်ဝင်း အနေဖြင့် ရှင်းပြသွားခြင်း မရှိပေ။ ထိန်းသိမ်းခံနေရသည့် ပါတီခေါင်းဆောင်က သူမ၏ တောင်းဆိုချက်များကို ရှေ့နေ ဦးကြည်ဝင်းမှတဆင့် စစ်အစိုးရ သိအောင် တောင်းဆိုခဲ့သည်ဟုတော့ သူက ပြောသည်။ ရှေ့နေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်လအတွင်း လေးကြိမ်တွေ့ဆုံခဲ့သည်။
အစိုးရက တောင်းဆိုချက်အချို့ လိုက်လျောခဲ့ကြောင်း ကြာသပတေးနေ့က ပြုလုပ်သည့် လေးကြိမ်မြောက် တွေ့ဆုံမှုအပြီး ဦးကြည်ဝင်းက ထုတ်ဖော် ပြောကြားခဲ့သည်။
သူမကို တရားမ၀င် ချုပ်နှောင်ထားမှုအပေါ် ကန့်ကွက် ဆန္ဒပြသောအားဖြင့် အစာငတ်ခံ ဆန္ဒပြနေသည်ဟူသော ကောလာဟလများ စက်တင်ဘာလ အစောပိုင်းက ထွက်ပေါ်ခဲ့သည်။
ထိုကောလာဟလ မဟုတ်မှန်ကြောင်း တင်္နလာနေ့က ဦးဥာဏ်ဝင်းက အတည်ပြု ပြောကြားလိုက်ရင်း "(ဒေါ်အောင်ဆန်းစုကြည်) က သူ အစာငတ်ခံ ဆန္ဒပြတယ်ဆိုတာ မဟုတ်ဘူးဆိုတာကို ရှေ့နေကို ပြောတယ်။ ဒါပေမယ့်လည်း အဲဒီတုံးက အစားနည်းနည်းပဲ စားခဲ့တယ်လို့ ပြောတယ်"
အစားအသောက် အနည်းငယ်သာ စားခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုအခါ အားနည်းနေပြီး အနားယူရန် လိုအပ်နေသည်ဟု သူက ထပ်ပြောသည်။
"သူ့အနေနဲ့ ကျန်းမာရေး ကောင်းလာတဲ့အခါကြရင် ဦးအောင်ကြည်ကို တွေ့ဆုံလိုပါတယ်ဆိုပြီး ရှေ့နေကို ပြောတယ်" ဟု ဦးဥာဏ်ဝင်းက ပြောသည်။
တင်္နဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းကို လက်ခံတွေ့ဆုံခဲ့ပြီး လေးနာရီကျော်ကြာ ဆေးဝါးကုသ စစ်ဆေးမှု ခံယူခဲ့သည်။
ယခုသတင်း ရေးသားချိန်တွင် ဒေါက်တာတင်မျိုးဝင်းထံကို ဆက်သွယ်၍ မရနိုင်သော်လည်း ဦးဥာဏ်ဝင်း အပြောအရ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူညီချက်အရ တလလျှင် တခါ ဒေါက်တာ တင်မျိုးဝင်း အနေဖြင့် ဆေးကုမှုပေးခွင့် ရမှာ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြသည် လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ၁၂ နှစ်ကျော်ကြာ အင်းယားလမ်း နေအိမ်တွင် အကျယ်ချုပ်အဖြစ် ကျခံနေခဲ့ရသည်။ နောက်ဆုံး အဖမ်းခံရသည်ကတော့ မေလ ၂၀၀၃ ခုနှစ်က ဖြစ်သည်။ မြန်မာ့ဥပဒေအရ သူမကို ငါးနှစ်ထက်ကျော်ပြီး ဆက်လက် ချုပ်နှောင်ထားခွင့် မရှိဟု သူမ၏ ရှေ့နေနှင့် သူမ၏ ပါတီဝင်များက ပြောနေခဲ့သည်။
သို့သော်လည်း စစ်အစိုးရကတော့ လွန်ခဲ့သည့် မေလက မြန်မာ့ဥပဒေက အမြင့်ဆုံး ခြောက်နှစ်ဆက်တိုက် ချုပ်နှောင်ပိုင်ခွင့် ရှိသည်ဆိုကာ သူမ၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို ထပ်မံ တိုးမြှင့်ခဲ့သည်။
Tuesday, September 16, 2008
ဒေါ်စုတောင် မဝရေစာစားရမှ..ထောင်ထဲက လူတွေ ငတ်သေတော့မယ်။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
September
(305)
- ထိုင်းနိုင်ငံရောက် မြန်မာ့ ဘဝများ
- ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် . နာဂိုယာ။ ဂျပန်
- သားချင်းတွေရဲ့ ယဉ်ကျေးမှူတွေ နအဖကြောင့် တိမ်ကောရတေ...
- ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၄)လ ပြည့်ပြီ
- ( ကု သိုလ် သ စ္စာ ) မည်သည်
- ကြောက်ချိန်..
- မျှော်လင့်ချက်မဲ့နေဆဲ မြန်မာပြည်။
- ဝါးကူထိုးနေကြသူများ။
- Undercover in Burma: investigating the Saffron Rev...
- ဂုဏ်ယူပါသည် ရခိုင် အာဇာနည်အများ။
- ပုံပြင်ဖတ်ကြည့်ပါ။
- သတိထားပါ သူခိုး site များ
- ( အ ကု သိုလ် သ စ္စာ ) ဆိုသည်မှာ
- 20th Anniversary of NLD ( ဖို့ ဝိန်း)
- AllDhamma friendsYou, Your family and friends are ...
- First Anniversary of Burma's saffron revolution- N...
- Burma Dissidents Mark one Year Anniversary (၂၇။၉။၂...
- သွေးစွန်းနေသောပတ္တမြားနှင့်..သွေးစွန်းလက်နဲ့ နအဖ
- ငတ်မွတိခြင်း ဆင်းရဲခြင်း..ခလေးစစ်သားများကြီးပြင်းေ...
- ရင်လေးစရာဘဲ..စစ်မျိုးကလွဲ..အားလုံးမျိုးတုန်းတော့မဲ...
- ရဲ သေအောင်လုပ်တာ..စွမ်းအားမြှင့်ပါတဲ့
- အင်တာနက်သုံးသူများသို့ သိမှတ်ဖွယ်
- NLD အဖွဲ့ ချုပ် အနှစ် ၂၀ ပြည့် ကြေညာစာတမ်း
- စိတ်တော့ ပျက်ပါနဲ့ဗျာ..UN လည်း လိပ်လိုတော့ လှုပ်စ...
- အခုထိ ဖမ်းဆဲ..ဖမ်းမြဲ ဖမ်းလတ္တံ ပါဘဲ..
- ဘုန်းဘုန်းတွေ ပြန်ထွက်လာကုန်ကြပြီ။
- ရဲမျိုးတွေ ကန်းကုန်တော့မယ်။
- စစ်အစိုးရကို တရားဝင်မှု ရုတ်သိမ်းရေး တောင်းဆိုချက် ...
- Felicitation letter to 20th Anniversary of NLD by FDB
- အမေ ဘာများဖြစ်ပါလိမ့် 
- လွမ်းလို့ တဲ့ဗျာ
- မှန်တာပြော..မှန်တာတောင်းဆိုလို့ကတော့ နအဖ က ဟင့်အင်...
- အံမာ..ဒီလို လက်ပိုက်ကြည့်နေရရိုးလား
- ဗုဒ္ဓသားတော်ဆိုတာ..ဘယ်ခါ ဒူးမထောက်၊ ရှန်းရှန်းတောက်...
- ကနေဒါ ဗမာများရဲံအလှူ..သာဓု ခေါ်ကြပါခင်ဗျာ..
- တရားဓမ္မ ပြမယ်။
- တားမြစ်ပိတ်ပင်နေသော နိုင်ငံများကို UN ၌ ဘုရှ်က ပြစ...
- U.S. Senate professional staff met with MRC re...
- ABFSU-FAC statement for NLD (20) years Anniversary
- Saffron Revolution ဆိုတာ ဘာလည်း..???
- တနှစ်ပြည့်တဲ့ ရွှေဝါရောင်တော်လှန်ရေး..
- 1st Anniversary to commemorate the Saffron Revolution
- ဆူးလေရဲ့ မနေ့ ညရှူခင်း..
- တိုင်းပြည်ကြီးဂျောက်ထဲ ကျနေသယောင်ယောင်.ဟန်ဆောင်ဖော...
- ဟန်ဆောင် ပန်ဆောင်..ထောင်ခါပြနေတဲ့နအဖ..နိုင်ငံရေး အ...
- ရန်ကုန်မြို့ တာမွေရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်
- လက်စသတ်တော့ ဒါကြောင့်ကိုး..
- ပင်လယ်ပြင်၌ သင်္ဘောမှောက်ခြင်း
- လူယုတ်မာ တို့ သွားရာလမ်း
- အော်.အပြင်ရောက်မှဘဲ..သူအသံလည်း ကြားရတော့တယ်..
- ကြည့်လုပ်ဥိးလေဗျာ အရပ်ကတို့ ..လူကောင်းတွေ မျိုးပြူ...
- တကတည်း အကျိုးနည်းတော်..ကျုပ်အသံဘဲ လူကြားတယ်..ရှက်က...
- ဗျို့  ဦးဝင်းထိန်...ဘယ်မလဲ..နတ်ဖွက်တာ မဟုတ်ပါဘူးထ...
- စု- လွှတ်- တွေ့ ဆုံ
- မြို့ လည်ခေါင်ကြီးမှာ..ဗျာ
- လှပသော ကရင်မြေ..ယမ်းနံ့ ဖုံးလွှမ်းရာ ဌာနေ။
- မိစ္ဆာကောင်တွေ မျိုးဖြုတ်ကြစို့ 
- Burma Launches Angry 'Cyber-War'
- နောက်တခါ လုပ်ဖို့  အဆင်သင့်ဘဲ
- ဆရာကြီးဦးဝင်းတင် လွတ်မြောက်လာခြင်း
- Life for a daughter of a political prisoner
- ထောင်ထဲမနေသော..ထောင်ကျနေသူများသို့ ခွန်းဆက်ခြင်း
- အနိုင်မခံ
- အသတ်ခံရတဲ့ ဂျပန်သတင်းထောက်ရဲ့ video လက်သိပ်ထိုး ရေ...
- လွတ်လာပေမဲ့..အလံမလှဲဘူးဟေ့..
- ရွှေဝါရောင်တော်လှန်ရေး၏ နှစ်ပတ်လည်
- တွေ့ ဆုံဆွေးနွေးမလား...မဆွေးနွေးဘူုးလား
- သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ
- NLD ၏ ကျေညာချက် ၉။၂၂။၂၀၀၈
- မွန်ပြည်နယ်အတွင်း လုံခြုံရေးတင်းကြပ်
- သံဃာ့ အခွင့်အရေး တွေဆုံးရှုံးနေ
- ဆင်ဗုံးတွေ နဲ့ ခြောက်လှန့် နေပါတယ် ဗျို့ 
- လူတိုင်းသိစေမဲ့ ငွေစက္ကူ campaign.
- တိုးတက် တောင့်တင်း လာသော ၂၁ ရာစုက..နာဇီ ဗမာပြည်.
- အမှတ်တရ..မေ့ မရတဲ့ သွေးစွန်းပေနေ့ များ (သံဃာ ၏ ဂုဏ...
- သတိထား..ခွေးကိုက်မခံချင်ရင်
- one year anniversary of the Saffron Revolution
- Security tightened in Mon State
- နို့ မှုန့် အဆိပ်သင့်မှု
- ခလေး အမေ ကိုဖမ်းရသလား..
- Big Virus Coming Soon!
- ဘောလုံးသမား သူငယ်ချင်းများ
- မသေပါဘူး..တုန်းကျော်..မောင်မောင်..ပြည်သူ့ အချစ်တော...
- သီတင်းကျွတ်ပြီ..
- Generation wave မှ အာဇာနည်များ..
- ရည်းစားစာတွေ ခိုးဖတ်ချင် လို့ တဲ့ ဗျို့ 
- မင်းဘယ်ပြေးမလည်း..မရွှေဖဲ
- တူမယ် ဆိုလည်း..လုံအောင်ပုန်းဟေ့
- စပ်စုတာက လွန်တယ်..
- အိမ်သာထဲမှ.ရေနဲ့ .စက္ကူမရှိရင်..ကျွန်တော် သန့် စင်ေ...
- ခွပ်ဒေါင်းနီနီ..
- No title
- မန် နေ ဂျာ နဲ့  သူ တောင်း စား ။
- မျက်မြင်သက်သေများ ပြောပြတဲ့ ခရေစေ့ တွင်းကျ မြန်မာ
- ဆရာကြီးမင်းသုဝဏ် နှစ် ၁၀၀ ပြည့်
- မှန်လိုက်လေဗျာ..
- ရောင်းယင်းတို့ ရေ..ဘုန်းကြီးတောင်..ရေ မပေးရင်...ဆိ...
- မစုစုနွေး မိသားစုနှင့် တွေ့ဆုံခွင့်ရရန် ထောင်တွင်း...
- စစ်အစိုးရ..ဘာလုပ်နေသလဲ..
- သီတင်းကျွတ်ပွဲတော်..၂၀၀၈
-
▼
September
(305)
No comments:
Post a Comment