ငါတို့ ပါးစပ်တွေကို ပိတ်ထားပေမယ့်လည်း
ငါတို့ စိတ်တွေက အော်ဟစ်နေကြတယ်။
ငါတို့ ကလောင်တွေကို
မင်းတို့ ရိုက်ချိုးထားပေမယ့်လည်း
ရေးစရာ keyboard တွေ ရှိနေသေးတယ်။
ငါတို့ ရေးမယ့်စာမျက်နှာတွေ
မင်းတို့ ဖျက်ဆီးထားပေမယ့်လည်း၊
ဒါတွေကို ဖော်ပြမယ့် computer monitor တွေရှိနေသေးတယ်၊
ငါတို့ တင်တဲ့ စာမျက်နှာတွေ
မင်းတို့ ဆင်ဆာဖြတ်ထားပေမယ့်
ငါ့တို့ ဆက်တက်သွားမယ့် website တွေရှိနေသေးတယ်၊
အဲဒီ website တွေကို
မင်းတို့ လူမိုက်ငှား ဖျက်ဆီးနေပေမယ့်လည်း
ငါတို့ မှာ ဟောဒီ"ဘလော့"ဆိုတာတွေရှိနေသေးတယ်၊
မင်းတို့ 
ဒီ ဘလော့ ဆိုတဲ့ အရာတွေကိုဖျက်ဆီးနိုင်တယ်ပဲထားအုံး
ဟောဒီ keyboard ပေါ်က ငါတို့ လက်ချောင်းတွေဟာ
သေနတ်မောင်းခလုတ်တွေပေါ်မှာ အကြိမ်ကြိမ်ဆွဲ ညှစ်ပြီး
မင်းတို့ ရင်ဝကို
ကျည်ဆန်အတောင့်များစွာ ပစ်သွင်းနိုင်သေးတယ်........ ယုံပြီလား ?
နေမင်းသူရိယ
No comments:
Post a Comment