တာဝန်မဲ့ အလုပ်ရှာဖွေရေး အေဂျင်စီကြောင့် စင်္ကာပူရောက် မြန်မာနိုင်ငံသား ၂၀ ဒုက္ခဖြစ်
အေးလဲ့ | နိုဝင်ဘာ ၆၊ ၂၀၀၈
ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတခုက စင်ကာပူနိုင်ငံတွင် သွားရောက်အလုပ်လုပ် ကိုင်လိုသူ လူ ၂၀ ကို အလုပ်အကိုင်နှင့်နေစရာအတွက် အာမခံစာချုပ်ကာ ဝန်ဆောင်ခ စုစုပေါင်းကျပ်ငွေ ၄၂ သိန်းစီ ယူဆောင်ခဲ့သော်လည်း အလုပ်အကိုင်အဆင်မပြေသည့်အပြင် အခက်အခဲများနှင့် ရင်ဆိုင်ရသော ကြောင့် ကာယကံရှင်များက ယင်းအေဂျင်စီအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ကြိုးစားနေကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်ရှိ ယူနစ်ပါဝါ (Unique Power company) ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီက အဆိုပါလူ ၂၀ ကို ဇူလိုင်လနှင့် သြဂုတ်လတွင် စင်ကာပူ နိုင်ငံသို့ အလည်အပတ် ဗီဇာဖြင့် ပို့ဆောင် ပေးခဲ့သော်လည်း ဗီဇာသက်တမ်း တလကုန်ဆုံးသည့်တိုင် အလုပ်အကိုင် မရရှိခဲ့ဟု ကာယကံရှင်တဦး ဖြစ်သူ ကိုနိုင်ဖြိုးအောင်၏အဒေါ် ဒေါ်သီတာလွင်က ပြောသည်။
“ကုမ္ပဏီပိုင်ရှင် ဒေါ်အေးနန္ဒာက စင်ကာပူမှာ ကုမ္ပဏီအလုပ်ရမယ်။ စင်္ကာပူဒေါ်လာ ၈၀၀ နေစရိတ်ငြိမ်း ရမယ်။ အချိန်ပို ကြေးလည်း ရနိုင်တယ်လို့ ပြောတယ်” ဟု ဒေါ်သီတာလွင်က ဧရာဝတီ သို့ပြောသည်။
ထိုသူတို့မှာ မြန်မာနိုင်ငံသို့ ပြန်ရန်လည်း လေယာဉ်လက်မှတ် အဆင်မပြေဘဲ စင်ကာပူနိုင်ငံရှိ ဘုန်းကြီး ကျောင်း ၌ တည်းခို နေခဲ့ရကာ အခက်အခဲ တွေ့နေစဉ် အေဂျင်စီကိုအကြောင်းကြားသော်လည်း ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ရရာအလုပ်ကြမ်းကို လုပ်ကိုင်ခဲ့ရကြောင်း သိရသည်။
ကာယကံရှင်မိသားစုဝင်များကို ဒေါ်အေးနန္ဒာကအတွေ့မခံသဖြင့် ကျောက်တံတား ရဲစခန်းတွင်တိုင်ကြားရာ ကျောက်တံတား ရဲစခန်းမှ တာဝန်ရှိသူများက ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ငြင်းဆိုသည်ဟု ဒေါ်သီတာလွင်က ပြောသည်။
“ကျမတို့က စာချုပ်စာတန်းနဲ့ အလုပ်လုပ်ကြတာလေ။ ဒီစာချုပ်စာတန်းတွေနဲ့ ကျောက်တံတား ရဲစခန်း ကိုတိုင် တော့ စခန်းမှူး ဦးစိုးလွင်က လုံးဝတာဝန်မယူဘူး။ ဒုရဲအုပ် သောင်းရင်နဲ့ ဒုရဲအုပ် အုန်းမြင့်တို့က သူတို့နဲ့ မဆိုင် ဘူးလို့ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် ယမန်နေ့က နေပြည်တော်ရှိ သက်ဆိုင်ရာ လူကြီးများထံ တိုင်ကြား ရန်ကြိုးစားခဲ့ကြောင်း မိသားစုဝင် တဦးက ပြောသည်။
“မနေ့က နေပြည်တော်ကို ဆင်းသွားပြီးတိုင်တယ်။ ရဲမှူးကြီးဝင်းခေါင် နိုင်ငံခြားကိုသွားနေတယ်။ နောက်နှစ် ရက်လောက် ကျမှလာပါလို့ ပြောတယ်။ နောက်နောင်ဒီလို လုပ်စားနေတဲ့သူတွေမရှိတော့အောင် တိုင်တာပါ။ ကျမတို့က ရှိလို့သွားတာ မဟုတ်ဘူး။ စီပွားရေးအဆင်ပြေနိုးနိုးနဲ့ မရှိမဲ့ ရှိမဲ့ ချေးငှားပြီး ပို့ခဲ့ရတာပါ” ဟု ဒေါ် သီ တာလွင်ကဆိုသည်။
ဧရာဝတီမဂ္ဂဇင်းမှ ယူနစ်ပါဝါ ကုမ္ပဏီပိုင်ရှင် ဒေါ်အေးနန္ဒာ၏ လက်ကိုင်ဖုန်းကို ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် ကုမ္ပဏီကို ဖုန်းဆက်သော်လည်း ရုံးတွင်မရှိကြောင်း ဝန်ထမ်းများက ဖြေကြားပြီး ဖုန်းဆက်သူ အမည်ကိုသာ ယူထားခဲ့သည်။
လူ၂၀ ထဲမှ ကိုအောင်မြတ်သူမှာလည်း မြန်မာပြည်ရှိအိမ်ကို ပေါင်နှံကာ စင်ကာပူသို့ သွားရောက်ခဲ့ရသည်။ ၎င်းမှာ အလုပ် မရဘဲ အနေအစား ဆင်းရဲစွာဖြင့် ၁ လနှင့်ရက်၂၀ ကြာ နေထိုင်ခဲ့ပြီး မြန်မာပြည်သို့ ပြန်လာကာ အမှုဖွင့်တိုင်တန်းခဲ့သည်။
ကိုနိုင်ဖြိုးအောင်သည် တလကျော်ကြာ စင်ကာပူတွင် နေပြီးနောက် မလေးရှားနိုင်ငံဘက်သို့ ဆက်လက် ထွက်သွားသော် လည်း ကျန် ၁၉ ဦးမှာ မြန်မာနိုင်ငံသို့ပြန်ရောက် လာခဲ့ကြောင်း သိရသည်။
ကာယကံရှင်များမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ဗိုလ်ချှုပ်မှူးကြီး ဦးသန်းရွှေအပါအဝင်အထူးစုံစမ်း စစ်ဆေး ရေးဌာန၊ ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် စသည့် နေရာများသို့ တိုင်စာ ပို့ခဲ့သော်လည်း အရေးယူခြင်း မရှိ ကြောင်း ဒေါ်သီတာလွင်က ဆိုသည်။
“အခုနောက်ပိုင်း စင်ကာပူမှာအလုပ်အကိုင် ပိုပိုရှားလာတယ်။ ၆ လလောက်ရှိပြီ။ အခုက တကမ္ဘာလုံး စီးပွားရေး ကျတဲ့ အချိန်ရောက်နေတော့ စင်ကာပူနိုင်ငံလည်းထိခိုက်တယ်။ ကျနော်တို့လို နိုင်ငံခြားသား အလုပ်သမား တွေ ကို အလုပ်ဖြုတ်တာ လခမပေးတာတွေ ရှိပါတယ်” ဟု လက်ရှိ စင်္ကာပူတွင် နေထိုင်သည့် မြန်မာပြည် သား တဦးက ပြောသည်။
http://www.irrawaddy.org/bur/news2008/November/Nov_06d_08.html
Rest of your post
Thursday, November 6, 2008
လိမ်လည်ငွေယူ လူကုန်ကူး နေကြသူများ..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
November
(417)
- ( န အဖ ) တို့  ပြော သော တိုး တက် နေ သည့် မြန် မာြ...
- အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း
- မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ
- Burma: Unpreventable Death Under Military Boots
- တော်လှန်ရေးရဲ့အောင်မြင်လမ်း (သို့ ) The Road
- Bloodstained Rubies Fund Burmese Regime
- BGAN & Burma plea a video by : Jeffrey Hellman
- November 30th In NYC History
- ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ
- ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် (၃၀)မြောက် အထိ...
- အမေလူထုဒေါ်အမာရဲ့ (၉၃)နှစ်မြောက် ဂုဏ်ပြု စာ ကဗျာများ
- သွားရောက်စစ်ဆေးပေးပါ။
- Welcome to 1st conference of Sasana Moli by ABMA
- မြန် မာ ပြည်၏ တရားမျှတသည်ဆို သော တ ရား စီ ရင် ရေး
- ( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် ...
- Become a Hero to Children in Burma
- နအဖ လက်အောက်မှ ကျွန်ခံရရှာသော ကလေးစစ်သား၏ ဘဝ
- လူကုန်ကုးခံရသော မြန်မာ အမျိုးသမီးများ ကို ကူညီကြပါ။
- မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ
- ၉၃ နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ ဂုဏ်ပြုအယ...
- ခလေး စစ်သားပြဿနာ..
- ပေါင်းစားကြမလား...လက်နက်ချမလား..
- ပါလီမန် ဒီမိုကရေစီ သတင်းစဉ် Nov 2008
- ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ.....
- Voice of Burma, Dec 2008
- သူတောင်းစားတွေပေါတဲ့တိုင်းပြည် က သူတောင်းစားတစ်ယောက်
- လူသတ်ကောင်တွေရဲ့ အစည်းအဝေး
- လူမဟုတ်တဲ့ လူ
- မြန်မာ့ခွေး တပ်မတော်
- ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace
- မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကိ...
- လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလု...
- မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ခ...
- ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီး...
- လူတွေမလာနဲ့  gas သာလာပစေတဲ့။
- မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လ...
- မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသား...
- သူတောင်းစားတွေ ပေါမှပေါ..
- အိပ်ပေါက်နဲ့ ဖားကောက်နေတဲ့ နအဖ
- သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက...
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့
- သတင်း အမှောင်ချထားခြင်း
- Brief History of Burma from CNN
- ဒီ video ကြည့်ပြီး သန်းရွှေဖျားနေတယ်.ကြောက်လို့ 
- Relief and Resistance in Burma's War Zones
- HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း
- ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြုကြစေလို
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည...
- in front of UN ( in japan )
- ကြိုင်ကြိုင်နဲ့ သန်းရွှေ တို့ ရဲ့သောင်းကျန်းပုံတွေ
- ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်
- လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒ...
- အကြမ်းဖက်သမား သန်းရွှေ အုပ်စိုးရာ ပြည်တွင်းမှ ပြည်သ...
- မြန်မာနိုင်ငံသား AIDS ရောဂါရှင်များရဲ့ ကယ်သူမဲ့ဘဝ
- ထိုင်းဝန်ကြီးချူပ်လဲ သန်းရွှေလို အာဏာရူးဘဲလား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အ...
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်
- Burmese Health--Healthy Eating, Healthy Living in ...
- ဒုက္ခသည် များရဲ့ အရိပ်ကောင်းသော သစ်တပင်
- အလင်းရောင်ပျောက်သော်လည်း..ပွင့်နေဆဲ ပန်းကလေးများ
- Burmese School in Bangkok
- ဆေးဝါးပြတ်လပ်လို့ အိပ်ခ်ျအိုင်ဗွီရောဂါသည် သောင်းနဲ...
- မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုး...
- ငတက်ပြား သက်ကျားအိုဝန်ကြီး
- မြန်မာပြည်က မျောက်နှစ်ကောင်ကတဲ့ပွဲ
- ရခိုင်အာဇာနည် ဦးသာထွန်း.
- Generation Wave တဲ့ဟေ့
- မချိသွားဖြဲ..နေကြသူတွေ..
- The Arakan National Newspaper.vol;2.No.11.November...
- ရခိုင်ပြည်နယ်မှသတင်း
- E နဲ့  G နဲ့ မှားတာပါဗျာ..
- Invitation
- အမျိုးသမီးများရဲ့ အသံ
- “ အ ရှက် ဖြေ လင်္ကာ ”
- မြန်မာ က ဘင်္ဂလားဒေ့ရှ်ကို စပြီး ရန်စခြင်း
- ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို...
- နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်မျာ...
- တပ်တွင်း အပြောင်းအလဲ ပြုလုပ်
- Where Buddhism and Physics Converge
- Where Science and Buddhism Meet
- The Politics of Buddhism in Burma
-ုဖြတ်လေးဖြတ်နဲ့  သတ်တဲ့ လူမျိုးပြုန်းသတ်မှု
- Myanmar 6 months on
- သတင်းများ.(DVB)
- မြန်မာမိန်းကလေးငယ်အား ရောင်းစားသူ တရုတ်အမျိုးသမီးက...
- နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ
- ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင် (ရွေတိဂုံဘ...
- Voice of Burma, NOV 2008
- သာသနာဥသျှောင်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး မှတ်တမ်း...
- အောက်ခြေလွတ်နေသူ
- နယူးဒေလီ ဆန္ဒပြပွဲ
- သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ
- တစ်နိုင်ငံ လုံး စီးပွားရေး သူ့စီးပွားရေးဘဲ
- လှောင်ချိုင့်စံ
- နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ...
- သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်
- မင်းမှာသစ္စာ လူမှာကတိတဲ့ .မင်းအစစ်မရှိတဲ့ ပြည်မြန်မာ
-
▼
November
(417)
No comments:
Post a Comment