Saturday, November 8, 2008

သင့် ကိုနိုင်ငံတော်က အလိုရှိသည်

မြန်မာပြည်ကလူ၊ စကားဝဲ၏

အသင်မြန်မာပြည်က လာပါသလား။
အသင်သည် ဗမာ(သို့ မဟုတ်)တိုင်းရင်းသား မျိုးနွယ် ဖြစ်ပါသလား။
အသင်သည် အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည် ကိုစွန့် ခွာပြီး တိုင်းတပါးတွင် အခြေစိုက်နေထိုင်လုပ်ကိုင်စားသောက် နေပါသလား။

အသင်သည် မြန်မာပြည်၏ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို သိရှိ၊သတိပြု မိပါသလား။

အသင်သည် ထိုကဲ့သို့ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေသော မြန်မာနိုင်ငံတွင် သန်းပေါင်းများစွာသော လူများ နေ့စဉ်ထမင်းနပ်မှန်မှန် စားရရေးနှင့် အရှက်လုံရန်ဝတ်ဆင်ရေးတို့ အတွက် ပင်ပမ်းဒုက္ခကြီးစွာ ရုန်းကန်လှုပ်ရှား နေကြရကြောင်း သိရှိ၊ နားလည်၊ ခံစား မိပါသလား။

အသင်သည် မြန်မာနိုင်ငံတွင် ထောင်ပေါင်းများစွာသော ရိုးသားဖြောင့်မတ်၊ အမှန်တရားဘက်မှ ရဲဝံ့စွာရပ်တည် သူများသည် မတရား ညှင်းပမ်းနှိပ်စက် ခံရ ရုံသာမက နှစ်ရှည်လများ ထောင်သွင်းအကျဉ်းချ ခံကြရသည် ကို သိရှိ နားလည် ခံစားမိပါသလား။

အသင်သည် ဖေါ်ပြပါသတင်းများဖြစ်သည့် -
နိုင်ငံတော်၏လျှို့ ဝှက်ချက်များ
၁၀တန်းကျောင်းသားကိုဓားနှင့်ထိုးသတ်သော မိထ္ထီလာလေတပ်က ဗိုလ်ကြီးအောင်တေဇာ
မတရားမှုများကို ကျူးလွန်နေသော တရားရုံး

စသည်များကို ဖတ်ရှုသော အခါ စစ်ဝါဒ စနစ်ဆိုးကြောင့် အစစပျက်သုန်းနေပြီဖြစ်သော မြန်မာနိုင်ငံကို၎င်း၊ ဒုက္ခဆင်းရဲခြင်းကြီးစွာဖြင့် မတရားဖိနှိပ်ချုပ်ခြယ်မှုကို ပြင်းထန် ဆိုးရွားစွာ ခံစားနေကြရသော ရိုးသားအပြစ်မဲ့သည့် ပြည်သူများကိုသော်၎င်း တနည်းတဖုံအားဖြင့် ကူညီလိုစိတ် ရှိပါသလား။

အကယ်၍ ကူညီလိုစိတ်ရှိပါလျင် ဤဘလောဂ့်တွင် ဖေါ်ပြထားသော စာရင်းဇယားပြုစုမှတ်တမ်းတင်ခြင်း
ပိုစ့် ကို ကျေးဇူးပြု၍ ဖတ်ရှုပြီး ထိုလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက် ပေးပါ။ အသင်၏ အားလပ်ချိန်တွင် တနေ့ ကို နာရီဝက်၊ တနာရီခန့်မျှ စာရင်းပြုမှတ်တမ်းတင် ခြင်းဖြင့် စစ်အာဏာရှင်အစိုးရ အား ထိမိပိုင်နိုင်စွာ ထိုးစစ်ဆင် တိုက်ခိုက်နိုင်ပါသည်။

လေးစားစွာဖြင့်
နေခြည်ဦး http://whoiswhoinburma.blogspot.com/


ဘယ်လို သင်ကူညီနိုင်ပါသလဲ ???

စာရင်းပြုစုခြင်း နှင့် အချက်အလက်ရှာဖွေစုဆောင်း ခြင်း ဖြင့် အမိမြေကို ကူညီပါ။

အဘယ်ကြောင့် စာရင်းဇယားပြုစုမှတ်တမ်းတင်ခြင်းသည် အရေးကြီးပါသနည်း။
စာရင်းဇယားပြုစုမှတ်တမ်းတင်ခြင်း သည် မည်သည့်အဖွဲ့ အစည်း၊ ဌာန၊ သမဂ္ဂ တိုင်းတွင်မဆို အဓိက အရေးပါ အရာရောက်သော လုပ်ငန်းစဉ်ကြီးတခု ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ သမိုင်းကိုပြန်ကြည့်လျင် ပုဂံခောတ် အနော်ရထာမင်းကြီးလက်ထက်မှစ၍ လူစာရင်း၊ မြေစာရင်း၊ လယ်စာရင်း စသည်များကို စနစ်တကျ မှတ်တမ်းတင် ခဲ့ပြီး ထိုလုပ်ရပ်များ၏ ရလဒ် သည်ကားသာယာဖွံ့ ဖြိုးတိုးတက်ကြွယ်ဝသော မြန်မာနိုင်ငံကြီးပင် ဖြစ်ခဲ့ပါသည်။
ထို့ အတွက်ကြောင့် လက်ရှိ မြန်မာနိုင်ငံကို ကမ္ဘာ့ နောက်ဆုံးပိတ် အဆင်းရဲ၊ အမွဲတေဆုံး နိုင်ငံအဆင့်မှ ပုဂံ၊ တကောင်းခေတ် များက ကဲ့သို့စည်ပင်ကြွယ်ဝ၊ဖွံ့ ဖြိုးတိုးတက်သော န်ုင်ငံကြီးတခုအဆင့်သို့  ပြန်လည်ရောက်ရှိစေရန်ကြိုးပမ်းရာတွင် စနစ်တကျ စာရင်း ဇယားပြုစုမှတ်တမ်းတင်ခြင်း အလုပ်သည် အဓိက အချက်အချာ ကျသော လုပ်ငန်းစဉ်ကြီးတခု ပင်ဖြစ်ပါသည်။

မည်သူများက စာရင်းဇယားပြုစုမှတ်တမ်းတင်ခြင်း နှင့် အချက်အလက်ရှာဖွေစုဆောင်းခြင်း ကိုပြုလုပ်နိုင်ပါသနည်း။
စာရေးစာဖတ်တတ်သည့် မည်သူမဆို ပြုလုပ်နိုင်ပါသည်။
စာရင်းဇယားပြုစုမှတ်တမ်းတင်သူ များလေ၊ နိုင်ငံတော်အတွက် အကျိုးကျေးဇူး အမြန်ရလေပင် ဖြစ်ပါသည်။


မည်ကဲ့သို့ ပြုလုပ်ပါမည်နည်း။

၁။ ဘလော့ဂ်အသစ်တခုကိုဖွင့်ပါ။ ( မလုပ်တတ်ပါက မေးအသစ်တခုဖွင့်၍ မသဒ္ဓါ အား ဆက်သွယ်ပါ။ ကူညီပါမည်)
၂ ။ မိမိပြုလုပ်လိုသောစာရင်းနှင့်ဆီလျော်သည့် အမည်ကိုတပ်ပါ။ ဥပမာ ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ
၃ ။ ပုဂ္ဂိုလ် တဦးစီ၏ အမည်ကို ပိုစ့် (post) တခုစီတွင် သွင်းပါ။
၎ ။ စာရင်းပါ ပုဂ္ဂိုလ်များနှင့် သက်ဆိုင်သည့် အချက်အလက်များကို သတင်းစာ၊ အင်တာနက် စသည့် မီဒီယာအမျိုးမျိုးမှ ရှာဖွေစုဆောင်းပြီး သက်ဆိုင်ရာ ပိုစ့်များတွင် ထဲ့သွင်းပါ။

အထက်ပါ လုပ်စဉ်များ ကိုလုပ်ပြီးပါက အသင်၏ စာရင်းပြုစုခြင်းဆိုင်ရာ ဘလောဂ့်သည် အကြမ်းအားဖြင့် ပြည့် စုံ သွားပြီ ဖြစ်ပါသည်။ အနာဂါတ်တွင် အသင်၏ ကွန်ပြူတာနည်းပညာ ကျွမ်းကျင်မှုပေါ်တွင်မူတည်၍ သင် ၏ ဘလောဂ့်ကို စိတ်ကြိုက် ပိုမိုကောင်းမွန် ထိရောက်အောင် ပြုပြင်သွားနိုင်ပါသည်။
(သတိပြုရန်အချက်များ)စာရင်းဘလောဂ့်တွင် ပိုစ့်အရေအတွက်ကို လျော့ထားပါ။ ဥပမာ ဝန်ကြီးအရေအတွက် ၄၀ ကျော်ရှိပါက ထက်ဝက်ဖြတ်ပြီး ဝန်ကြီးများ (အပိုင်း၁)၊ ဝန်ကြီးများ (အပိုင်း၂) စသည်ဖြင့် ဘလောဂ့် ၂ခု (သို့ ) ၃ခု ထုတ်လုပ်ပါ။
ပိုစ့်အရေအတွက် ၁၀ခု ၁၅ခု မျှသာ ထားပါက ထိမ်းသိမ်းပြုပြင်ရန် နှင့် ဖတ်ရှုရန် ပိုမို လွယ်ကူပါသည်။

ဤဘလောဂ့်ကို ပုံစံကြည့်နိုင်ပါသည်။

ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ခြင်းကို ရှောင်ကြဉ် ပြီး သတင်းအချက်အလက် ထုတ်ဖေါ်ခြင်းကိုသာ ဦးစားပေးပါ။ အခြားသောသတင်းမီဒီယာများမှ အချက်အလက်များကို ကူးယူ ဖေါ်ပြလျင် လင့်ခ်များကို အထင်အရှား ဖေါ်ပြပါ။ သတင်းအချက်အလက်များကို မည်ကဲ့သို့ ရှာဖွေပါမည်နည်း။
လက်ရှိသတင်းအချက်အလက်အများစု ကို အင်တာနက် သတင်းမီဒီယာ များတွင် ရရှိနိုင်
ပါသည်။

ဥပမာ http://www.rba.gov.au/MediaReleases/2007/mr_07_19_annex.html
http://documents.treasury.gov.uk/financialsanctions/sanctionsconlist.htm
http://www.irrawaddy.org/article.php?art_id=5010&page=2
http://burmatoday.net/news2005/2007/200709/070906_bty_bur_tun_hla_sein.swf
http://www.publicenemies.blogspot.com/
စသည့် ဆိုက်များတွင် ရှာဖွေစုဆောင်းနိုင်ပါသည်။

အခြားသောဆိုဒ်များဖြစ်သည့်
DVB ကဲ့သို့ ဆိုဒ်များတွင် မတရား၊လဒ်လာဘ်လိုက်စားသော ရဲအရာရှိ၊ တရားသူကြီး စသည်တို့၏ အကြောင်းများကို ဖတ်ရှုရှာဖွေ မှတ်တမ်းတင်နိုင်ပါသည်။

စာရင်းဘလောဂ့်များ မထပ်စေရန် မည်ကဲ့သို့  ဆောင်ရွက်ပါမည်နည်း။ ဤကိစ္စကို စိတ်ပူရန် မလိုပါ။ စာရင်းဘလောဂ့် များလေ အချက်အလက်ရှာဖွေ ရန် အသုံးကျလေ ဖြစ်ပါသည်။

မြန်မာလက်ကွက်မရိုက်တတ်လျင်မည်သို့ ပြုလုပ်ရမည်နည်း။ မိမိရိုက်တတ်သည့် ဘာသာ လက်ကွက်နှင့် သာရိုက်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ စပန်းနစ် စသည့် နိုင်ငံခြား ဘာသာအားလုံးသည် အသုံးဝင် အရေးပါ ပါသည်။ အကယ်၍ မြန်မာလက်ကွက် ရိုက်တတ်လိုစိတ် ရှိလ
ျင် Zawgyi စသည့် မြန်မာဖောင့် ဆိုက်များကို အလွယ်တကူ Download ရယူနိုင်ပြီး လက်ကွက်အရိုက်ကျင့်လျင် ရက်အနည်းငယ်အတွင်း တိုးတက်ကျွမ်းကျင်လာနိုင်ပါသည်။

သင်၏ ကူညီတတ်သည့် စိတ်စေတနာဖြင့် ကြိုးစားအားထုတ်မှုကြောင့် ရိုးသားဖြောင့်မတ်သော်လည်း ဒုက္ခဆင်းရဲခြင်း ကြီးစွာ ရုန်းကန်လှုပ်ရှား နေကြရသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများ တို့ သည် အကျိုးကျေးဇူးများစွာ ခံစားနိုင်မည် ဖြစ်ပါသည်။

လေးစားစွာဖြင့်

နေခြည်ဦး
http://whoiswhoinburma.blogspot.com/

blog လုပ်ရန် အခက်အခဲရှိပါက မသဒ္ဓါ
ကိုဆက်သွယ်ပေးပါ။ ကူညီပါ့မည်။

No comments:

Post a Comment