ပြင်းထန်သော အပြစ်ပေးမှုများက စိတ်ဓါတ်များကို မဟန့်တားနိုင်ဟု အန်အယ်ဒီ လူငယ်ပြောကြား
ဆော်လမွန်
စနေနေ့၊ နိုဝင်ဘာလ 15 2008 20:54 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မကြာသေးခင်က သဘောထား ကွဲလွဲသူများကို နှစ်ရှည် ထောင်ဒါဏ်များ ချမှတ်ခဲ့သော်လည်း သူတို့၏ ယုံကြည်ချက်များနှင့် ဒီမိုကရေစီ တိုက်ပွဲဝင်ရန် သစ္စာ အဓိဌာန် ပြုထားခြင်းတို့ အပေါ်၌ မည်သို့မျှ မတားဆီးနိုင်ခဲ့ပါဟု မြန်မာ့ အဓိက အတိုက်အခံ ပါတီတခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်အဖွဲ့ဝင်များက ပြောကြားသည်။
မြန်မာစစ်အစိုးရသည် ပြီးခဲ့သည့်သီတင်းတပတ်လုံး ကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများ၊ ဘုန်းတော်ကြီးများ၊ စာရေးဆရာများ၊ သတင်းသမားများနှင့် ကဗျာဆရာများပင် ပါဝင်သော ထိန်းသိမ်းခံထားရသူ အများအပြားကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
၈၈ မျိုးဆက် ကျောင်းသားများကို ထောင် ဒဏ် ၆၅ နှစ်စီ စီရင်ချက် ချမှတ်လိုက်ပြီး NLD အဖွဲ့ဝင်များ အပါအဝင် တက်ကြွလှုပ်ရှားသူ အများအပြားကိုလည်း ၂ နှစ်မှ နှစ် ၂၀ ထိထောင်ဒဏ်များ ချမှတ်လိုက်သည်။
သောကြာနေ့က ၂ နှစ်မှ ၁၆ နှစ်အထိ စီရင်ချက်ချမှတ်လိုက်သော အမှု ၁၄ မှု အပါအဝင် NLD အဖွဲ့ဝင်များနှင့် အခြား တက်ကြွလှုပ်ရှားသူများကို ပြီးခဲ့သည့် သီတင်းတပတ် တောက်လျှောက်လုံး ရန်ကုန်မြို့ရှိ အင်းစိန်တရားရုံးနှင့် အခြားမြို့နယ် တရားရုံးများမှ စီရင်ချက်များ ဆက်တိုက်ချမှတ်ခဲ့သည်။
ရန်ကုန်မြို့မှ NLD လူငယ်တဦးဖြစ်သူ ကိုပေါက်က ၎င်း၏ လုပ်ဖော်ကိုင်ဖက်များအပေါ် စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် ကြီးမားသော ထိုးနှက်ချက်တခု ဖြစ်သော်လည်း ယခုတိုင် အဖမ်းအဆီး မခံရသေးသော သူနှင့် အခြား လုပ်ဖော်ကိုင်ဖက်များအား မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် အထောက်အကူ ဖြစ်မည်ဟု ယုံကြည်သော လှုပ်ရှားမှုမှန်သမျှကို ဆက်လက် လုပ်ဆောင်သွားခြင်းမှ မည်သို့မျှ တားဆီးနိုင်မည် မဟုတ်ပါဟု ပြောကြားသည်။
"ဒီလို အခြေအနေမျိုးအတွက် ကျနော်တို့ ပြင်ဆင်ထားပြီးသားပါ။ တနေ့ ဒီလိုဖြစ်လာမယ်ဆိုတာ သိပြီးသားမို့ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ဘာလို့လည်းဆိုတော့ ဒီဟာက ကျနော်တို့ရဲ့ စိတ်ဓါတ်တွေကို မကျော်လွှားနိုင်ပါဘူး။ " ဟုသူက မဇ္ဈိမအား တယ်လီဖုန်းဖြင့် ပြောကြားသည်။
သူက အစိုးရရဲ့ ဆက်တိုက် ဖိနှိပ်မှုတွေ ရှိနေသော်လည်း သူနဲ့သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အတွင်းကျကျ ဆက်လက် တိုက်ပွဲဝင်သွားဖို့ အသင့်ရှိနေပြီး စစ်အစိုးရရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရရင် သူတို့ပေးဆပ်ရမယ့် အကျိုးဆက်တွေကိုလည်း ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသားပါဟု ပြောကြားပါသည်။
၂၀၀၇ခုနှစ် စက်တင်ဘာလက စစ်အစိုးရမှ ဆန္ဒပြသူများကို သွေးထွက်သံယို နှိမ်နှင်းမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ပြီးခဲ့သည့် နှစ်က ကိစ္စဖြင့် ရာပေါင်းများစွာသော တက်ကြွလှုပ်ရှားသူ များကို ဖမ်းဆီးထိန်းသိမ်းခြင်းဖြင့် တက်ကြွလှုပ်ရှားသူများအား ဖြိုခွဲမှုများ ဆက်လက် ပြုလုပ်ခဲ့သည်။
စစ်အစိုးရက စောစောပိုင်းက အမျိုးသားလုံခြုံရေးကို ပျက်ပြားစေရန် ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်သည်ဆိုသော ထင်ရှားသည့် အီလက်ထရောနစ် ပုဒ်မ အပါအဝင် ပုဒ်မ တော်တော်များများနှင့် တရားစွဲဆို ထားခဲ့သော်လည်း တက်ကြွ လှုပ်ရှားသူ တော်တော်များများကို မကြာသေးခင်ကအထိ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း မရှိသေးပေ။
ကိုပေါက်မှ မကြာသေးခင် ရက်များက တက်ကြွလှုပ်ရှားသူ တော်တော်များများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းသည် ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ရန် စီစဉ်ထားသော ရွေးကောက်ပွဲမတိုင်ခင် အဓိကကျသည့် တက်ကြွလှုပ်ရှားသူများကို ခွဲခြားကန့်သတ်ရန် လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ပြောကြားသည်။
စစ်အစိုးရက ဒီမိုကရေစီ ဖော်ဆောင်နိုင်ရန်အတွက် ၎င်း၏ လမ်းပြမြေပုံအတိုင်း ဆက်လက် လုပ်ဆောင်နေပြီး ၂၀၁၀ ခုတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု စောစောပိုင်းက ကြေညာထားခဲ့သည်။ သို့သော် ဝေဖန်သူများနှင့် အတိုက်အခံအုပ်စုများက စစ်အစိုးရသည် ၎င်းတို့၏ အုပ်ချုပ်မှုကို တရားဝင်ပြုလုပ်ရန် ကြိုးစားသည့် အနေဖြင့် ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မဆို အနိုင်ရအောင် ပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်ဟု ထင်မြင်ချက် ပေးကြသည်။
ထိုသို့သော နည်းလမ်းများကဲ့သို့ပင်စစ်အစိုးရ၏ မဟာဗျူဟာတခုမှာ အတိုက်အခံအဖွဲ့များကို ရှင်းလင်း ဖယ်ရှားခြင်းအားဖြင့် ရွေးကောက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ရန် ဖြစ်သည်ဟု ဝေဖန်သူများက ပြောကြားသည်။
"တက်ကြွလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းအားဖြင့် သူတို့ (စစ်အစိုးရ) က သူတို့အတွက် ဘာအတားအဆီးမှ မရှိစေဖို့ အတိုက်အခံတွေ အားနည်း သွားအောင် လုပ်ဆောင်ခြင်တာပဲ ဖြစ်တယ်" ဟု ကိုပေါက်က ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံ တဝှမ်းလုံးရှိ အကျဉ်းထောင်များတွင် NLD အဖွဲ့ဝင် အနည်းဆုံး ၄၀၀ ခန့် ရောက်ရှိနေကြသည်ဟု သိရသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာတော်များ ဦးဆောင်သော ဆန္ဒပြမှုများ အပြီးတွင် နိုင်ငံရေး အကျဉ်းသားစာရင်းသည် စောစောပိုင်းက ၁၁၀၀ ခန့်သာ ရှိနေခဲ့ရာမှ လက်ရှိ ၂၁၀၀ ကျော် ထိ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
မြန်မာပြည်အလယ်ပိုင်း မိထ္ထီလာ NLD မှ အတွင်းရေးမှူးဖြစ်သူ ဒေါ်မြင့်မြင့်အေးက နိုင်ငံရေး အကျဉ်းသားများအတွက် စိုးရိမ်သောကြောင့် ၎င်းတို့ လွတ်မြောက်ရေးအတွက် ဘုရားများသို့ သွားရောက်ကာ ဆုတောင်းနေရသည်ဟု ပြောကြားသည်။
"သူတို့ (စစ်အစိုးရ)က နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲပေးမယ်လို့ သူတို့ ကြေညာထားတာနဲ့ အတိအကျကို ဆန့်ကျင်ပြီး လုပ်နေကြတယ်" ဟု သူမကပြောသည်။
သူမက NLD သည် နိုင်ငံကို အပြောင်းအလဲ ပြုလုပ်ပေးရန် တာဝန်ရှိသည့်အတွက် ဒီမိုကရေစီ တိုက်ပွဲကို ဆက်လက်ဆင်နွဲရန် သူ့ကိုယ်သူ ပိုမိုအားကောင်းသည့် အဖွဲ့တခုအဖြစ် ပြန်လည် ဖွဲ့စည်းရန် လိုအပ်သည်ဟု ပြောကြားသည်။
တခါက နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဘူးသော သူမက ထောင်တွင်း၌ ဖြတ်သန်းခဲ့ဘူး၍ ထောင်တွင်းမှ ခက်ခဲပင်ပန်းသော အခြေအနေများကို သူမ ကောင်းကောင်းသိကြောင်း၊ သို့သော် ယခု အခါသူမသည် တိုက်ပွဲကို ဆက်လက်ဆင်နွဲရန် အဆင်သင့်ဖြစ်နေပြီး သူမ၏ စိတ်ဓါတ်သည်လည်း ယခင်ကထက် ပိုမို ခိုင်မာနေသည်ဟု သူမက ပြောသည်။
NLD မှ အခြားလူငယ် အဖွဲ့ဝင်တဦးက စစ်အစိုးရမှ အဆက်မပြတ် ဖိနှိပ်နေသော်လည်း စိတ်ပျက် အားလျော့သွားမည် မဟုတ်ပဲ ၎င်းတို့ လုပ်ဆောင်နိုင်သမျှကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောကြားသည်။
"မကြာသေးခင်ကအကြောင်း (တက်ကြွ လှုပ်ရှားသူများကို နှစ်ရှည် ထောင်ဒဏ်ချမှတ်ခြင်း) တွေကို ကျနော်တို့ ပြောကြတဲ့အခါ၊ ကျနော်တွေ့တာကတော့ ကျနော်တို့ ဘယ်သူမှ စိတ်ဓါတ် မကျကြပဲ အဲ့ဒိအစားပိုပြီး စိတ်ဆိုးရပြီး တိုက်ပွဲကို ရှေ့ဆက်ဖို့အတွက် ပိုပြီး စိတ်ဓါတ်ခိုင်မာလာကြပါတယ်။" ဟု အမည်မဖော်လိုသူ ရန်ကုန်မြို့မှ လူငယ်တဦးက ပြောကြားသည်။
သူက "အစိုးရဟာသူ့ရဲ့မတရားမှုတွေကို သက်သေပြနေတာ ဖြစ်ပြီး ပြည်သူတွေဘက်က သက်သေခံပေးနေတာပါပဲ။ ဘာတွေဘဲ ဖြစ်လာလာ ကျနော်တို့ကတော့ မကြောက်ဘူး။ ရှေဆက်လုပ်သွားမှာဘဲ"ဲဟု ပြောပါသည်။
Rest of your post
Sunday, November 16, 2008
ဗမာပြည်က အမှန်တရားသည် ထောင်တွင်းမှာရှိ၏
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
November
(417)
- ( န အဖ ) တို့  ပြော သော တိုး တက် နေ သည့် မြန် မာြ...
- အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း
- မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ
- Burma: Unpreventable Death Under Military Boots
- တော်လှန်ရေးရဲ့အောင်မြင်လမ်း (သို့ ) The Road
- Bloodstained Rubies Fund Burmese Regime
- BGAN & Burma plea a video by : Jeffrey Hellman
- November 30th In NYC History
- ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ
- ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် (၃၀)မြောက် အထိ...
- အမေလူထုဒေါ်အမာရဲ့ (၉၃)နှစ်မြောက် ဂုဏ်ပြု စာ ကဗျာများ
- သွားရောက်စစ်ဆေးပေးပါ။
- Welcome to 1st conference of Sasana Moli by ABMA
- မြန် မာ ပြည်၏ တရားမျှတသည်ဆို သော တ ရား စီ ရင် ရေး
- ( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် ...
- Become a Hero to Children in Burma
- နအဖ လက်အောက်မှ ကျွန်ခံရရှာသော ကလေးစစ်သား၏ ဘဝ
- လူကုန်ကုးခံရသော မြန်မာ အမျိုးသမီးများ ကို ကူညီကြပါ။
- မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ
- ၉၃ နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ ဂုဏ်ပြုအယ...
- ခလေး စစ်သားပြဿနာ..
- ပေါင်းစားကြမလား...လက်နက်ချမလား..
- ပါလီမန် ဒီမိုကရေစီ သတင်းစဉ် Nov 2008
- ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ.....
- Voice of Burma, Dec 2008
- သူတောင်းစားတွေပေါတဲ့တိုင်းပြည် က သူတောင်းစားတစ်ယောက်
- လူသတ်ကောင်တွေရဲ့ အစည်းအဝေး
- လူမဟုတ်တဲ့ လူ
- မြန်မာ့ခွေး တပ်မတော်
- ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace
- မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကိ...
- လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလု...
- မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ခ...
- ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီး...
- လူတွေမလာနဲ့  gas သာလာပစေတဲ့။
- မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လ...
- မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသား...
- သူတောင်းစားတွေ ပေါမှပေါ..
- အိပ်ပေါက်နဲ့ ဖားကောက်နေတဲ့ နအဖ
- သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက...
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့
- သတင်း အမှောင်ချထားခြင်း
- Brief History of Burma from CNN
- ဒီ video ကြည့်ပြီး သန်းရွှေဖျားနေတယ်.ကြောက်လို့ 
- Relief and Resistance in Burma's War Zones
- HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း
- ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြုကြစေလို
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည...
- in front of UN ( in japan )
- ကြိုင်ကြိုင်နဲ့ သန်းရွှေ တို့ ရဲ့သောင်းကျန်းပုံတွေ
- ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်
- လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒ...
- အကြမ်းဖက်သမား သန်းရွှေ အုပ်စိုးရာ ပြည်တွင်းမှ ပြည်သ...
- မြန်မာနိုင်ငံသား AIDS ရောဂါရှင်များရဲ့ ကယ်သူမဲ့ဘဝ
- ထိုင်းဝန်ကြီးချူပ်လဲ သန်းရွှေလို အာဏာရူးဘဲလား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အ...
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်
- Burmese Health--Healthy Eating, Healthy Living in ...
- ဒုက္ခသည် များရဲ့ အရိပ်ကောင်းသော သစ်တပင်
- အလင်းရောင်ပျောက်သော်လည်း..ပွင့်နေဆဲ ပန်းကလေးများ
- Burmese School in Bangkok
- ဆေးဝါးပြတ်လပ်လို့ အိပ်ခ်ျအိုင်ဗွီရောဂါသည် သောင်းနဲ...
- မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုး...
- ငတက်ပြား သက်ကျားအိုဝန်ကြီး
- မြန်မာပြည်က မျောက်နှစ်ကောင်ကတဲ့ပွဲ
- ရခိုင်အာဇာနည် ဦးသာထွန်း.
- Generation Wave တဲ့ဟေ့
- မချိသွားဖြဲ..နေကြသူတွေ..
- The Arakan National Newspaper.vol;2.No.11.November...
- ရခိုင်ပြည်နယ်မှသတင်း
- E နဲ့  G နဲ့ မှားတာပါဗျာ..
- Invitation
- အမျိုးသမီးများရဲ့ အသံ
- “ အ ရှက် ဖြေ လင်္ကာ ”
- မြန်မာ က ဘင်္ဂလားဒေ့ရှ်ကို စပြီး ရန်စခြင်း
- ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို...
- နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်မျာ...
- တပ်တွင်း အပြောင်းအလဲ ပြုလုပ်
- Where Buddhism and Physics Converge
- Where Science and Buddhism Meet
- The Politics of Buddhism in Burma
-ုဖြတ်လေးဖြတ်နဲ့  သတ်တဲ့ လူမျိုးပြုန်းသတ်မှု
- Myanmar 6 months on
- သတင်းများ.(DVB)
- မြန်မာမိန်းကလေးငယ်အား ရောင်းစားသူ တရုတ်အမျိုးသမီးက...
- နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ
- ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင် (ရွေတိဂုံဘ...
- Voice of Burma, NOV 2008
- သာသနာဥသျှောင်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး မှတ်တမ်း...
- အောက်ခြေလွတ်နေသူ
- နယူးဒေလီ ဆန္ဒပြပွဲ
- သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ
- တစ်နိုင်ငံ လုံး စီးပွားရေး သူ့စီးပွားရေးဘဲ
- လှောင်ချိုင့်စံ
- နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ...
- သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်
- မင်းမှာသစ္စာ လူမှာကတိတဲ့ .မင်းအစစ်မရှိတဲ့ ပြည်မြန်မာ
-
▼
November
(417)
No comments:
Post a Comment