Tuesday, November 11, 2008

ခွေးနှစ်ကောင် သွားဖြဲနေကြခြင်း

နယ်စပ်တလျောက် နှစ်ဘက် နိုင်ငံအနေဖြင့် တပ်ဖွဲ့ဝင်များကို ပိုမို ထပ်မံတိုးချဲ့ချ
11/11/2008

မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်တလျောက်တွင် နှစ်ဘက်နိုင်ငံအနေဖြင့် လုံခြုံရေး တပ်ဖွဲ့များကို စက်လက်နက်ကြီးများနှင့်အတူ နောက်ထပ် ထပ်မံတိုးချဲ့ ချနေကြောင်း သိရသည်။
မြန်မာဘက်မှလည်း မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်တလျောက် နေရာ ၂၀ တွင် စစ်တပ်အင်အားကို တိုးချဲ့ချထားပြီး ခံကတုတ်များတူးနေသည်ဟု နယ်စပ်တွင် သတင်း ဖြစ်ပေါ်နေသည်။

ဘင်္ဂလာဒေခ်ျ့ဘက်မှလည်း တပ်အင်အားကို နတ်ကျောက်ဆရီနှင့် ကော့ဘဇားမြို့နယ်ရှိ နတ်မြစ်တလျောက်တွင် တိုးချဲ့ချနေပြီး ကတုတ်ကျင်းများကိုလည်း တူးဖေါ်နေသည်ဟု ဒေသအတွင်းထုတ် သတင်းစာများက ဖေါ်ပြကြသည်။

မျက်မြင် တဦးအပြောအရ အမြှောက်တင် သံချပ်ကာကားများကိုလည်း နယ်စပ်သို့ စစ်သားများနှင့်အတူ ပို့ပေးနေကြောင်း ပြောသည်။

မြန်မာဘက်မှလည်း ကရင်ရှေ့တန်းမှ ရခိုင်အခြေစိုက် တပ်ရင်းများကို ပြန်လည် ယူဆောင် လာပြီး အနောက်ဘက် နယ်စပ်တလျောက်တွင် တပ်ကူဖြည့်တင်းနေကြောင်း သိရသည်။

ဘင်္ဂလား-မြန်မာနယ်စပ်တွင် သတင်းအမျိုးမျိုး ထွက်ပေါ်နေပြီး နှစ်ဘက်စစ်အင်အားကို တိုးချ နေသဖြင့် ဒေသခံပြည်သူများအကြား အထိတ်တလန့်ဖြင့် စိုးရိမ်မှုတိုးပွားနေကြောင်း သိရ သည်။ http://www.narinjara.com/detailsbur.asp?id=1580

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်