ဖနိဒါ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 13 2008 18:27 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ တရားဆိုင်နေရသည့် တက်ကြွလှုပ်ရှားသူများကို စီရင်ချက်များ ချမှတ်နေမှု၏ နောက်ဆက်တွဲအနေဖြင့် ယနေ့တွင် အနည်းဆုံး ၁၅ ဦးထက်မနည်း ထောင်ဒဏ် ၁၁ နှစ်အထိ ရှည်လျားသော ပြစ်ဒဏ်များ ချမှတ်လိုက်သည်။
ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် ရွှေဝါရောင်တွင် ပါဝင်သဖြင့် အဖမ်းခံရသည့် လှိုင်သာယာမြို့နယ်မှ အန်အယ်ဒီ ပါတီဝင် ဦးတင်ယု၊ ကိုသန်းနိုင်၊ ကိုစိုးမင်းမင်း၊ မလှလှမော်၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်း၊ ဦးဝင်းမြင့်၊ ကိုအောင်မင်းနိုင်၊ ကိုမျိုးကျော်ဇင်နှင့် ကိုရန်နိုင်ထွန်း (ကြည့်မြင်တိုင်)တို့အား နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှုအပါအ၀င် ပုဒ်မ
၎ ခုဖြင့် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်များတွင် ထောင်ဒဏ် ၇ နှစ်ခွဲစီ ပြစ်ဒဏ်ချမှတ်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောဆိုသည်။
ထို့အပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အဖမ်းခံရသည့် ကမာရွတ်မြို့နယ်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်းနှင့် ကိုမင်းမင်းစိုးလည်း နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုဖြင့် ယနေ့တွင်ပင် ထောင်ဒဏ် ၂ နှစ်စီနှင့် ယခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် အဖမ်းခံရသူ ကဗျာဆရာ မင်းဟန်လည်း နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေရန် လှုံ့ဆော်မှု၊ အခြား ပုဒ်မ ၄ ခုဖြင့် အင်းစိန်ထောင်၌ပင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံလိုက်ရသည်။
ကိုမင်းဟန်နှင့် နီးစပ်သူ ၈၈ ကျောင်းသားများအဖွဲ့ဝင်တဦးက "ကိုမင်းဟန်ကို ၈၈ ကျောင်းသားများအဖွဲ့နဲ့ ၂၀၀၇ ခုမှာ ပေါ်ပေါက်လာတဲ့ ဗကသ ကို အင်တိုက်အားတိုက် ကူညီခဲ့သူ၊ ကဗျာဆရာများ သမဂ္ဂမှာ ဦးဆောင်ပါဝင်ခဲ့သူ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေသူအဖြစ် ပြောနိုင်ပါတယ်" ဟု ပြောသည်။
အလားတူ ၂၀၀၇ ခုနှစ် စက်တင်ဘာအတွင်းက ရန်ကုန်မြို့ ယုဇနပလာဇာရှေ့ ဆန္ဒပြပွဲကို ဦးဆောင်သူဟု စွပ်စွဲခံထားရသူ အသက် ၂၁ နှစ်အရွယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် မဟန်နီဦး (ဥပဒေနောက်ဆုံးနှစ်) ကို တာမွေမြို့နယ် တရားရုံးက ယနေ့၌ပင် ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ်သည်။
ဖခင်ဖြစ်သူ ဦးထွန်းဦးက ''ကျနော်hသမီး သိပ်နစ်နာသွားတယ်။ အရင် သူ့နောင်တော်တွေတောင် ၆၅ နှစ် ချနေတာကို ကျနော်hသမီးအတွက် ဂရုမစိုက်တော့ဘူး။ ရှေ့ဆက်တက်ရင်လည်း ထူးလာမှာ မဟုတ်ပါဘူး။ ဒီအတွက် အခွင့်အရေး မရှိတော့ပါဘူး။ ဒါကြောင့် အယူခံဖို့ မလုပ်တော့ပါဘူးလေ'' ဟု ပြောသည်။
မဟန်နီဦးသည် သူ့အမှုအတွက် လိုက်ပါဆောင်ရွက်ပေးသူ တရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းကို တရားရုံးအား မထီမဲ့မြင်ပြုမှု - ပုဒ်မ ၃ ဖြင့် အာဏာပိုင်များက စွဲချက်တင်ကာ ယခုလ ၇ ရက်နေ့က ထောင်ဒဏ် ၄ လ မျက်ကွယ်စီရင်ချက် ချပြီးနောက် ၅ ရက်အကြာတွင် ယခုလို ထောင်ဒဏ်ချခံရခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP ၏ စားရင်းများအရ ယခုလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ အန်အယ်ဒီအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် နိုင်ငံရေး လှုပ်ရှားသူများအား ပြစ်ဒဏ်ချနေရာ စုစုပေါင်း ၅၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ယခုလို ပြစ်ဒဏ်ချမှတ်မှုများနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ''အန်ကယ့်အနေနဲ့ သုံးသပ်တာက နိုင်ငံရေးအရ ဖိနှိပ်တယ်။ နိုင်ငံရေးဆိုတာ လက်ရှိ အခြေအနေနဲ့ သွားချင်တယ်။ ပြည်သူတွေ မကြိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်ပြီး ရွေးကောက်ပွဲ သွားမယ်။ ဒီဟာတွေအတွက် ပြည်သူလူထု အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေကို ပိုမိုပြီးတော့ ဖိအားပေးတယ်၊ ပြစ်ဒဏ် ပေးနေတယ်လို့ပဲ ယူဆပါတယ်" ဟု သုံးသပ် ပြောဆိုလိုက်သည်။
Thursday, November 13, 2008
တက်ကြွလှုပ်ရှားသူ ၁၅ ဦး ထောင်ဒဏ်များ ကျခံရ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
November
(417)
- ( န အဖ ) တို့  ပြော သော တိုး တက် နေ သည့် မြန် မာြ...
- အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း
- မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ
- Burma: Unpreventable Death Under Military Boots
- တော်လှန်ရေးရဲ့အောင်မြင်လမ်း (သို့ ) The Road
- Bloodstained Rubies Fund Burmese Regime
- BGAN & Burma plea a video by : Jeffrey Hellman
- November 30th In NYC History
- ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ
- ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် (၃၀)မြောက် အထိ...
- အမေလူထုဒေါ်အမာရဲ့ (၉၃)နှစ်မြောက် ဂုဏ်ပြု စာ ကဗျာများ
- သွားရောက်စစ်ဆေးပေးပါ။
- Welcome to 1st conference of Sasana Moli by ABMA
- မြန် မာ ပြည်၏ တရားမျှတသည်ဆို သော တ ရား စီ ရင် ရေး
- ( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် ...
- Become a Hero to Children in Burma
- နအဖ လက်အောက်မှ ကျွန်ခံရရှာသော ကလေးစစ်သား၏ ဘဝ
- လူကုန်ကုးခံရသော မြန်မာ အမျိုးသမီးများ ကို ကူညီကြပါ။
- မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ
- ၉၃ နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ ဂုဏ်ပြုအယ...
- ခလေး စစ်သားပြဿနာ..
- ပေါင်းစားကြမလား...လက်နက်ချမလား..
- ပါလီမန် ဒီမိုကရေစီ သတင်းစဉ် Nov 2008
- ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ.....
- Voice of Burma, Dec 2008
- သူတောင်းစားတွေပေါတဲ့တိုင်းပြည် က သူတောင်းစားတစ်ယောက်
- လူသတ်ကောင်တွေရဲ့ အစည်းအဝေး
- လူမဟုတ်တဲ့ လူ
- မြန်မာ့ခွေး တပ်မတော်
- ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace
- မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကိ...
- လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလု...
- မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ခ...
- ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီး...
- လူတွေမလာနဲ့  gas သာလာပစေတဲ့။
- မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လ...
- မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသား...
- သူတောင်းစားတွေ ပေါမှပေါ..
- အိပ်ပေါက်နဲ့ ဖားကောက်နေတဲ့ နအဖ
- သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက...
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့
- သတင်း အမှောင်ချထားခြင်း
- Brief History of Burma from CNN
- ဒီ video ကြည့်ပြီး သန်းရွှေဖျားနေတယ်.ကြောက်လို့ 
- Relief and Resistance in Burma's War Zones
- HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း
- ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြုကြစေလို
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည...
- in front of UN ( in japan )
- ကြိုင်ကြိုင်နဲ့ သန်းရွှေ တို့ ရဲ့သောင်းကျန်းပုံတွေ
- ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်
- လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒ...
- အကြမ်းဖက်သမား သန်းရွှေ အုပ်စိုးရာ ပြည်တွင်းမှ ပြည်သ...
- မြန်မာနိုင်ငံသား AIDS ရောဂါရှင်များရဲ့ ကယ်သူမဲ့ဘဝ
- ထိုင်းဝန်ကြီးချူပ်လဲ သန်းရွှေလို အာဏာရူးဘဲလား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အ...
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်
- Burmese Health--Healthy Eating, Healthy Living in ...
- ဒုက္ခသည် များရဲ့ အရိပ်ကောင်းသော သစ်တပင်
- အလင်းရောင်ပျောက်သော်လည်း..ပွင့်နေဆဲ ပန်းကလေးများ
- Burmese School in Bangkok
- ဆေးဝါးပြတ်လပ်လို့ အိပ်ခ်ျအိုင်ဗွီရောဂါသည် သောင်းနဲ...
- မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုး...
- ငတက်ပြား သက်ကျားအိုဝန်ကြီး
- မြန်မာပြည်က မျောက်နှစ်ကောင်ကတဲ့ပွဲ
- ရခိုင်အာဇာနည် ဦးသာထွန်း.
- Generation Wave တဲ့ဟေ့
- မချိသွားဖြဲ..နေကြသူတွေ..
- The Arakan National Newspaper.vol;2.No.11.November...
- ရခိုင်ပြည်နယ်မှသတင်း
- E နဲ့  G နဲ့ မှားတာပါဗျာ..
- Invitation
- အမျိုးသမီးများရဲ့ အသံ
- “ အ ရှက် ဖြေ လင်္ကာ ”
- မြန်မာ က ဘင်္ဂလားဒေ့ရှ်ကို စပြီး ရန်စခြင်း
- ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို...
- နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်မျာ...
- တပ်တွင်း အပြောင်းအလဲ ပြုလုပ်
- Where Buddhism and Physics Converge
- Where Science and Buddhism Meet
- The Politics of Buddhism in Burma
-ုဖြတ်လေးဖြတ်နဲ့  သတ်တဲ့ လူမျိုးပြုန်းသတ်မှု
- Myanmar 6 months on
- သတင်းများ.(DVB)
- မြန်မာမိန်းကလေးငယ်အား ရောင်းစားသူ တရုတ်အမျိုးသမီးက...
- နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ
- ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင် (ရွေတိဂုံဘ...
- Voice of Burma, NOV 2008
- သာသနာဥသျှောင်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး မှတ်တမ်း...
- အောက်ခြေလွတ်နေသူ
- နယူးဒေလီ ဆန္ဒပြပွဲ
- သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ
- တစ်နိုင်ငံ လုံး စီးပွားရေး သူ့စီးပွားရေးဘဲ
- လှောင်ချိုင့်စံ
- နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ...
- သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်
- မင်းမှာသစ္စာ လူမှာကတိတဲ့ .မင်းအစစ်မရှိတဲ့ ပြည်မြန်မာ
-
▼
November
(417)
No comments:
Post a Comment