Sunday, November 9, 2008

ရွှေဝါရောင်ဆရာတော် ၂ပါးအား ထောင်ဒဏ်များချမှတ်မှုကို ရှူံ့ ချခြင်း

နေ့ စွဲ-၇.၁၁.၂၀၀၈

လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့ညက အာဏာပိုင်တို့ အကြမ်းဖက် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သည့် မဂ္ဂင် ကျောင်းတိုက်မှ ဆရာတော် ဦးဟိန္ဒကနှင့် ဦးဣနြ္ဒိယ တို့ကို ယမန်နေ့က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တရားရုံးက ဦးဟိန္ဒကကို ထောင်ဒဏ် ၁၆ နှစ်နှင့် ၆ လ ချမှတ်လိုက်ပြီး ဦးဣနြ္ဒိယ ကို ၈ နှစ် ချမှတ်လိုက်သည်။

ဤသို့  စစ်အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားသံဃာတော်များအပေါ် ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ခြင်းသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီရေး လှုပ်ရှားနေကြသော သံဃာတော်များ မထွက်ပေါ်လာစေရန်နှင့် သံဃာထုအပေါ် မတရားခြောက်လှန့် နေခြင်း ဖြစ် ကြောင်း၊ ယခုစီရင်ချက်များမှာလည်း တရားမျှတမှု လုံးဝမရှိကြောင်း ရွှေဝါရောင် သောတုဇနဘိက္ခူ သံဃာ့အဖွဲ့ ကြီး (SYMO) က န.အ.ဖ အစိုးရအပေါ် ဝေဖန်လိုက်သည်။မတရားဖမ်းဆီးခြင်း ခံထားရသော သံဃာတော်များအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း ထပ်မံတောင်းဆိုလိုက်သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်