ဘာသာရေးပွဲများကို အာဏာပိုင်များ ပိုမို တင်းကျပ်လာ
ဇာနည် ။ တနင်္လာနေ့၊ နိုဝင်ဘာလ 10 2008 20:32 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ဓမ္မကထိက ဆရာတော်ကြီးများ၏ တရားပွဲများတွင် အာဏာပိုင်များမှ စောင့်ကြည့်ခြင်း၊ တရားဟောမှု ကန့်သတ်ခြင်းများကို ရွှေဝါရောင်လှုပ်ရှားမှု နောက်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံတွင် ယနေ့အထိ ပိုမို တိုးမြှင့် လုပ်ဆောင်လာသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ၏ လှုပ်ရှားမှုကို စစ်အစိုးရက အင်အားသုံး နှိမ်နင်းခဲ့ပြီးနောက် ကျော်ကြားသည့် ဆရာတော်များက တရားပွဲများတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် တရားများ ဟောကြားမည်ကို စိုးရိမ်သဖြင့် အနီးကပ် စောင့်ကြည့်ခြင်း၊ နိုင်ငံရေးနှင့် ဆက်နွယ်သည်များ မဟောကြားရန် တားမြစ်ဟန့်တားမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
"လက်မှတ်ထိုးခဲ့ရတာက စီးပွားရေးတွေ မဟောရဘူး၊ လူမှုရေးတွေ မဟောရဘူး၊ နောက် ပညာရေး မဟောရဘူး၊ နိုင်ငံရေးလည်း ပါတာပေါ့။ ရိုးရိုး မေတ္တာတရားတို့ ၀ိပဿနာတရားတို့ပဲ ဟောရမယ်တဲ့လေ။ အဲဒီတော့ ရိုးရိုးလေးတွေပဲ ဟောတယ်လေ။ ကျန်တာတွေတော့ မဟောပါဘူး။ တခြားဆရာတော်တွေလည်း မဟောဘူးလေ" ဟု တွံတေး ဆရာတော် ဦးဣန္ဒက က မဇ္ဈိမကို မိန့်ကြားသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာ သံဃလှုပ်ရှားမှု နောက်ပိုင်းတွင် ဓမ္မကထိက ဆရာတော်အချို့က အာဏာပိုင်များ၏ လုပ်ရပ်များကို တရားပွဲများတွင် ထောက်ပြခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုနှစ် သီတင်းကျွတ်ပွဲတော်အပြီး အောက်တိုဘာလလယ်မှ စတင်ကာ တရားပွဲများတွင် နိုင်ငံရေးနှင့် ဆိုင်သည်များကို ဟောကြားခြင်း မပြုရန် ၀န်ခံလက်မှတ်များ ရေးထိုးခိုင်းခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် တပတ်က တွံတေးတွင် ပြုလုပ်သော တရားပွဲတခုတွင် တရားမဟောရန် မယက ဥက္ကဌမှ တားမြစ်ခဲ့ပြီး တရားပွဲလာ တကာ၊ တကာမများက ညှိနှိုင်းတောင်းပန်မှ အချိန်နောက်ကျကာ ဟောကြားခွင့် ရခဲ့သော်လည်း စောင့်ကြည့်မှုများ ရှိခဲ့သည်။
အလားတူ ရန်ကုန်မြို့တွင်လည်း တရားပွဲများ ပြုလုပ်ရန်အတွက် အာဏာပိုင်များထံမှ အခွင့်ပါမစ်များ တောင်းရသည်။ အခွင့်မရလျှင် တရားပွဲများ မလုပ်ရပေ။
ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ဆွမ်းသိမ်းအောင်တရားပွဲ စီစဉ်သည့် ဓမ္မာရုံတခုမှ ဂေါပကအဖွဲ့ဝင်တဦးက "တရားပွဲတပွဲ လုပ်ဖို့ရာကို စတိတ်ရှိုးတပွဲလုပ်ဖို့ ခွင့်ပြုချက် ယူရသလိုပဲ ယူရတာ။ ရ၀တ ထောက်ခံချက်ကစပြီး မြို့နယ်၊ ခရိုင်၊ တိုင်း အေးချမ်းဖွံ့ဖြိုး ကောင်စီရုံးအထိ တလလောက်ကြိုပြီး အဆင့်ဆင့် ခွင့်ပြုချက် ကြိုတင်ယူရတာ။ ဒါတောင် သူတို့ မပေးချင်ရင် ဘာမှ မေးလို့မရဘူး။ ခွင့်မပြုနိုင်ဘူးဆိုတာပဲ ပြောတာ" ဟု ပြောပြသည်။
ရန်ကုန်မြို့တွင်း ၀ါတွင်းကာလ ဆွမ်းသိမ်းအောင်ပွဲနှင့် ကထိန် ဆွမ်းလောင်းပွဲများ၏ အထူးတရားပွဲများတွင် ရဲ၊ ထောက်လှမ်းရေးများ၊ ကြံ့ခိုင်ရေးများနှင့် စောင့်ကြည့်မှုများ ပိုမိုပြုလုပ်လာသည်ဟု မြို့ခံများအဆိုအရ သိရသည်။
ပြီးခဲ့သည့် စနေနေ့ညက စမ်းချောင်းမြို့နယ် မြေနီကုန်းရှိ ဆွမ်းလောင်းအသင်းတခု၏ တရားပွဲတခုသို့လည်း အာဏာပိုင်များက လာရောက်စောင့်ကြည့်ကာ သတင်းပေးပို့နေကြသည်ကို တွေ့ရှိခဲ့ရကြောင်း တရားပွဲ သွားရောက်သူ အမျိုးသားတဦးက ပြောသည်။
စမ်းချောင်းမြို့နယ်မှ လူငယ်တဦးက "တရားပွဲကိုဗျာ ဘာနိုင်ငံရေးပါလို့လဲ။ သူတို့ကျတော့ အပြောအဆိုခံရမှာ သိပ်ကြောက်ပုံပဲ။ ဓမ္မက အမှားကိုတော့ ထောက်ပြဝေဖန်မှာပဲ။ ဒါပေမဲ့ အခု ကျနော်တို့ တရားပွဲကတော့ ဆရာတော်ကြီးတွေက တရားတော် အနှစ်သာရ ပြည့်ပြည့်ပဲ ဟောသွားတာပါ" ဟု မဇ္ဈိမကို ပြောသည်။
စစ်အစိုးရ၏ လုပ်ရပ်များကို တရားတော်များတွင် ထည့်သွင်းဟောပြရင်း ဝေဖန်လေ့ရှိသော ဆရာတော်ကြီးများ၏ တရားပွဲများတွင် ရဲထောက်လှန်းရေး (SB) များကို အများအပြား တွေ့ရလေ့ရှိသည်ဟု ရန်ကင်းမြို့နယ် ဒေသခံတဦးကလည်း ပြောဆိုသည်။
တွံတေး ဆရာတော်က "အရင်တုန်းက ဟောတာတွေမှာက သူတို့တွေနဲ့ မလွတ်ကင်းတဲ့ ဟိုဟာလေး နည်းနည်း ဒီဟာလေးနည်းနည်း ပါတာပေါ့။ သူတို့က ကြောက်တာ တကာမကြီးရယ်။ ဘုန်းဘုန်းတို့က မဟောတာ ၅ လလောက် ရှိပါပြီ။ မလွတ်မကင်းတော့ မဟောပါဘူး တကာမကြီးရယ်။ သူတို့က ကြောက်ပြီးတော့ တားတာပါ" ဟု မိန့်ကြားလိုက်သည်။
စက်တင်ဘာ သံဃာ့ လှုပ်ရှားမှုနောက်ပိုင်းတွင် သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ ဧကရာဇ်မင်းကြီး ဘ၀နိဂုံးနှင့် လူမိုက်တို့သွားရာလမ်း ဆိုသော တရားခွေ နှစ်ခွေ ထွက်လာပြီးသည့်နောက်တွင် ဆရာတော်၏ တရားပွဲများကို အာဏာပိုင်များက ခေတ္တ ပိတ်ပင်ခဲ့သေးသည်။
Monday, November 10, 2008
ကြောက်စရာမရှိ..လျှောက်ကြောက်နေ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
November
(417)
- ( န အဖ ) တို့  ပြော သော တိုး တက် နေ သည့် မြန် မာြ...
- အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း
- မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ
- Burma: Unpreventable Death Under Military Boots
- တော်လှန်ရေးရဲ့အောင်မြင်လမ်း (သို့ ) The Road
- Bloodstained Rubies Fund Burmese Regime
- BGAN & Burma plea a video by : Jeffrey Hellman
- November 30th In NYC History
- ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ
- ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် (၃၀)မြောက် အထိ...
- အမေလူထုဒေါ်အမာရဲ့ (၉၃)နှစ်မြောက် ဂုဏ်ပြု စာ ကဗျာများ
- သွားရောက်စစ်ဆေးပေးပါ။
- Welcome to 1st conference of Sasana Moli by ABMA
- မြန် မာ ပြည်၏ တရားမျှတသည်ဆို သော တ ရား စီ ရင် ရေး
- ( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် ...
- Become a Hero to Children in Burma
- နအဖ လက်အောက်မှ ကျွန်ခံရရှာသော ကလေးစစ်သား၏ ဘဝ
- လူကုန်ကုးခံရသော မြန်မာ အမျိုးသမီးများ ကို ကူညီကြပါ။
- မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ
- ၉၃ နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ ဂုဏ်ပြုအယ...
- ခလေး စစ်သားပြဿနာ..
- ပေါင်းစားကြမလား...လက်နက်ချမလား..
- ပါလီမန် ဒီမိုကရေစီ သတင်းစဉ် Nov 2008
- ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ.....
- Voice of Burma, Dec 2008
- သူတောင်းစားတွေပေါတဲ့တိုင်းပြည် က သူတောင်းစားတစ်ယောက်
- လူသတ်ကောင်တွေရဲ့ အစည်းအဝေး
- လူမဟုတ်တဲ့ လူ
- မြန်မာ့ခွေး တပ်မတော်
- ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace
- မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကိ...
- လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလု...
- မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ခ...
- ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီး...
- လူတွေမလာနဲ့  gas သာလာပစေတဲ့။
- မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လ...
- မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသား...
- သူတောင်းစားတွေ ပေါမှပေါ..
- အိပ်ပေါက်နဲ့ ဖားကောက်နေတဲ့ နအဖ
- သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက...
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့
- သတင်း အမှောင်ချထားခြင်း
- Brief History of Burma from CNN
- ဒီ video ကြည့်ပြီး သန်းရွှေဖျားနေတယ်.ကြောက်လို့ 
- Relief and Resistance in Burma's War Zones
- HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း
- ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြုကြစေလို
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည...
- in front of UN ( in japan )
- ကြိုင်ကြိုင်နဲ့ သန်းရွှေ တို့ ရဲ့သောင်းကျန်းပုံတွေ
- ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်
- လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒ...
- အကြမ်းဖက်သမား သန်းရွှေ အုပ်စိုးရာ ပြည်တွင်းမှ ပြည်သ...
- မြန်မာနိုင်ငံသား AIDS ရောဂါရှင်များရဲ့ ကယ်သူမဲ့ဘဝ
- ထိုင်းဝန်ကြီးချူပ်လဲ သန်းရွှေလို အာဏာရူးဘဲလား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အ...
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်
- Burmese Health--Healthy Eating, Healthy Living in ...
- ဒုက္ခသည် များရဲ့ အရိပ်ကောင်းသော သစ်တပင်
- အလင်းရောင်ပျောက်သော်လည်း..ပွင့်နေဆဲ ပန်းကလေးများ
- Burmese School in Bangkok
- ဆေးဝါးပြတ်လပ်လို့ အိပ်ခ်ျအိုင်ဗွီရောဂါသည် သောင်းနဲ...
- မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုး...
- ငတက်ပြား သက်ကျားအိုဝန်ကြီး
- မြန်မာပြည်က မျောက်နှစ်ကောင်ကတဲ့ပွဲ
- ရခိုင်အာဇာနည် ဦးသာထွန်း.
- Generation Wave တဲ့ဟေ့
- မချိသွားဖြဲ..နေကြသူတွေ..
- The Arakan National Newspaper.vol;2.No.11.November...
- ရခိုင်ပြည်နယ်မှသတင်း
- E နဲ့  G နဲ့ မှားတာပါဗျာ..
- Invitation
- အမျိုးသမီးများရဲ့ အသံ
- “ အ ရှက် ဖြေ လင်္ကာ ”
- မြန်မာ က ဘင်္ဂလားဒေ့ရှ်ကို စပြီး ရန်စခြင်း
- ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို...
- နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်မျာ...
- တပ်တွင်း အပြောင်းအလဲ ပြုလုပ်
- Where Buddhism and Physics Converge
- Where Science and Buddhism Meet
- The Politics of Buddhism in Burma
-ုဖြတ်လေးဖြတ်နဲ့  သတ်တဲ့ လူမျိုးပြုန်းသတ်မှု
- Myanmar 6 months on
- သတင်းများ.(DVB)
- မြန်မာမိန်းကလေးငယ်အား ရောင်းစားသူ တရုတ်အမျိုးသမီးက...
- နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ
- ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင် (ရွေတိဂုံဘ...
- Voice of Burma, NOV 2008
- သာသနာဥသျှောင်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး မှတ်တမ်း...
- အောက်ခြေလွတ်နေသူ
- နယူးဒေလီ ဆန္ဒပြပွဲ
- သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ
- တစ်နိုင်ငံ လုံး စီးပွားရေး သူ့စီးပွားရေးဘဲ
- လှောင်ချိုင့်စံ
- နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ...
- သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်
- မင်းမှာသစ္စာ လူမှာကတိတဲ့ .မင်းအစစ်မရှိတဲ့ ပြည်မြန်မာ
-
▼
November
(417)
No comments:
Post a Comment