ချစ်သော ညီလေး ရေ။
ဘာမားနာမည်ကြားကထဲက မင်းကိုလေးစားပြီးသားပါ ။ အရင်ကောင် ဘွတ်ရှ် ကျ အကိုကြီးဖာသာနေတာ သူက အလကားနေ ကြားက အမြင်ကပ်နေတယ်လေ ။ အခုတော့ ဒင်းပြူတ်သွားတာ အကိုကြီးနဲ့ ဘင်လာဒင်က အပျော်ဆုံးပေါ့။ ငါ့ ညီကျ အကိုကြီးက မျက်နှာမြင်ချစ်ခင်တယ်လေ။ ညီလေးလည်း အခုတလောပင်ပန်းနေတာ သိပါရဲ့။
.မဲရေရ..မဲပေးမဲ့လူတွေ ပြုံးပြရ။ ပိုက်ဆံအကုန်ခံမဲဆွယ်ရ။ တရားဥပဒေသိအောင် တသက်လုံးစာသင်ထားရ။ အကိုကြီးတော့ သနားလိုက်ပါ့ဗျာ။
ကျူပ်ဆို မြန်မာသတ်ပုံ ယပင်းရရစ်တောင်မမှန်။ ပညာ မတတ်လည်း သောက်ဂရုစိုက်စရာလိုပေါင် လက်ကလေးကွေး ရုံ တိုင်းပြည် အုပ်ချုပ်ရုံဘဲ။ ဘယ်လောက် ပိုင်ထားလဲ။ ဗမာပြည်မှာလေ.ဘာဥပဒေမှ မလို ရေဘဲလိုတယ်..ဟဲဟဲ။
ညီလေးသမီး မှာ စိန်ပိစိတောင် မူးလို့ ရှူစရာ ရှိလား။ ငါ့သမီး စိန်ဆင်ထားတာ ရွှေတိဂုံ စိန်ဖူးတော် ကိုသာကြည့် စိန်တွေ မှန်တွေ သွေးပြန်ထဲ့  .မှန်ကွဲချည့်ဘဲ ။ မဲဆို ရေစရာမလိုဘူး။ မြန်မာအသံက ငါလိုတဲ့ရာ ခိုင်နှုန်း တိုက်ရိုက် ကြေငြာရုံဘဲ မင်းကြည့်ရတာပင်ပန်းလိုက်တာ သနားတယ်ညီလေးရေ။ ခိုးနည်း သင်ချင် အ ကိုကြီးတာဝန်သာထား။ သင်ပေးရမှာပေါ့။
ဘင်္ဂလားဒေ့ရှ်နဲ့ စစ်တိုက်ရင် အကိုကြီးဘက်က စစ်ကူဦးနော်။ အကိုကြီး စစ်သားတွေ က အ၀ှါပြုတာဘဲ တတ် တာ။ ဒါလည်း တိုင်းရင်းသားတွေ မျိုးဖြုတ်ဖို့ လက်နက်ပေါ့ ။ အကို့ စစ်သား ၅သိန်းရှိတယ်ဆိုတာ စာရင်းဘဲ။ ၁၀ ယောက်မှာ တယောက် ဘဲ သေနတ်ထမ်းနိုင်တာ။ အားကိုးပါတယ်ညီလေး။ အကိုကြီး မားကို့ လိုထွက် ပြေး ရရင် ခိုလှုံခွင့်လည်း ပေးနော်။
ချစ်သော အတိုကြီး
ချုပ်ချုပ်ကြီး သန်းရွှေ
No comments:
Post a Comment