Monday, November 10, 2008

သတ်မတော်ရဲ့သဘောထားမှန်ကိုတပ်မတော်သားများသိကုန်ပြီ

မြန်မာစစ်တပ်မှ ဒုတပ်ကြပ်တဦးနှင့် ဆေးတပ်သားတဦး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃)နှင့် တပ်မဟာ (၅)သို့ နိုဝင်ဘာ ပထမပတ်အတွင်းက လာရောက် လက်နက်ချခဲ့သည်။
NEJ/ ၁၀ နိုဝင်ဘာလ ၂၀၀၈



အဆိုပါ စစ်သည်နှစ်ဦးမှာ ဒုတပ်ကြပ် ကိုထက်(၂၄နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၁၃၃၃၀၈)၊ ခလရ (၂၉၉)၊ ကိုးမိုင်ကျေးရွာ၊ ရေးမြို့ဖြစ်ပြီး ၎င်း၏ တပ်ခွဲမှူးမှာ တပ်ခွဲ(၂)မှူး ဗိုလ်ကြီး ထင်အောင်စန်း ဖြစ်ပြီး လက်နက်ငယ် (၂)လက်နှင့်အတူ လာရောက် ပူးပေါင်းခြင်း ဖြစ်သည်၊ ကျန်တဦးမှာ ဆေးတပ်သား သူရဇော်(၂၂နှစ်) ကိုယ်ပိုင်အမှတ် (တ/၂၇၇၇၉၇)၊ မဆရ(၁၀)စစ်မြေပြင် ဆေးတပ် ရင်း၊ လားရှိုးမြို့ဖြစ်သည်။ တပ်ရင်းမှူးမှာ ဗိုလ်မှူးကျော်စိုးဖြစ်ပြီး လက်နက်ငယ်(၁)လက်နှင့်အတူ လာရောက်ပူး ပေါင်း ခြင်းဖြစ်သည်။

လာရောက် ပူးပေါင်းသည့် စစ်သည်နှစ်ဦးမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၅)၊ ဖာပွန်ခရိုင် ဆက်စပ်ဒေသများတွင် တာဝန်ကျသည့် စစ်သည်များဖြစ်သည်။

၎င်းတို့လာရောက် ပူးပေါင်းခြင်းနှင့် ပတ်သက်၍ ဆေးတပ်သား သူရဇော်က “ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်ခဲ့ တဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကို လက်နက်ကိုင်တော်လှန်ရေးနဲ့ ပြည်လည်တိုက်ခိုက်ပြီး လူထုအကျိုးပြုလုပ်ငန်း တွေကို ပြုလုပ်ချင်တဲ့ ဆန္ဒနဲ့ လာရောက်တာပါ”ဟု ပြောသည်။



ဒုတပ်ကြပ်ကိုထက်ကလည်း “တပ်တွင်းဖိနှိပ်မှု အဆင့်ဆင့်ကို မခံချင်တာရယ် လူထုဆန့်ကျင်ရေး လုပ်ရပ်တွေကို ဆက်မလုပ်ချင်တော့တာကြောင့် လာရောက်ပူးပေါင်းတာပါ”ဟု ပြောသည်။ ၎င်းစစ်သည်နှစ်ဦးသည် ယခုလ (၅) ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ်သို့ ရောက်ရှိလာပြီး KNUမှ ၎င်းတို့ကို ကြိုဆိုပြီး ကူညီလက်ခံစောင့်ရှောက်ထားလျက်ရှိသည်။
Summary

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်