
မင်းကိုနိုင်နှင့် ခေါင်းဆောင် ကိုးဦး ၆၅ နှစ်စီ ထောင်ဒဏ် ချမှတ်ခံရ
15 November 2008
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အပါအ၀င် ကိုးယောက်ကို စစ်အစိုးရ က ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်တဲ့အကြောင်း ကျောင်းသားခေါင်းဆောင်တွေရဲ့ မိသားစုတွေက ပြောပါတယ်။ ကျန်တဲ့ လူရွှင်တော် ဇာဂနာ နဲ့ အခြား နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုတွေကိုလည်း ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေတွေမှာ အင်းစိန်ထောင် အတွင်း တရားရုံးက စစ်ဆေးနေတယ်လို့ ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် စုစုပေါင်း ကိုးယောက်ကို မအူပင် ထောင်ကနေ အင်းစိန် ထောင်ကို စစ်အစိုးရ က
ပြန်ပို့လိုက်ပါတယ်။ သူတို့ကို မအူပင်ထောင် မှာကတည်းက အာဏာပိုင်တွေက ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ ထောင်ဝင်စာ သွားတွေ့တဲ့ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်ရဲ့ ညီမ မခင်မိမိကြွယ် က အခုလို ပြောပါတယ်။
“သူတို့ကို ဒီနေ့ ထောင်ဝင်စာ သွားတွေ့တယ်။ မအူပင်ကို သွားတွေ့တာ။ မအူပင်ကနေ ပြောင်းသွားပြီ ဆိုတော့ အင်းစိန်ထောင် ကို တခါ ကျမတို့ ပြန်လိုက်၊ ပြန်လိုက်တော့ ညနေ နှစ်နှစ်နာရီ နဲ့ ငါးမိနစ်မှာ အင်းစိန်ထောင်ကို သွားတွေ့တော့ သူတို့ကို သုံးနာရီ လောက်မှာ တွေ့ရတယ်။ အစ်ကိုလေးကို မေးကြည့်တော့ ၁၁ ရက် ၁၁ လ ၁၁ နာရီ မှာ သူတို့ကို ၆၅ နှစ်ချတယ်တဲ့။ မအူပင်မှာ ချတာ။ ဒီနေ့ အင်းစိန်ထောင်ထဲ ပြန်ပြောင်းတယ်။”
ကိုဌေးကြွယ်ရဲ့ ညီမ မခင်မိမိကြွယ် ပြောပြသွားတာပါ။ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို မအူပင်ထောင်မှာ ရှိနေသေးတယ် ထင်ပြီး အကျဉ်းသား မိသားစုတွေ မအူပင်ထောင်ကို လိုက်သွားတဲ့ အချိန်ကြမှ အခုလို ပြစ်ဒဏ်တွေ ချမှတ်လိုက်တယ် ဆိုတာကို မိသားစုဝင်တွေ သိခဲ့ကြတာလို့ ပြောပါတယ်။
အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကတော့ မြန်မာနိုင်ငံ တရားရေး စနစ်အပေါ် မေးခွန်းထုတ်စရာတွေ ရှိနေတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ကိုမင်းကိုနိုင် တို့ကို ၆၅ နှစ်ချတယ် ဆိုပြီး သတင်း ဒီလိုပဲ ကျနော်တို့လည်း ကြားပါတယ်။ ဒီမှာ တော်တော် ထူးဆန်းတဲ့ ကိစ္စတခုက သူတို့ကို ပုဒ်မ (၂၈၂) နဲ့ ၆ လ ချပြီးတော့ မအူပင်ထောင်ကို ပို့ထားတာ။ ကျနော် နားလည်သလောက် သူတို့အမှုက သက်သေတွေ လုံလောက်အောင် မစစ်ရသေးဘူး။ မအူပင်ထောင် ကျတော့လည်း တရားသူကြီး က ထောင်ထဲဝင်ပြီး အမိန့်ချတယ် ပြောတယ်။ ကျနော်တို့ တရားရုံးရဲ့ အစဉ်အလာတွေ နဲ့တော့ လုံးဝ ဆန့်ကျင်နေတယ်။ တရားစီရင်ရေးနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်နေပြီလို့ ကျနော် အဲလို ပြောချင်တယ်။”
ဒီသီတင်းပတ် စောစောပိုင်းကတည်းက ကျောင်းသားခေါင်းဆောင် တွေကို ထောင်ဒဏ်နှစ်ရှည်တွေ စပြီး ချမှတ်ခဲ့တာပါ။ ဒီလို ချမှတ်တာနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေ က စစ်အစိုးရကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
ဒီအတောအတွင်း တခြား နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ အမှုတွေကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာပါ အင်းစိန်ထောင် အထူးတရားရုံး က ဆက်ပြီး စစ်ဆေးနေပါတယ်။ ဒီလို စစ်ဆေးတဲ့ အတွက် ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုတွေကိုလည်း ပြစ်ဒဏ်တွေ ချမှတ်ဖို့ အာဏာပိုင်တွေဘက်က ခပ်မြန်မြန် ပြင်ဆင်လာတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာပါ။
နိုင်ငံရေး အကျဉ်းသားတွေနဲ့ အကျဉ်းသားတွေရဲ့ မိသားစုတွေ ကတော့ ရုံးပိတ်ရက်တွေမှာ ထောင်အာဏာပိုင်တွေက အခုလို ရုံးထုတ် စစ်ဆေးတာကြောင့် မိသားစုနဲ့ တွေ့ဆုံခွင့် ဆုံးရှုံးမှာကို ကန့်ကွက်ခဲ့ကြပါတယ်။ ဒီနေ့ အင်းစိန်ထောင် အတွင်း အထူးတရားရုံးမှာ ရုံးထုတ် စစ်ဆေးခံရတဲ့ အထဲမှာ လူရွှင်တော် ဇာဂနာ လည်း ပါဝင်ပါတယ်။ သီတင်းပတ် အတွင်း ရုံးဖွင့်ရက်တွေမှာလည်း အမှုတွေ ဆက်တိုက် ကြားနာပြီး တလျှောက်လုံး နေ့စဉ် နာရီ အတော်ကြာ စစ်နေတဲ့ အတွက် ကိုသူရ ခေါ် ဇာဂနာ အနေနဲ့ ပင်ပန်းဆင်းရဲတဲ့ ဒဏ်ခံနေရတယ်လို့ ဒီနေ့ ဇာဂနာကို ထောင်ဝင်စာ သွားတွေ့တဲ့ ဇာဂနာရဲ့ ခယ်မ မငြိမ်းက ပြောပါတယ်။
“သူတို့ ရုံးထုတ်ရင် ကျမတို့က တွေ့ခွင့် မရှိတော့ဘူးလေ။ တနေကုန် စစ်ဆေးတာလေ။ မနေ့က ဆိုရင်လည်း ခြောက်နာရီမှ ကိုသူရ တို့ကို ရုံးထဲကို ပြန်ထည့်တာတဲ့။ အခု ကျမ ရောက်တာ ၉ နာရီ ၂၀ ရောက်တယ်။ ကျမကို ရုံးထုတ်သွားပြီတဲ့။ မဟုတ်ဘူးလို့၊ ကျမက စည်းကမ်းအတိုင်း လာတာ၊ တနင်္လာကနေ သောကြာ အထိ တောင်းဆိုတာ မဟုတ်ဘူး။ စနေ တနင်္ဂနွေမှာ ကျမ အစ်ကို ကို တွေ့ရမယ့်ရက်။ ကျမ မတွေ့ရရင် မပြန်ဘူး၊ ကျမ အစ်ကို နေလည်း မကောင်းဘူး။ ဒီနေ့မှ ဖရောင်းပဆိုး ဆိုတာ သွင်းရမှာ။ အပြင်မှာ ရာသီဥတု ဒီလောက် အေးနေပြီ၊ ထောင်ထဲမှာ ဘယ်လောက် အေးမလဲ၊ ကျမ အစ်ကိုမှာ အခင်းလည်း မရှိဘူး။ ကျမထောင်ပိုင်နဲ့ တွေ့မယ်။ တခုခု လုပ်ပေးပါလို့။ မတွေ့ရရင် မပြန်ဘူး။ ကျမတို့ကို တနင်္လာကနေ သောကြာ အထိ မတွေ့ရဘူး။ စနေ တနင်္ဂနွေ တွေ့ရတဲ့ ကိစ္စကို ကျမ အလျော့ မပေးနိုင်ဘူးလို့ ပြောလိုက်တယ်။”
ရုံးထုတ်တဲ့အချိန် နာရီအတော်ကြာ စစ်ဆေးမေးမြန်းမှုတွေကြောင့် ကိုသူရရဲ့ ကျန်းမာရေး အခြေအနေ ပိုဆိုးလာတယ် လို့လည်း မငြိမ်းက ပြောပါတယ်။
အခုလို ရုံးပိတ်ရက်တွေမှာပါ အမှုတွေ စစ်ဆေးနေတဲ့အတွက် လာမယ့် ရက်ပိုင်း အတွင်းမှာ ပြစ်ဒဏ်တွေ ချမှတ်နိုင်လာနိုင်တယ်လို့ တရားရေး သတင်း ရပ်ကွက်က ခန့်မှန်းနေပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကတော့ တရားရုံးတွေ ရုံးထိုင်တာနဲ့ ပတ်သက်ပြီး Court Manual တရားရုံးများ လက်စွဲအရ စနေ တနင်္ဂနွေ နေ့တွေမှာ ရုံးမထုတ်ရတဲ့အကြောင်း၊ ဒီလို ရုံးထိုင်တာက ဥပဒေ ကို ချိုးဖေါက်တာ မဟုတ်ရင်တောင် တရားရုံးတွေ လိုက်နာရမယ့် စည်းကမ်းနဲ့တော့ မကိုက်ညီဘူးလို့ ပြောဆိုသွားပါတယ်။
Saturday, November 15, 2008
ကျပ်မပြည့်တဲ့ငဖား မတရားသူကြီးနဲ့  ယုတ်မာတဲ့ အစိုးရပေါင်းပြီး လုပ်ချလိုက်ပြန်ပြီ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
November
(417)
- ( န အဖ ) တို့  ပြော သော တိုး တက် နေ သည့် မြန် မာြ...
- အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း
- မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ
- Burma: Unpreventable Death Under Military Boots
- တော်လှန်ရေးရဲ့အောင်မြင်လမ်း (သို့ ) The Road
- Bloodstained Rubies Fund Burmese Regime
- BGAN & Burma plea a video by : Jeffrey Hellman
- November 30th In NYC History
- ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ
- ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် (၃၀)မြောက် အထိ...
- အမေလူထုဒေါ်အမာရဲ့ (၉၃)နှစ်မြောက် ဂုဏ်ပြု စာ ကဗျာများ
- သွားရောက်စစ်ဆေးပေးပါ။
- Welcome to 1st conference of Sasana Moli by ABMA
- မြန် မာ ပြည်၏ တရားမျှတသည်ဆို သော တ ရား စီ ရင် ရေး
- ( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် ...
- Become a Hero to Children in Burma
- နအဖ လက်အောက်မှ ကျွန်ခံရရှာသော ကလေးစစ်သား၏ ဘဝ
- လူကုန်ကုးခံရသော မြန်မာ အမျိုးသမီးများ ကို ကူညီကြပါ။
- မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ
- ၉၃ နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ ဂုဏ်ပြုအယ...
- ခလေး စစ်သားပြဿနာ..
- ပေါင်းစားကြမလား...လက်နက်ချမလား..
- ပါလီမန် ဒီမိုကရေစီ သတင်းစဉ် Nov 2008
- ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ.....
- Voice of Burma, Dec 2008
- သူတောင်းစားတွေပေါတဲ့တိုင်းပြည် က သူတောင်းစားတစ်ယောက်
- လူသတ်ကောင်တွေရဲ့ အစည်းအဝေး
- လူမဟုတ်တဲ့ လူ
- မြန်မာ့ခွေး တပ်မတော်
- ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace
- မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကိ...
- လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလု...
- မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ခ...
- ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီး...
- လူတွေမလာနဲ့  gas သာလာပစေတဲ့။
- မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လ...
- မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသား...
- သူတောင်းစားတွေ ပေါမှပေါ..
- အိပ်ပေါက်နဲ့ ဖားကောက်နေတဲ့ နအဖ
- သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက...
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့
- သတင်း အမှောင်ချထားခြင်း
- Brief History of Burma from CNN
- ဒီ video ကြည့်ပြီး သန်းရွှေဖျားနေတယ်.ကြောက်လို့ 
- Relief and Resistance in Burma's War Zones
- HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း
- ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြုကြစေလို
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည...
- in front of UN ( in japan )
- ကြိုင်ကြိုင်နဲ့ သန်းရွှေ တို့ ရဲ့သောင်းကျန်းပုံတွေ
- ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်
- လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒ...
- အကြမ်းဖက်သမား သန်းရွှေ အုပ်စိုးရာ ပြည်တွင်းမှ ပြည်သ...
- မြန်မာနိုင်ငံသား AIDS ရောဂါရှင်များရဲ့ ကယ်သူမဲ့ဘဝ
- ထိုင်းဝန်ကြီးချူပ်လဲ သန်းရွှေလို အာဏာရူးဘဲလား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အ...
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်
- Burmese Health--Healthy Eating, Healthy Living in ...
- ဒုက္ခသည် များရဲ့ အရိပ်ကောင်းသော သစ်တပင်
- အလင်းရောင်ပျောက်သော်လည်း..ပွင့်နေဆဲ ပန်းကလေးများ
- Burmese School in Bangkok
- ဆေးဝါးပြတ်လပ်လို့ အိပ်ခ်ျအိုင်ဗွီရောဂါသည် သောင်းနဲ...
- မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုး...
- ငတက်ပြား သက်ကျားအိုဝန်ကြီး
- မြန်မာပြည်က မျောက်နှစ်ကောင်ကတဲ့ပွဲ
- ရခိုင်အာဇာနည် ဦးသာထွန်း.
- Generation Wave တဲ့ဟေ့
- မချိသွားဖြဲ..နေကြသူတွေ..
- The Arakan National Newspaper.vol;2.No.11.November...
- ရခိုင်ပြည်နယ်မှသတင်း
- E နဲ့  G နဲ့ မှားတာပါဗျာ..
- Invitation
- အမျိုးသမီးများရဲ့ အသံ
- “ အ ရှက် ဖြေ လင်္ကာ ”
- မြန်မာ က ဘင်္ဂလားဒေ့ရှ်ကို စပြီး ရန်စခြင်း
- ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို...
- နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်မျာ...
- တပ်တွင်း အပြောင်းအလဲ ပြုလုပ်
- Where Buddhism and Physics Converge
- Where Science and Buddhism Meet
- The Politics of Buddhism in Burma
-ုဖြတ်လေးဖြတ်နဲ့  သတ်တဲ့ လူမျိုးပြုန်းသတ်မှု
- Myanmar 6 months on
- သတင်းများ.(DVB)
- မြန်မာမိန်းကလေးငယ်အား ရောင်းစားသူ တရုတ်အမျိုးသမီးက...
- နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ
- ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင် (ရွေတိဂုံဘ...
- Voice of Burma, NOV 2008
- သာသနာဥသျှောင်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး မှတ်တမ်း...
- အောက်ခြေလွတ်နေသူ
- နယူးဒေလီ ဆန္ဒပြပွဲ
- သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ
- တစ်နိုင်ငံ လုံး စီးပွားရေး သူ့စီးပွားရေးဘဲ
- လှောင်ချိုင့်စံ
- နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ...
- သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်
- မင်းမှာသစ္စာ လူမှာကတိတဲ့ .မင်းအစစ်မရှိတဲ့ ပြည်မြန်မာ
-
▼
November
(417)
No comments:
Post a Comment