18 November 2008
မြန်မာနိုင်ငံတွင်း နိုင်ငံရေး တတ်ကြွလှုပ်ရှားသူတွေကို ဒီရက်ပိုင်းတွေထဲ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ် ရာမှာ ခုခံထုချေပိုင်ခွင့်၊ တရားစီရင်မှုကို အများကြားနာပိုင်ခွင့်မရှိတာကြောင့် ဥပဒေနဲ့ မညီညွတ် ဘူးလို့ပြည်တွင်းပြည်ပက ဝေဖန်မှုတွေရှိနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တင်နား (Tomás Ojea Quintana) အပါအ၀င် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ငါးဦးကလည်း အခုလို ပြင်းထန်တဲ့ထောင်ဒဏ်တွေချမှတ်နေတာဟာ တရားမျှတမှုမရှိသလို၊ စစ်အစိုးရလုပ်မယ်ဆိုတဲ့ ၂၀၁၀ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့လည်း မကိုက်ညီဘူးလို့ ဝေဖန်ကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
နိုင်ငံရေးအတိုက်အခံတွေကို အခုလို နှစ်ရှည်ထောင်ဒဏ်တွေ မတရားစီရင်နေတာနဲ့ပတ်သက်လို့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ
လူ့အခွင့်အရေးစံနှုန်းထိခိုက်စေတာကြောင့် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မျှမျှတတရှိဖို့ဆိုတဲ့ အခြေအနေကို အာဏာပိုင်တွေအနေနဲ့ အလျင်စလို ဆန်းစစ်ဆောင်ရွက်သင့်တယ်လို့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ငါးဦးကနေ မြန်မာအစိုးရကို တိုက်တွန်းသွားကြတာပါ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားကတော့ သူတို့ရဲ့ စိုးရိမ်မှုကို အခုလို ပြောပါတယ်။
“အခုကိစ္စအပေါ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အထူးကိုယ်စားလှယ်တွေကလည်း စိုးရိမ်ကြပါတယ်။ ဒါကြောင့်လည်း အခု ကျနော်တို့ ထုတ်ပြန်ချက်အပေါ်မှာ လက်မှတ်ထိုးကြတာပါ။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး အတိုက်အခံတွေ နိုင်ငံရေးအကျဉ်းသားတွေကို အခုလို ပြစ်ဒဏ်ချမှတ်နေတဲ့ တရားစီရင်မှုတွေမှာ လွတ်လပ်မှု မျှတမှု မရှိတဲအပေါ်မှာ စိုးရိမ်ကြပါတယ်။ မြန်မာအစိုးရက လုပ်မယ့် လာမယ့် ၂၀၁၀ခုနှစ်ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ဒီလုပ်ရပ် တွေက ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။”
အခုအခြေအနေတွေမှာ မြန်မာနိုင်ငံရဲ့ တရားရေးစနစ်ကိုရော ဘယ်လို ပြောနိုင်မလဲ ခင်ဗျ။
“မြန်မာနိုင်ငံတွင်း တရားရေးကဏ္ဍဟာ လွတ်လပ်ပြီး တရားမျှတမှုကင်းမဲ့တာတွေကို ကျနော်ရှင်းရှင်းလင်းလင်း အရင်ကလည်း ပြောခဲ့ပြီးပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတွေ အထူးသဖြင့် ရှေ့နေနှစ်ဦးကို ထောင်ချလိုက်တာ အတော်လေးကို စိုးရိမ်စရာရှိပါတယ်။ ဒါကြောင့် ဒီပြဿနာအပေါ်မှာလည်း ကျနော် ကိုင်တွယ်ဆောင်ရွက်နေပါတယ်။”
အခု သည်ရက်ပိုင်းတွေ နိုင်ငံရေးလှုပ်ရှားသူတွေကို ထောင်ချတာတွေအပြင် နယ်စွန်နယ်ဖျားထောင်တွေကို ပို့တာတွေ လည်း ရှိနေပါတယ်။ ဒီသတင်းတွေကိုရော လူ့အခွင့်အရေးကိုယ်စားလှယ်ကြီးအနေနဲ့ အပြည့်အစုံ သိရှိထားရဲ့လားခင်ဗျ။
“၈၈မျိုးဆက်ကျောင်းသားတွေနဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်စီရင်နေတဲ့ သတင်းတွေအားလုံး ကျနော်တို့ ရထားပါတယ်။ ပြီးခဲ့တဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာတုန်းက မြန်မာအစိုးရကိုရော လူ့အခွင့်အရေး ကောင်စီကိုပါ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာ အကြံပြုတင်ပြခဲ့ပါတယ်။ ဒါကြောင့် ကျနော်အကြံပြုထားတာတွေနဲ့ ဆန်ကျင်ဖက်ဖြစ်နေတဲ့ ဒီလုပ်ရပ်တွေကို မြန်မာအစိုးရအနေနဲ့ ရပ်တန့်ဖို့လိုပါတယ်။ လာမယ့် ကျနော့်ခရီးစဉ်နဲ့ အစီရင်ခံစာမှာတော့ ဒီ အကြံပြုချက်အတိုင်း လုပ်မလုပ်ဆိုတာတွေကို စောင့်ကြည့်ရမှာပါပဲ။”
မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာရဲ့လိုလားချက် တောင်းဆိုချက်တွေကို တောက်လျောက်လိုလို မျက်ကွယ်ပြုနေတာပဲခင်ဗျ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီပိုင်းအနေနဲ့ ဒီလို အခြေအနေတွေအပေါ်မှာ စိုးရိမ်မိရုံသက်သက်မဟုတ်ပဲ ဖြေရှင်းနိုင်ဖို့ ဘာတွေ ဆက်လုပ်နိုင်မယ်လို့ ထင်သလဲ။
“လူ့အခွင့်အရေးကောင်စီမှာ အထူးသီးခြားလုပ်နိုင်တဲ့ လုပ်ငန်းစဉ်တွေ၊ ကုလသမဂ္ဂမှာလည်း အခြား လုပ်ကိုင်နိုင်တဲ့နည်း တွေရှိတော့ ဒါတွေကနေ မြန်မာနိုင်ငံကိစ္စကို ကိုင်တွယ်ဆောင်ရွက်သွားမှာပါ။”
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တင်နား ပြောသွားတာပါ။ မစ္စတာကင်တာနားအနေနဲ့ လာမယ့် မတ်လ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ ထပ်မံပြင်ဆင်နေသလို၊ အခု ဖြစ်ရပ်တွေအပေါ်မှာ စစ်အစိုးရအာဏာပိုင်တွေနဲ့ ထိစပ်မေးမြန်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ရှေ့နေ ဦးဥာဏ်ဝင်းကတော့ အခုဖြစ်ရပ်တွေဟာ ဥပဒေနဲ့လုံးလုံးမကိုက်ညီဘူးလို့ ဝေဖန်ခဲ့ပါတယ်။
"ဒီလိုပြစ်ဒဏ်ချတာတွေဟာ ဥပဒေနဲ့မညီဘူးလို့ မြင်တယ်။ ဒီ စွပ်စွဲခံရသူတွေ လွတ်လပ်စွာ ခုခံချေပခွင့် မရဘူး။ စိတ်ကြိုက်ရှေ့နေ ငှားရမ်းခွင့်မှာလည်း အခက်အခဲရှိတယ်။ ရှေ့နေတွေ ကိုယ်စားလှယ်စာရဖို့လည်း အခက်အခဲရှိတယ်။ ရှေ့နေတွေ တရားရုံးရှေ့ရောက်ဖို့လည်း အခက်အခဲရှိတယ်။ ဒါ ပထမတချက် ဥပဒေအရ ချို့ယွင်းချက်။ ဒုတိယ အချက် အနေနဲ့ တရားစီရင်မှုဆိုတာ အများပြည်သူရှေ့မှာ စစ်ဆေးစီရင်ရမယ်။ အခု ဒီအမှုတွေက ဘယ်အများ ပြည်သူမှ ကြားနာခွင့် မရဘူး၊ ၀င်ရောက်ခွင့် မရဘူး။ တတိယ ချို့ယွင်းချက်အနေနဲ့ အကုန်လုံး တော်တော်များများမှာ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ဒီလိုတန်းစီပြီး ပြစ်ဒဏ်တွေကို ပုဒ်မတခုအလိုက် အသီးသီးချတယ်။ အဲဒါကြောင့် ပြစ်ဒဏ်တွေက ဒီလိုများနေတာ။”
"လက်ရှိ မြန်မာနိုင်ငံ ဥပဒေပြဋ္ဌာန်းချက်မှာ လုပ်ရပ်တခုက ပြစ်မှုဥပဒေ အမျိုးမျိုးနဲ့ ငြိစွန်းနိုင်တယ်။ အဲဒီလို ငြိစွန်းတဲ့ပုဒ်မတွေ တခုချင်းအလိုက် အပြစ်ပေးလို့မရဘူး။ ငြိစွန်းတဲ့အထဲက တခုကိုသာ အပြစ်ပေးရမယ်လို့ ဥပဒေပြဋ္ဌာန်းချက် အတိအကျ ရှိတယ်။ ဒါတွေနဲ့လည်း အကုန်ဆန့်ကျင်နေတယ်။"
ဒါဆိုရင် ပြစ်ဒဏ်ချမှတ်တဲ့ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို အုပ်ချုပ်ရေးပိုင်းက စွက်ဖက်နေတယ်လို့ ကြားတဲ့ အခါကျတော့ အခု အမိန့်ချတဲ့နေရာမှာ တရားရေးအရ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်တယ်လို့ ယူဆလို့ရပါသလား။
"ရရှိတဲ့သတင်းတွေအရ အဲဒီလို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရဘူးလို့ မြင်တယ်။ ပြစ်ဒဏ်ချတဲ့နေရာမှာ စောစောက ပြောသလို Action တခုထဲက ဖြစ်လာတဲ့ ပုဒ်မတွေထဲက တခုပဲပေးရမယ်။ ပြစ်ဒဏ်တွေ အသီးသီးချမှတ်ရင်လည်း တပေါင်းတည်း ချမှတ်လို့ရတယ်။ ဒါမှမဟုတ်ရင် တခုပြီးတခု ချမှတ်လို့ရတယ်။ ဒါ တရားသူကြီးရဲ့ဆင်ခြင်တုံ။ နောက် တရားသူကြီးရဲ့ ဆင်ခြင်တုံတခုက ပြစ်ဒဏ်တွေက ထောင်ဒဏ် ၁ ရက်ကနေ ၁၀ နှစ်အထိရှိရင် ဒီတရားခံတယောက် ပြစ်မှုကျူးလွန်တယ်လို့ မြင်ရင်တောင် ၁ ရက် ပေးရမှာလား၊ ၅ နှစ်ပေးရမှာလား၊ ၆ နှစ်ပေးရမလား၊ ဒါ ဆင်ခြင်တုံ။ အခု ပြစ်ဒဏ်တွေကို ကျနော်တို့ ကြည့်လိုက်တဲ့အခါ အဲဒီလိုဆင်ခြင်တုံမျိုး သုံးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုး လုံးဝမတွေ့ဘူး။ အမြင့်ဆုံးပြစ်ဒဏ်ပေးတယ်။"
ခုနလိုမျိုး အုပ်ချုပ်ရေးပိုင်းက စွက်ဖက်တယ်ပဲထားပါဦး၊ တရားသူကြီးတွေဘက်က
ဆင်ခြင်တုံတရား မသုံးနိုင်တဲ့ကိစ္စကရော တရားရေးပိုင်းမှာ တရားသူကြီးချုပ်
ဦးအောင်တိုးတို့ ဘာတို့ ဘာမှလုပ်နိုင်ခွင့် မရှိတော့ဘူးလား။
"ဒီဥစ္စာက တရားရေးဌာန တခုလုံးနဲ့ သက်ဆိုင်ပါတယ်။ သူတို့ ဘာကြောင့် အဲဒီလို
တရားစီရင်နေလဲဆိုတာကိုတော့ သူတို့ပဲ ပိုသိမယ်။ သို့သော် အမြင်အားဖြင့် တရား
မျှတမှု မရှိဘူးဆိုတာ မြင်ရတယ်ဆိုတာကိုပဲ ပြောနိုင်တာပါ။"
ရှေ့နေ ဦးဥာဏ်ဝင်းဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်တာ နယ်စွန်နယ်ဖျား ထောင်တွေကို ပြောင်းရွေ့တာတွေကြောင့် နိုင်ငံတကာမှာရော ကုလသမဂ္ဂမှာပါ အခုအခြေအနေအပေါ် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ ဒီအပေါ်မှာပဲ ကုလသမဂ္ဂဖက်မှာ မြန်မာအရေးဆွေးနွေးမှုတွေ ပြန်ဖြစ်လာစရာရှိတယ်လို့ ယူဆရပါတယ်။
Tuesday, November 18, 2008
နှစ်ရှည်ထောင်ဒဏ်နဲ့ ဥပဒေမဲ့ တရားစီရင်မှုအပေါ် ကုလသမဂ္ဂက ပြင်းထန်စွာရှုတ်ချ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
November
(417)
- ( န အဖ ) တို့  ပြော သော တိုး တက် နေ သည့် မြန် မာြ...
- အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း
- မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ
- Burma: Unpreventable Death Under Military Boots
- တော်လှန်ရေးရဲ့အောင်မြင်လမ်း (သို့ ) The Road
- Bloodstained Rubies Fund Burmese Regime
- BGAN & Burma plea a video by : Jeffrey Hellman
- November 30th In NYC History
- ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ
- ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် (၃၀)မြောက် အထိ...
- အမေလူထုဒေါ်အမာရဲ့ (၉၃)နှစ်မြောက် ဂုဏ်ပြု စာ ကဗျာများ
- သွားရောက်စစ်ဆေးပေးပါ။
- Welcome to 1st conference of Sasana Moli by ABMA
- မြန် မာ ပြည်၏ တရားမျှတသည်ဆို သော တ ရား စီ ရင် ရေး
- ( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် ...
- Become a Hero to Children in Burma
- နအဖ လက်အောက်မှ ကျွန်ခံရရှာသော ကလေးစစ်သား၏ ဘဝ
- လူကုန်ကုးခံရသော မြန်မာ အမျိုးသမီးများ ကို ကူညီကြပါ။
- မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ
- ၉၃ နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ ဂုဏ်ပြုအယ...
- ခလေး စစ်သားပြဿနာ..
- ပေါင်းစားကြမလား...လက်နက်ချမလား..
- ပါလီမန် ဒီမိုကရေစီ သတင်းစဉ် Nov 2008
- ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ.....
- Voice of Burma, Dec 2008
- သူတောင်းစားတွေပေါတဲ့တိုင်းပြည် က သူတောင်းစားတစ်ယောက်
- လူသတ်ကောင်တွေရဲ့ အစည်းအဝေး
- လူမဟုတ်တဲ့ လူ
- မြန်မာ့ခွေး တပ်မတော်
- ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace
- မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကိ...
- လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလု...
- မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ခ...
- ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီး...
- လူတွေမလာနဲ့  gas သာလာပစေတဲ့။
- မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လ...
- မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသား...
- သူတောင်းစားတွေ ပေါမှပေါ..
- အိပ်ပေါက်နဲ့ ဖားကောက်နေတဲ့ နအဖ
- သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက...
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့
- သတင်း အမှောင်ချထားခြင်း
- Brief History of Burma from CNN
- ဒီ video ကြည့်ပြီး သန်းရွှေဖျားနေတယ်.ကြောက်လို့ 
- Relief and Resistance in Burma's War Zones
- HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း
- ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြုကြစေလို
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည...
- in front of UN ( in japan )
- ကြိုင်ကြိုင်နဲ့ သန်းရွှေ တို့ ရဲ့သောင်းကျန်းပုံတွေ
- ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်
- လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒ...
- အကြမ်းဖက်သမား သန်းရွှေ အုပ်စိုးရာ ပြည်တွင်းမှ ပြည်သ...
- မြန်မာနိုင်ငံသား AIDS ရောဂါရှင်များရဲ့ ကယ်သူမဲ့ဘဝ
- ထိုင်းဝန်ကြီးချူပ်လဲ သန်းရွှေလို အာဏာရူးဘဲလား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အ...
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်
- Burmese Health--Healthy Eating, Healthy Living in ...
- ဒုက္ခသည် များရဲ့ အရိပ်ကောင်းသော သစ်တပင်
- အလင်းရောင်ပျောက်သော်လည်း..ပွင့်နေဆဲ ပန်းကလေးများ
- Burmese School in Bangkok
- ဆေးဝါးပြတ်လပ်လို့ အိပ်ခ်ျအိုင်ဗွီရောဂါသည် သောင်းနဲ...
- မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုး...
- ငတက်ပြား သက်ကျားအိုဝန်ကြီး
- မြန်မာပြည်က မျောက်နှစ်ကောင်ကတဲ့ပွဲ
- ရခိုင်အာဇာနည် ဦးသာထွန်း.
- Generation Wave တဲ့ဟေ့
- မချိသွားဖြဲ..နေကြသူတွေ..
- The Arakan National Newspaper.vol;2.No.11.November...
- ရခိုင်ပြည်နယ်မှသတင်း
- E နဲ့  G နဲ့ မှားတာပါဗျာ..
- Invitation
- အမျိုးသမီးများရဲ့ အသံ
- “ အ ရှက် ဖြေ လင်္ကာ ”
- မြန်မာ က ဘင်္ဂလားဒေ့ရှ်ကို စပြီး ရန်စခြင်း
- ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို...
- နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်မျာ...
- တပ်တွင်း အပြောင်းအလဲ ပြုလုပ်
- Where Buddhism and Physics Converge
- Where Science and Buddhism Meet
- The Politics of Buddhism in Burma
-ုဖြတ်လေးဖြတ်နဲ့  သတ်တဲ့ လူမျိုးပြုန်းသတ်မှု
- Myanmar 6 months on
- သတင်းများ.(DVB)
- မြန်မာမိန်းကလေးငယ်အား ရောင်းစားသူ တရုတ်အမျိုးသမီးက...
- နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ
- ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင် (ရွေတိဂုံဘ...
- Voice of Burma, NOV 2008
- သာသနာဥသျှောင်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး မှတ်တမ်း...
- အောက်ခြေလွတ်နေသူ
- နယူးဒေလီ ဆန္ဒပြပွဲ
- သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ
- တစ်နိုင်ငံ လုံး စီးပွားရေး သူ့စီးပွားရေးဘဲ
- လှောင်ချိုင့်စံ
- နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ...
- သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်
- မင်းမှာသစ္စာ လူမှာကတိတဲ့ .မင်းအစစ်မရှိတဲ့ ပြည်မြန်မာ
-
▼
November
(417)
No comments:
Post a Comment