http://www.khitpyaing.org/news/December_08/22-12-08b.php
ကမ္ဘာတလွှားရှိ (၁၆၇) နိုင်ငံကို ဒီမိုကရေစီရေးပီပြင်မှုရှိမရှိ လန်ဒန်အခြေစိုက် အီးအိုင်ယူအဖွဲ့က စစ်တမ်းကောက်ပြီး ညွန်းကိန်းတည်ဆောက်ကြည့်ခဲ့ရာ မြန်မာနိုင်ငံက အဆင့် (၁၆၃) မှာသာရှိသည်။ကမ္ဘာ့နိုင်ငံများ၏ ထက်ဝက်ခန့်ကို ဒီမိုကရေစီနိုင်ငံများဟု တွက်ဆနိုင်သော်လည်း ဒီမိုကရေစီ အပြည့်အ၀ရှိသည့် နိုင်ငံအရေအတွက်မှာ (၃၀) ရာခိုင်နှုန်းခန့်သာရှိပြီး (၅၀) ရာခိုင်နှုန်းမှာ ဒီမိုကရေစီရေး ပြဿနာရှိသည့် နိုင်ငံများဟု သတ်မှတ်ထားသည်။ ကျန်ရှိနေသော နိုင်ငံ (၈၇) နိုင်ငံအနက် (၅၁) နိုင်ငံတွင် အာဏာရှင် နိုင်ငံများဖြစ်ပြီး (၃၆) နိုင်ငံမှာမူ တ၀က်တပျက်ဒီမိုကရေစီနိုင်ငံများဖြစ်သည်။ ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံများအဆင့်တွင် OECD အဖွဲ့ဝင် ဖွံ့ဖြိုးပြီးနိုင်ငံ အများစု ပါဝင်ပြီး အာရှမှ ဂျပန်နှင့် တောင်ကိုရီးယား (၂) နိုင်ငံသာပါဝင်သည်။
Summary
Rest of your post
No comments:
Post a Comment