ဇာနည်
အင်္ဂါနေ့၊ ဒီဇင်ဘာလ 16 2008 22:04 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ယုံကြည်ချက် ခိုင်မာသူများကို အထူးဂရုပြု ကူညီသွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်း ကေ အောလ်ဘရိုက်က အင်္ဂါနေ့က ပြောကြားလိုက်သည်။
အမေရိကန်အခြေစိုက် အမျိုးသားဒီမိုကရက်တစ် အင်စတီကျူ့ ခေါ် NDI မှ ၀ါရှင်တန်မြို့တွင် ပြုလုပ်သော စတုတ္ထအကြိမ်မြောက် မက်ဒလင်း ကေ အောလ်ဘရိုက် ဆုနှင့် ၁၈ ကြိမ်မြောက် W. Averell Harriman Democracy
ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ပြောလိုက်ခြင်း ဖြစ်သည်။
"ကျမက တချို့တွေ ထင်သလို ဒီ ဆုနာမည်ကို ရွေးချယ်ခဲ့တဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် ကျမဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီရေး အတွက် ယုံကြည်ချက် ထားရှိတဲ့ သူတွေကို ကူညီတာမှာ တကယ့်ကို ရူးရူးးမူးမူး ဂရုစိုက်တာပါ" ဟု အောလ်ဘရိုက်က ဆုအခမ်းအနားတွင် ပြောသည်ကို NDI ၏ အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားသည်။
ဒီမိုကရေစီရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် နိုင်ငံတကာမှ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို အထောက်အကူပြုသည့်အနေဖြင့် ချီးမြှင့်ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်အတွက် ဆုကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့် W. Averell Harriman Democracy ဆုကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့က ရရှိခဲ့သည်။
NDI ၏ ဥက္ကဌ တဦးလည်းဖြစ်သူ အောလ်ဘရိုက်က ဆုချီးမြှင့်အားဖြင့် " အမျိုးသမီးများ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို သူတို့ရဲ့ ညီအစ်ကို မောင်နှမတွေ၊ ကျမတို့ရဲ့ ညီအကို မောင်နှမတွေ နဲ့ အတူတူ တိုင်းပြည်နဲ့ လူမျိုးရဲ့ အိပ်မက်တွေကို ဆက်လက်ရှင်သန်နေစေဖို့ အတွက် လွယ်ကူမှုတွေ ဖြစ်ပါလိမ့်မယ်" ဟု အခမ်းအနားတွင် ပြောသွားသည်။
၁၉၈၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ၀ါရှင်တန် အခြေစိုက် NDI သည် ပရဟိတ အဖွဲ့တစ်ခုဖြစ်ပြီး ဒီမိုကရေစီအတွက် လုပ်ဆောင်နေသော အဖွဲ့အစည်းများကို ထောက်ပံ့နေသော အဖွဲ့ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီရေးအတွက် ၁၉၉၅ ခုနှစ်ကတည်းက ကမ္ဘာအနှံ့ရှိ ကွန်ယက်များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဆုရရှိသော အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ၏ကိုယ်စား ဆုတက်ရောက်ယူခဲ့သူ အမျိုးသမီးများ နိုင်ငံရေးစွမ်းရည် မြင့်မားရေးလုပ်ငန်း တာဝန်ခံ မသင်းသင်းအောင်က "ဒီလိုမျိုး လာယူရတော့ ဂုဏ်ယူတာပေါ့ နောက်ပြီးတော့ အဖွဲ့အစည်း အနေနဲ့လဲ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ ဆိုပြီးတော့လည်း နိုင်ငံတကာ အထူးသဖြင့် ဒီအမေရိကားမှာ ရှိတဲ့ ခေါင်းဆောင်တွေကလဲ သိသွားတယ်။ နောက် မြန်မာနိုင်ငံရဲ့ အရေး အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း သိသွားကြတော့ ဂုဏ်ယူပါတယ်" ဟု မဇ္ဈိမကို ပြောပြသည်။
အောဘရိုက်သည် အမေရိကန်သမတ ကလင်တန် လက်ထက်၊ နိုင်ငံခြားရေး ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ်က မြန်မာ့စစ်အစိုးရကို လူသိရှင်ကြား ဝေဖန်ခဲ့သူဖြစ်သည်။
မြန်မာစစ်အစိုးရနှင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုများ အကြား တွေ့ဆုံ ညှိနှိုင်းမှု ဖြစ်ပေါ်လာစေရန် ကုလသမဂ္ဂမှ ပါဝင်ပတ်သက်မှုများကိုလည်း ထောက်ခံ အားပေးခဲ့သည်။
မဒလင်း အောလ်ဘရိုက်၏ မြန်မာနိုင်ငံအပေါ် ထားရှိသော သဘောထားနှင့် ပတ်သက်၍ "သူ့အနေနဲ့ တောက်လျှောက် မြန်မာ့အရေးကို ပြောခဲ့တာတွေ၊ စာတွေ ရေးထားတာတွေ ရှိတော့ နောက်တက်လာမယ့် အိုဘားမား အစိုးရ လက်ထက်မှာလည်းပဲ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ပတ်သက်တာတွေမှာ သူကဆက်ပြီး ဖိအားတွေ ပေးသွားနိုင်မယ်။ ပါဝင်မယ်လို့ ထင်ပါတယ်" ဟု မသင်းသင်းအောင်က သူ့အမြင်ကို ပြောပြသည်။
အောဘရိုက်သည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ၁၉၉၇ ခုနှစ်က တွေ့ဆုံခဲ့ဖူးသည်။
မကြာသေးခင်ကမှ ထုတ်ဝေခဲ့သော သူ၏ "မျိုးဖြုတ်သတ်ဖြတ်ခြင်းကို ကာကွယ်ခြင်း" အစီရင်ခံစာတရပ်တွင် မြန်မာစစ်အစိုးရမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တားဆီးရန်အတွက် လိုအပ်လာပါက အမေရိကန်အစိုးရမှ စစ်ရေးအသုံးပြု၍ ဖြေရှင်းရန် တိုက်တွန်းထားသည်။
အဆိုပါ အစီရင်ခံစာတွင် လက်ရှိအခြေအနေတွင် မြန်မာ နိုင်ငံ အရှေ့ဖက်ခြမ်းတွင် မြန်မာ စစ်တပ်၏ တိုက်ခိုက်မှုနှင့် တိုင်းရင်းသား မျိုးနွယ်စုများကို ဖိနှိပ်မှုများကြောင့် လူပေါင်း ၆ သိန်းခွဲကျော် နေရပ်ရွှေ့ပြောင်းကြရပြီး ကျေးရွာပေါင်း ၃၅၀၀ ခန့် ဖျက်ဆီးခံရသည်ဟု ပါရှိသည်။
Tuesday, December 16, 2008
မြန်မာ့ဒီမိုကရေစီ အင်အားစုများကို အထူး ကူညီသွားမည်ဟု မက်ဒလင်း အောလ်ဘရိုက်ပြောကြား
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
December
(421)
- မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆ...
- အချိန်မရှိတော့ဘူး လုပ်လိုက်ပါတော့တဲ့ ကျော်ဟိန်းကေ...
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွ...
- ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ
- ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ခွေးသူတောင်းစာ...
- ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၈ သတင်းများ
- ဒါ ရာဇ၀တ်မှုတဲ့လားဗျာ
- FREE DAW AUNG SAN SU KYI RANGOON NEWS
- New Virus.. Becareful
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များရဲ့ အ...
- နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမော...
- အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှော...
- thee lay thee @ new york city.
- ခွေးတွေ ထပ်ဆွဲနေပြန်ပြီ.
- တကယ်တုံးတာက သူတို့ 
- stilwell road (သို့ )Burma Road (သို့ )လီဒိုလမ်းမ ...
- မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရ...
- ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်က...
- သူထက်ချော.သူ့ ထက်တော် သူထက် လူတွေချစ် လို့  ခွေးအြ...
- ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈ သတင်းများ
- ဒုတိယလွတ်လပ်ရေးတိုက်ပွဲကင်ပိန်း
- နားဂစ်မုန်တိုင်းရံပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်က...
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မ...
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
- သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက...
- ရွှေဘတွေချည်းဘဲ ခံနေရတော့မလားဗျ
- Global Action for Burma : Second Struggle for Nati...
- လှို့ ဝှက်အစီရင်ခံစာ
- ဒုံးယိမ်းက တူတူ ပျော်ကြရအောင်..
- ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အ...
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူမ...
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (...
- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ...
- မြှောက်ပေးသော် ခွေးပျော်ဧ။်
- အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊...
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး
- ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၈ သတင်းများ
- Horror in the East: Burma - The Forgotten War
- ဒုတိယ ကမ္ဘာစစ်အတွင်းမှ မြန်မာစစ်တလင်း.
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံ...
- အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူမျ...
- မြန်မာ့ဓာတ်ငွေ့ကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းခ...
- ပြည့်သူသတ်မတော်
- စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ...
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- ပလီပေါက် ကင်းနေဗီ (ရေတပ်) လူထုထံမှ ဓါးပြတိုက်
- မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ
- ခွေး ရွေးကောက်ပွဲ
- ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- Ashin Ottama's Birthday Anniversary 129 years on 2...
- European Commission sends aid to Myanmar
- သူတောင်းစားကြီး သွားတဖြီးဖြီး.
- အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး
- ကြည့်လှည့်သင့်တဲ့ ခြင်္သေ့ လည်ပြန်
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- ဂျပန်လူမျိုးဦးရွှေဘ Interview of U SHWE BA(Mr.TaNaBe)
- အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့်
- HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တ...
- အလုပ်သမ လေးဦး နစ်နာကြေး ရရှိ
- ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ည...
- တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထ...
- ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်...
- ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ...
- မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ
- ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွ...
- နအဖကို ကုလညီလာခံပြစ်တင်
- ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ
- ကျွဲ ပါးစောင်းတီး
- အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမ...
- ၂၇. ၁၂ .၂၀၀၈ ကရင်နှစ်သစ်ကူး အတွက် ကရင်အမျိုးသားအစည...
- RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းတည်ေ...
- နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်...
- အနော်တော့ ကြောက်တယ်ဗျ။ လိမ်ရတာလည်း မျက်နှာပူလှပေါ့
- ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
- နှုတ်ဆက်ခဲ့ပြီ ၂၀၀၈
- 2009 ပြက္ခဒိန်ပါ။
- ဒီဇင်ဘာ ၂၅ ၂၀၀၈ သတင်းများ။
- မေ့မရသော ဆရာ့ အမှာစကား
- မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ...
- မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
- ဗမာပြည်ကိုမတရားအနိုင်ကျင့်နေသော မကောင်းဆိုးဝါးများ
- မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အမှတ်တရ နှစ် ၂၀
- လောက်ကောင်တွေ ဆားထိနေကြပြီ
- နအဖ ပြည်ထဲရေးဝန်ကြီးရဲ့ ထိုးဖောက်မှုအစီအစဉ်
- မြန်မာဆင်တွေ..နောင်ဆို ပြတိုက်မှာဘဲပြရတော့မယ်။
- စေတနာရှင်များ ၀ိုင်းကူမှ ပညာတတ်မဲ့ မြန်မာကလေးငယ်များ။
- ဒီဇင်ဘာ ၂၃ ၂၀၀၈ သတင်းများ။
- ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်၏ လာဘ်ငွေစာရင်း
- ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖိတ်ကြားခြင်း
- နအဖ၂၀၁၀ မှ ဘယ်လိုကလိမ်ကကျစ်လုပ်ရမလဲစဉ်းစားနေတယ် ကျ...
- မြေး ရှုဖို့အတွက် အဖိုးကဘိန်း စိုက်ခိုင်းတာ ဖြစ်မယ်
- ဒါမျိုးမှ ဆိုးပေ သန်းရွှေ က အားရကျေနပ်တာ
- မဲဆောက်နေ တော်လှန်ရေးသမားများ သတိ
- ၃၇၆ ဆို တာ ကြား ကတည်း ကျက်သရေ တော်တော် ယုတ်နေပြီ
- လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦး...
- ဘာဒုက္ခသွား ထပ်ပေးအုံးမလဲမသိဘူး
- တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ
-
▼
December
(421)
No comments:
Post a Comment