14 December 2008
ကွယ်လွန်သွားပြီဖြစ်တဲ့ ကေအန်ယူ ကရင်အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်ကြီး
စောဘိုမြရဲ့ သားအငယ်ဖြစ်တဲ့ ကေအန်အယ်လ်အေ ကရင်အမျိုးသား လွတ်မြောက်
ရေး တပ်မတော်က ဗိုလ်ကြီးအဆင့် စောနေစိုးမြခေါ် ဗိုလ်ကြီးတေးလေးဟာ မြန်မာ
စစ်အစိုးရနဲ့ ဆွေးနွေးစကားပြောဖို့ နေပြည်တော်ကိုရောက်ရှိနေတယ်လို့ သိရပါတယ်။
ဗိုလ်ကြီးတေးလေးဟာ ဘယ်လိုပုံစံမျိုးနဲ့ စစ်အစိုးရနဲ့ သွားရောက်တွေ့ဆုံတာလဲ၊
ဒီအပေါ် ကေအန်ယူဘက်ကရော ဘယ်လိုသဘောထားရှိလဲဆိုတာနဲ့ ပတ်သက်ပြီး
ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ကေအန်ယူ တွဲဖက်
အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေကို ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
အခု နေပြည်တော်ကိုသွားရောက်ခဲ့တယ်လို့ပြောတဲ့ ဗိုလ်ကြီးတေးလေးရဲ့ လက်ရှိ
တာဝန်ကို ပြောပြပေးပါ။
"အခုလက်ရှိတာဝန်ကတော့ တပ်ခွဲမှူးပဲ။ တပ်ခွဲမှူးဆိုတော့ ဗိုလ်ကြီးပေါ့။ ကေအန်
အယ်လ်အေတပ်ရင်း ၂၀၂ ရဲ့ တပ်ခွဲ ၃ က။ ဟိုတုန်းက သူ့အစ်ကိုက အဲဒီမှာ
တပ်ရင်းမှူးပဲ။"
အခုသွားရောက်မှုဟာ ကရင်အမျိုးသား အစည်းအရုံးရဲ့ စေလွှတ်မှုနဲ့ သွားရောက်တာ
ပါလား။
"သွားတာကတော့ သူ့သဘောနဲ့သူ သွားတာပါ။ ကျနော်တို့ ကေအန်ယူက ခွင့်ပြုချက်
မရှိဘူး၊ ခွင့်ပြုစရာအကြောင်းလည်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူသွားတဲ့ကိစ္စက
ကျနော်တို့ ပထမကြားတာ သူ့မိသားစုအတွင်း သူတို့ လင်ခန်းမယားခန်းမှာ စကား
များကြရာက အမျိုးသမီးထွက်သွားတဲ့နောက်ကို သူလိုက်တယ်ပေါ့။ အဲဒီအနေအထားပဲ
ကျနော်တို့က သိတယ်။ နောက်တော့မှ ၁၁ ရက်နေ့က ဘန်ကောက်သံရုံးထဲကို
ဗိုလ်ချုပ်မြရဲ့ သားတယောက်က ၀င်သွားတယ်ဆိုတဲ့သတင်းရမှ ကျနော်တို့လည်း
ပြန်သိရတာ။
"နောက်ဆုံးတော့ ဒါက အမြတ်ထုတ်တယ်လို့ပဲ ကျနော်တို့က တွက်တာပေါ့။ ဘာပဲ
ဖြစ်ဖြစ် ဗိုလ်ချုပ်မြလို အစဉ်အလာကြီးမားတဲ့ ခေါင်းဆောင်ကြီးတယောက်ရဲ့သား၊
တပ်ခွဲမှူးတယောက်လည်း ဖြစ်တယ်ဆိုတဲ့အခါကြတော့ အဲလိုအနေအထားမျိုးမှာ
သူတို့က ကျနော်တို့အဖွဲ့အစည်းအတွင်းမှာ စိတ်ဝမ်းကွဲမှု ရှိသယောင်ယောင် သူတို့
ခွဲထုတ်တဲ့ပုံစံမျိုးနဲ့ နိုင်ငံရေးကစားချင်လို့ ခေါ်သွားတယ်လို့ ကျနော်တို့က အဲဒီလိုပဲ
သတ်မှတ်ပါတယ်။
"အဖွဲ့အစည်းအရတော့ ဒီမှာ ပျော့တဲ့လူတွေ၊ ယိုင်တဲ့လူတွေ၊ မခိုင်တဲ့လူတွေနဲ့ သူတို့က
ရှာနေတာပေါ့။ မာတဲ့လူတွေတောင်မှ သူတို့က ဆွယ်နေသေးတာပဲဆိုတော့။"
ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ အရင်တုန်းကလည်း တွေ့ဆုံဆွေးနွေးမှုတွေ
လုပ်ခဲ့တယ်ဆိုတော့ အခုရော တွေ့ဆုံဆွေးနွေးဖို့ အလားအလာတွေ ရှိပါသလား။
"တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ကတော့ အဓိကက နအဖဘက်ပါပဲ။ တိုင်းပြည်
အာဏာကို အတင်းအကျပ် သိမ်းပိုက်ပြီး ဆုပ်ကိုင်ထားတဲ့လူက ဆန္ဒရှိတယ်၊ ပြေလည်
ချင်တယ်၊ အမျိုးသားရေးအရ ညီညွတ်ချင်တယ်ဆိုရင်တော့ သူတို့ကပဲ ဖွင့်လာရမှာ
ပေါ့။ ကျနော်တို့ဘက်ကတော့ အမြဲတမ်းပဲ တံခါးဖွင့်ထားတယ်၊ ကမ်းလှမ်းထားတာပဲ။
"တရားမျှတတဲ့နည်းနဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းမယ်၊ အမျိုးသားရေးပြဿနာကို
တကယ်ပဲ မှန်မှန်ကန်ကန် ရှာဖွေကြမယ်ဆိုရင် ကျနော်တို့က အဆင်သင့်ရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တခါမှလည်း တံခါးပိတ်မထားပါဘူး၊ ဘူးခံပြီးတော့လည်း မငြင်းပါ
ဘူး။ သို့သော်လည်း လက်ခုပ်က နှစ်ဖက်တီးမှပဲ မြည်မယ့်ကိစ္စဖြစ်တဲ့အတွက် တဖက်ရဲ့
အပေါ်မှာပဲ မူတည်ပါတယ်။"
အခုလို အဖွဲ့အစည်းရဲ့ သဘောတူညီချက်မရဘဲ မိမိသဘောနဲ့ သွားရောက်ခဲ့တာနဲ့
ပတ်သက်ပြီး သူပြန်လာမယ်ဆိုရင်ရော ဘယ်လိုများ ဆုံးဖြတ်မလဲ။
"သူပြန်လာမယ်ဆိုရင်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ အုပ်ချုပ်မှုအောက်၊
ခေါင်းဆောင်မှုအောက်မှာ ရှိတဲ့ လူတယောက်အနေနဲ့ ကျနော်တို့က သူ့ကိုခေါ်ယူပြီး
မေးမြန်းရမှာပေါ့၊ ဘယ်အကြောင်းကြောင့်ဆိုတာ။ အဲဒီအပေါ်မှာ ကျနော်တို့က
ကေအန်ယူရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေ၊ တပ်မတော်ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ၊
ထုံးတမ်းအစဉ်အလာတွေအရ သူက အမှုတခုကို ကျူးလွန်တဲ့ အနေအထားပေါ်မှာ
ဆိုရင် အဲဒီဥပဒေအတိုင်း သူ့အနေနဲ့ အရေးယူဆောင်ရွက်မှု တခုခုတော့ ခံရမှာပေါ့။"
မြန်မာစစ်အစိုးရနဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးကြားမှာ လွန်ခဲ့တဲ့
၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်ကစပြီး ဆက်ဆံရေးကိုယ်စားလှယ်တွေကတဆင့်
တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ဖူးပါတယ်။ စစ်အစိုးရဘက်ကလည်း ဗိုလ်ချုပ်ကြီး
စောဘိုမြ မကွယ်လွန်ခင် အချိန်ကစပြီး စစ်ဖက်ရေးရာအရာရှိ ဗိုလ်မှူးကြီးမြတ်ထွန်းဦး
ကို စေလွှတ်ပြီး ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရယူပြီး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ဖို့
အတွက် ကြိုးစားခဲ့ပါသေးတယ်။
နောက်ပိုင်းမှာ ကေအန်ယူ တပ်မဟာ ၇ သာ စစ်အစိုးရနဲ့ ပူးပေါင်းသွားခဲ့ပြီး တပ်မဟာ
၇ ရဲ့ တပ်မှူး၊ တပ်သားတွေကြားမှာ အချင်းချင်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရပါတယ်။
နောက်ဆုံး ဗိုလ်ချုပ်ကြီးစောဘိုမြ ကွယ်လွန်တဲ့အချိန်မှာလည်း စစ်အစိုးရဘက်က
ဗိုလ်မှူးကြီးမြတ်ထွန်းဦးကို စေလွှတ်ခဲ့ပါသေးတယ်။
ကေအန်ယူဘက်ကတော့ ဒါကို တရားဝင်လမ်းကြောင်းတွေဘက်ကနေ တွေ့ဆုံ
ဆွေးနွေးချင်တာမဟုတ်ဘဲ နောက်ဖေးဘက်ကနေ ရယူနေတဲ့ နားလည်မှုတွေသာ
ဖြစ်ကြောင်း ဒီကနေ့မှာ ဆက်ပြောသွားပါတယ်။
http://www.voanews.com/burmese/2008-12-14-voa3.cfm
Sunday, December 14, 2008
ကရင်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမြ သားငယ် စစ်အစိုးရနဲ့ ဆွေးနွေး
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
December
(421)
- မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆ...
- အချိန်မရှိတော့ဘူး လုပ်လိုက်ပါတော့တဲ့ ကျော်ဟိန်းကေ...
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွ...
- ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ
- ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ခွေးသူတောင်းစာ...
- ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၈ သတင်းများ
- ဒါ ရာဇ၀တ်မှုတဲ့လားဗျာ
- FREE DAW AUNG SAN SU KYI RANGOON NEWS
- New Virus.. Becareful
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များရဲ့ အ...
- နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမော...
- အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှော...
- thee lay thee @ new york city.
- ခွေးတွေ ထပ်ဆွဲနေပြန်ပြီ.
- တကယ်တုံးတာက သူတို့ 
- stilwell road (သို့ )Burma Road (သို့ )လီဒိုလမ်းမ ...
- မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရ...
- ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်က...
- သူထက်ချော.သူ့ ထက်တော် သူထက် လူတွေချစ် လို့  ခွေးအြ...
- ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈ သတင်းများ
- ဒုတိယလွတ်လပ်ရေးတိုက်ပွဲကင်ပိန်း
- နားဂစ်မုန်တိုင်းရံပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်က...
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မ...
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
- သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက...
- ရွှေဘတွေချည်းဘဲ ခံနေရတော့မလားဗျ
- Global Action for Burma : Second Struggle for Nati...
- လှို့ ဝှက်အစီရင်ခံစာ
- ဒုံးယိမ်းက တူတူ ပျော်ကြရအောင်..
- ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အ...
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူမ...
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (...
- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ...
- မြှောက်ပေးသော် ခွေးပျော်ဧ။်
- အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊...
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး
- ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၈ သတင်းများ
- Horror in the East: Burma - The Forgotten War
- ဒုတိယ ကမ္ဘာစစ်အတွင်းမှ မြန်မာစစ်တလင်း.
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံ...
- အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူမျ...
- မြန်မာ့ဓာတ်ငွေ့ကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းခ...
- ပြည့်သူသတ်မတော်
- စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ...
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- ပလီပေါက် ကင်းနေဗီ (ရေတပ်) လူထုထံမှ ဓါးပြတိုက်
- မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ
- ခွေး ရွေးကောက်ပွဲ
- ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- Ashin Ottama's Birthday Anniversary 129 years on 2...
- European Commission sends aid to Myanmar
- သူတောင်းစားကြီး သွားတဖြီးဖြီး.
- အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး
- ကြည့်လှည့်သင့်တဲ့ ခြင်္သေ့ လည်ပြန်
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- ဂျပန်လူမျိုးဦးရွှေဘ Interview of U SHWE BA(Mr.TaNaBe)
- အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့်
- HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တ...
- အလုပ်သမ လေးဦး နစ်နာကြေး ရရှိ
- ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ည...
- တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထ...
- ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်...
- ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ...
- မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ
- ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွ...
- နအဖကို ကုလညီလာခံပြစ်တင်
- ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ
- ကျွဲ ပါးစောင်းတီး
- အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမ...
- ၂၇. ၁၂ .၂၀၀၈ ကရင်နှစ်သစ်ကူး အတွက် ကရင်အမျိုးသားအစည...
- RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းတည်ေ...
- နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်...
- အနော်တော့ ကြောက်တယ်ဗျ။ လိမ်ရတာလည်း မျက်နှာပူလှပေါ့
- ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
- နှုတ်ဆက်ခဲ့ပြီ ၂၀၀၈
- 2009 ပြက္ခဒိန်ပါ။
- ဒီဇင်ဘာ ၂၅ ၂၀၀၈ သတင်းများ။
- မေ့မရသော ဆရာ့ အမှာစကား
- မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ...
- မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
- ဗမာပြည်ကိုမတရားအနိုင်ကျင့်နေသော မကောင်းဆိုးဝါးများ
- မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အမှတ်တရ နှစ် ၂၀
- လောက်ကောင်တွေ ဆားထိနေကြပြီ
- နအဖ ပြည်ထဲရေးဝန်ကြီးရဲ့ ထိုးဖောက်မှုအစီအစဉ်
- မြန်မာဆင်တွေ..နောင်ဆို ပြတိုက်မှာဘဲပြရတော့မယ်။
- စေတနာရှင်များ ၀ိုင်းကူမှ ပညာတတ်မဲ့ မြန်မာကလေးငယ်များ။
- ဒီဇင်ဘာ ၂၃ ၂၀၀၈ သတင်းများ။
- ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်၏ လာဘ်ငွေစာရင်း
- ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖိတ်ကြားခြင်း
- နအဖ၂၀၁၀ မှ ဘယ်လိုကလိမ်ကကျစ်လုပ်ရမလဲစဉ်းစားနေတယ် ကျ...
- မြေး ရှုဖို့အတွက် အဖိုးကဘိန်း စိုက်ခိုင်းတာ ဖြစ်မယ်
- ဒါမျိုးမှ ဆိုးပေ သန်းရွှေ က အားရကျေနပ်တာ
- မဲဆောက်နေ တော်လှန်ရေးသမားများ သတိ
- ၃၇၆ ဆို တာ ကြား ကတည်း ကျက်သရေ တော်တော် ယုတ်နေပြီ
- လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦး...
- ဘာဒုက္ခသွား ထပ်ပေးအုံးမလဲမသိဘူး
- တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ
-
▼
December
(421)
No comments:
Post a Comment