Thursday, December 11, 2008

နွားအိုကြီး တွေ မြေမျိုမှာ ကြောက်နေပြီ

ဝန်ကြီး ဦးအောင်သောင်းက ၀န်ထမ်းများကို လွန်ဆွဲပြီး ယတြာချေခိုင်း
NEJ/ ၁၂ ဒီဇင်ဘာ ၂၀၀၈
line

စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း၏ နေပြည်တော် အီးစီအစည်းအဝေးကြမ်းပြင် ကြွေပြားများ ဒီဇင်ဘာလဆန်ပိုင်းက ရုတ်တရက် အလိုလိုကြွတက်လာသည့်အတွက် ဦးအောင်သောင်းက ၀န်ထမ်းများကို အဓမ္မ လွန်ဆွဲခိုင်းပြီး ယတြာချေခိုင်းသည်။

စက်မှု (၁) ၀န်ကြီးဌာန နေပြည်တော် အီးစီအစည်းအဝေးရုံးခန်းကြမ်းပြင် ကြွေပြားများ သူ့အလိုလို ကြွတက်လာခြင်းမှာ ဦးအောင်သောင်းအတွက် မကောင်းသည့်နိမိတ်ဟု ၀န်ထမ်းများကြား တီးတိုးပြောဆိုပြီး မကြာခင် ဆောင်းတွင်းအချိန်မှာပင် ၀န်ထမ်းများအား အဓမ္မလွန်ဆွဲခိုင်းပြီး ယတြာချေခိုင်းခဲ့သဖြင့် ၀န်ထမ်းများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

ထိုအတောအတွင်း ၀န်ကြီးဦးအောင်သောင်းသည် နိုင်ငံရေးဘက်မပြောင်းမီ မြိတ်၊ ကော့သောင်းဘက်မှ အရှုံးပေါ်နေသည့် ပုဂ္ဂလိက ကုမ္ပဏီများထံမှ စားအုန်းဆီခြံများကို ကျပ် သန်းထောင်နှင့်ချီပြီး ကိုယ်ပိုင်ဝယ်ရန် ပြင်ဆင်နေသည်ဟုလည်း ကုမ္ပဏီအရာရှိတဦးက ပြောသည်။


Summary

Rest of your post

No comments:

Post a Comment