နာဂစ်ဆန် ဘင်္ဂလာဒေခ်ျ့သို့ အလုံးအရင်းဖြင့် ၀င်ရောက်

12/20/2008
ဧရာဝတီတိုင်း နာဂစ်လေဘေး ဒဏ်ခံခဲ့ရသူ ပြည်သူများထံသို့ လှူဒါန်းသည့် ဆန်အိတ်များ ဘင်္ဂလာသို့ အလုံးအရင်းဖြင့် ၀င်ရောက်နေကြောင်း သတင်းရရှိသည်။
နယ်စပ်ကုန်သည် တဦးက “ ခုလောလောဆယ်တော့ ပုသိမ်နဲ့ ရန်ကုန်က ဆန်တင် သင်္ဘော အငယ်စား ၄ စီး တက်ကနက် ဆိပ်ကမ်းကို ၀င်ရောက် နေပါတယ်။ ဧရာဝတီက နာဂစ် လေဘေး ဆန်တွေ ဆိုပြီး နယ်စပ်မှာ သတင်း ထွက်နေပါတယ်။” ဟု ပြောသည်။
၎င်းပြင် သူက “ ဆန်အိတ်တွေပေါ်မှာ ဧရာဝတီ လေဘေးဆိုပြီး ရေးသားထားတဲ့ စာတန်းတွေ ပါတာကို တွေ့ရတယ်။
နိုင်ငံတကာက လှူတဲ့ ဆန်အိတ်တွေလား။ ပြည်တွင်းထဲက လှူတဲ့ ဆန်အိတ်တွေလားဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။ သင်္ဘောသမားတွေကို မေးရင်လည်း သူတို့ ဘာမှ မသိဘူးလို့ ပြောပါတယ်။” ဟု ပြောသည်။
ယခုကဲ့သို့ လေဘေး အလှူ ဆန်အိတ်များကို ဘင်္ဂလာသို့ ခိုးထုတ်နေရာတွင် သက်ဆိုင်ရာ စစ်တပ်အရာရှိများနှင့် ဒေသအတွင်းက သြဇာရှိသူ အုပ်ချုပ်ရေး ပိုင်းမှ အရာရှိများ ပါဝင်ပတ်နေသည်ဟု သိရသည်။
လွန်ခဲ့သော လအနည်းငယ်ကလည်း ဧရာဝတီ နာဂစ်လေဘေး အတွက် တနင်္သာရီတိုင်းဘက်မှ လှူဒါန်းသော သစ်များကို ဒေသခံ အာဏာပိုင်များက ဧရာဝတီ တိုင်းသို့ မပို့ဘဲ ဘင်္ဂလာသို့ မှောင်ခို တင်ပို့ ပစ်ခဲ့ကြောင်း သိရသည်။
သို့အတွက် အဆိုပါ သစ်များကို ဘင်္ဂလာ သစ်ကုမ္ပဏီများက မ၀ယ်ရဲသဖြင့် တက်ကနက် ဆိပ်ကမ်းတွင် သစ်တင်လာသော သင်္ဘော တစီးမှာ တလနီးပါးခန့် ဆိပ်ကပ်ထားခဲ့ရသည်။ နောက်ပိုင်းတွင်မှ ဒေသအတွင်း စီးပွားရေး သမားများ၏ ကြားဝင်ပေးမှုကြောင့် ဘင်္ဂလီ သစ်ကုမ္ပဏီများက ၀ယ်ယူထားလိုက်ကြောင်း သိရသည်။
No comments:
Post a Comment