အကို
ကျွန်တော်ကိုတခုလောက်ကူညီပါလာ့း ကျွန်တော်တို့ ကျောင်းအကြောင်းရင်ဖွင့် ချင်လို့ ပါ နော်
ကျွန်တော်တို့ ကသန်လျင်GTC ကျောင်းကပါ ။ ကျွန်တော်တို့ ရဲ့ ခံစားနေရတာတွေကိုပြောပြချင်လို့ ပါ
ကျွန်တော်တို့ ကျောင်းရဲ့ စည်းကမ်းကမတရားတင်းကျပ်နေလို့ ပါဗျာ
စည်းကမ်းရှိတာနဲ့ စည်းကမ်းအတင်းကျပ်တာနဲ့ မဆိုင်ဘူးထင်တယ်နော် ။အခုကျွန်တော်တို့ ကျောင်းကိုပါချုပ်အသစ်ပြောင်းလာပါတယ်
အရင်ပါချုပ်ဆရာမကြီးကမှအခုဆရာကြီးထက်စာရင်ပိုသဘောကောင်းအုန်းမယ်ခင်ဗျာ။ အခုပါချုပ်ကဗျာ ကျွန်တော်တို့ ကိုလပတ်တောင် တခုံမှာ နှစ်ယောက်ဖြေခိုင်းတယ်ဘယ်တက္ကသိုလ်မှမ၇ှိပါဘူး ။ လပတ်ကိုဖြေခိုင်းတာ။ထားပါရပါသေးတယ်ကျောင်းသားတွေ
ကိုပညာတတ်စေချင်လို့ သဘောထားလို့ ရပါသေးတယ်နောက်ပိုင်းကျတော့ ဗျာ ဆံပင်နဲနဲရှည်တာနဲ့ ကျောင်းသားကဒ်သိမ်းတယ် နားကပ်တတ်လည်း သိမ်းတယ်ဆံပင်ဆေးဆိုလည်းသိမ်းတယ်. ယူနီဖောင်းမပြည့် စုံလည်း သိမ်းတယ် ။ အကုန်ဘဲဗျာ
အဲတော့ ကျောင်းသားတွေကကြောက်ပြီး တောလမ်းတွေက၀င်ရော ကျောင်းသားတွေမြွေကိုက်မှာတောင်ဆိုးရတယ် တောလမ်းမှာဆို သတ္တ၀ါတွေအကုန်ရှိတယ်
ကျောင်းသားဆိုတာလူငယ်ဘဲလေလွတ်လပ်လပ်တော့ နေချင်တာပေါ့ လူငယ်ဘဲနဲနဲတော့ ဆံပင်ရှည်ချင်ကြတာပါ ကျွန်တော်တတ်နေတာ အထက်တန်းကျောင်းမှမဟုတ်တာအထက်တန်းကျောင်းလို့ လာအုပ်ချုပ်တော့  သေရောပေါ့ ဗျာကျောင်းသားတယောက်မှာအရေးကြီးဆုံးကကျောင်းစာရပြီးကျောင်းနေရတာပျော်ဖို့ ဘဲအခုတော့ ကျောင်းနေရတာမပျော်ကြတော့ ဘယ်လိုလုပ်ကြမလည်းတက္ကသိုလ်တတ်တယ်ဆိုတာပျော်ဖို့ မကောင်းဘဲစိတ်ညစ်ဖို့ ကောင်းနေတယ်။ GTC ကျောင်းချင်းတူတူမှော်ဘီတို့ ၊ လှိုင်သာယာတို့ ကတောင်ပျော်စရာကောင်းသေးတယ်ဗျာ။လွတ်လပ်တယ်။သူတို့ ဆီမှာကျောင်းသားကဒ်သိမ်းတာလည်းမရှိဘူး
ကျွန်တော်တို့ ကျောင်းကပါချုပ်ကတော့ ရောင်းစားဖို့ လားမသိတော့ ဘူးဗျာ။ ကျွန်တော်ကျောင်းသားတွေလည်းတောလမ်းက၀င်နေရတာ တွေ့ စေချင်တယ်မိန်းကလေးတွေပါဝင်တာနော်။ မယုံရင်လာကြည့် နိုင်ပါတယ်ခင်ဗျာ
ကျွန်တော်တို့ လည်းဂိတ်ပေါက်က၀င်ချင်တာပေါ့ တက္ကသိုလ်ကျောင်းသားဆိုပြီး ရင့် ကော့ပြီးအခုတော့ ရင့် တောင်မကော့ ရဲဘူး ကျောင်းသားကဒ်သိမ်းမှာဆိုးလို့ ။ နောက်ပြီးတော့ ပါချုပ်ပြောင်းမှာဒုကျောင်းအုပ်ကလည်းကျောင်းသားတွေဆီက သိမ်းမယ် ဆိုဘဲကျောင်းသားကဒ၊်တော်တော်ဆိုးတယ်ခင်ဗျာကျွန်တော်ရဲ့ ဘ၀ကတော်တော်ဆိုးပါတယ် တက္ကသိုလ်တတ်ရတယ်နဲ့ မတူဘူးဖြစ်နေတယ်ဘယ်လိုလုပ်ရမလည်းမသိတော့ ဘူးဗျာ
အခုပါချုပ်ကတော့ အရင်ကနာမည်ကြီးခဲ့ တဲ့ ဇာနည်အောင်ဆိုတယ် ပါချုပ်ထက်ဆိုးမလားသိဘူး ခင်ဗျာ ။ကျွန်တော်တို့ ကျောင်းသားတွေကိုယ်စာ့းကျွန်တော် တို့ ဖွင့် ပြောရတာပါဗျာ ဘာရယ်တော့ မဟုတ်ပါဘူးကျွန်တော်တို့ သန်လျင်ကျောင်းသားများ ခံစားနေရတာကိုရင်ဖွင့် တာပါဗျာ။ *Forward* လေးလုပ်ပေးကြပါနော်။
ပေါက်ကွဲသံစဉ်အဖွဲ
This law is for you good struend. Your leader is Good. Your stupid man !
ReplyDeletePlease dont go to school.Pls sell to Ice-water.
တက္ကသိုလ်ကျောင်းသားတွေဟာ တက္ကသိုလ်ကျောင်းသားအဆင့်နဲ့ အညီ နေထိုင်၊ ၀တ်စားမယ်ဆိုရင် အဲဒီကျောင်းသားကဒ် သိမ်းတဲ့ ကိစ္စ အဲဒီကျောင်းမှာ ဖြစ်စရာမရှိလို့ မြင်ပါတယ်။ ကျနော်တို့ ကျောင်းသားတွေ တခုသိသင့်တာက တက္ကသိုလ်ကျောင်းသားသည် သရုပ်ပျက်၊ လမ်းသရဲပုံစံ နေဖို့တော့ မသင့်ပါ။ တက္ကသိုလ်ကျောင်းသားအဆင့်သည် အခြေခံ ပညာကျောင်းသားအဆင့် မဟုတ်တော့သည့်အတွက် ကိုယ်ရောက်နေတဲ့ အဆင့်နဲ့ လျှော်ညီတဲ့ သင့်တင့်တဲ့ ၀တ်စားဆင်ယင်မှု၊ နေထိုင်သွားလာမှု၊ စာကြိုးစားမှုတို့ကို ကိုယ့်ကိုယ်ပိုင် အသိစိတ်ဖြင့် တော်၏၊ မတော်၏၊ ၀တ်သင့်၏၊ မ၀တ်သင့်၏၊ စာကြိုးစားသင့်၊ မသင့်တို့ကို ကိုယ့်ဟာကို သိသင့်ပါတယ်။ လူကြီး၊ မိဘ၊ ဆရာသမားတွေမှ တက္ကသိုလ်ကျောင်းသား အရွယ်ထိ နေရာတကာ သင့်တင့်အောင် လိုက်ပြော၊ ထိန်းသိမ်း၊ ကြိုးစားခိုင်း နေရလျှင်ဖြင့် ကိုယ့်အဆင့်ကို စဉ်းစားကြပါကုန်။ လူသာကြီးလာပြီး အတန်းတွေသာ မြင့်လာတယ် ကိုယ့်အဆင့်နဲ့ လျှော်ညီတဲ့ ဘယ်လိုနေထိုင်၊ ပြုမူရမယ်၊ ရင့်ကျက်ရမယ် ဆိုတာကို မတွေးတောနိုင်တဲ့ ကိုယ်ပိုင်အတွေးအခေါ်မရှိတဲ့ သူဖြစ်နေမှာပါ။ တက္ကသိုလ်ကျောင်းသားသည် တက္ကသိုလ်ကျောင်းသားနှင့်လျှော်ညီသော အဆင့်အတန်းတစ်ခုရှိုကို ရှိရပါမယ်။ ဒါဟာ အဲဒီအဆင့်သို့ ရောက်နေသူ၊ ရှိနေသူ ကိုယ့်ဟာကို သိရမဲ့၊ လိုက်နာကျင့်သုံးရမဲ့ ကိုယ်ပိုင်အသိပါ။ တချို့တက္ကသိုလ်ကျောင်းသားများ (တက္ကသိုလ် ကျောင်းသားဖြစ်ပြီး လမ်းသရဲပုံစံနေချင်သူ၊ နေရာတကာ ပေါ့ပျက်ပျက်စိတ်ထားပြီး ဗြဲလျှန်းနေချင်သူ၊ စာကိုကြိုးစားလေ့လာမည် မရှိပဲ စာမှလွဲပြီး မဟုတ်တာ အကုန်လုပ်ချင်သူ မောင်မင်းကြီးသားများ၊ မယ်မင်းကြီးမများ) အနေနဲ့ တက္ကသိုလ်ကျောင်းသားကောင်းတစ်ယောက်ရဲ့ ထားသင့်တဲ့ စိတ်ထား၊ ရှိသင့်တဲ့ Role၊ လိုက်နာသင့်တဲ့ စည်းကမ်းတွေကို ကိုယ်ပိုင်အသိရှိရှိ တစ်ဦးချင်းစီ ထိန်းသိမ်းသင့်ပါတယ်။ ခုပုံစံကြည့်ရတာ အဲဒီကျောင်းမှာ ရှိတဲ့ ဆရာများအနေဖြင့် အဓိကဖြစ်သော သင်ကြားရေး တာဝန်အပြင်၊ ကျောင်းသားအချို့ရဲ့ တက္ကသိုလ်ကျောင်းသားကောင်း တစ်ယောက်ရဲ့ရှိသင့်တဲ့ အဆင့် ဆိုတာကို ဘာမှန်းမသိ၊ မသိလို့ ကို့ Role ကိုထိန်းသိမ်းရမှန်းမသိလို့ ဖြစ်လာတဲ့ အသေးအဖွဲ အ၀တ်အစားပြသနာ ကစပြီး စေတနာနဲ့ အကုန် လိုက်ပြီး ကလေးတွေကို ထိန်းသိန်းပေးနေရသလို so call မောင်တက္ကသိုလ်ကျောင်းသား၊ သူဆိုသူများကို ထိန်းသိမ်း ပေးနေရတယ်ထင်ပါ့။ တက္ကသိုလ်ကျောင်းသားများ ကိုယ့်ရောက်နေတဲ့ အဆင့်နဲ့ လျှော်ညီတဲ့ ကိုယ်ပိုင်အသိတရားတွေ ရှိကြပါစေဗျာ။
ReplyDeleteHi Eddy and HIRI,
ReplyDeletei think you two didnt have the University Life
so poor you are..
heeeee
if you wanna comment, you must have the experience first..
ha ha ha
you MUST know the "UNIVERSITY STUDENT LIFE"
University is not Jail/HIgh SChool
University gives not only the educational knowledge but also the self confidence for the whole life.
ReplyDeleteAfter graduation, you must stand on your own foot.
Hi Eddy and Hiri..
I think you should ask the person who had the University student life including your parents, if your parents are educated.
:D
ဇာနည်အောင်ဆိုတာငါးဇင်ရိုင်းကိုပြောတာ လား
ReplyDelete