အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲကိုထောက်ခံတယ်။ လွပ်လပ်တဲ့နိုင်ငံတခုရဲ့ နိုင်ငံသားတွေမှာ လွပ်လပ်ခွင့်တွေရှိတယ်။
လွပ်လပ်စွာ မိမိဆန္ဒကို ထုတ်ဖော်တင်ပြနိုင်တယ်။ လွပ်လပ်စွာ စုရုံးနိုင်တယ်။ မိမိအခွင့်အရေးတွေအတွက် လွပ်လပ်စွာ တောင်းဆို လှုပ်ရှားနိုင်တယ်။ ဒါကြောင့် အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲဟာ တရားမျှတတယ်။ တရားဥပဒေဘောင်နဲ့လည်း မငြိစွန်းဘူး။
နအဖ စစ်ကောင်စီအနေနဲ့အလုပ်သမားထုရဲ့ ဆန္ဒပြပွဲကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ လိုတယ်။ ဆန္ဒပြပွဲကို အကြမ်းဖက် မနှိမ်နင်းဖို့ နအဖ ကို တိုက်တွန်းကြဖို့လိုပါတယ်။
ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ အားလုံးဒီအလုပ်သမားဆန္ဒပြပွဲကို အာရုံစိုက်ထားသင့်တယ်။ ကြေညာချက်တွေထုတ်ပြန်ဖို့လိုတယ်
ဆန္ဒပြ အလုပ်သမားတွေကိုအကာအကွယ်ပေးကြဖို့လိုတယ်
သတိထားရဦးမှာက လောလောဆယ် အိုင်အယ်လ်အို ရှိနေတော့ နအဖ ဘက်က အရမ်းတော့ ကိုင်မယ်မထင်ဘူး။ လောလောဆယ် ချွေးသိပ်ပြီး ဆန္ဒပြပွဲ ပြီးသွားအောင် လုပ်နိုင်တယ်။ နောက်မှ အလုပ်သမားခေါင်းဆောင်တွေကို လိုက်ဖမ်းလိမ့်မယ်
ခင်မင်လေးစားစွာဖြင့်
သားဆွေ
No comments:
Post a Comment