
နော်လွီဇာဘင်ဆင် - ကရင်အမျိုးသားတို့ ရဲ့  ငွေကြယ်တပွင့်
ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ ၄၊ ၂၀၁၀
မယ်ဗမာတဦးလည်းဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်တဦးလည်း၊ မြန်မာပြည်ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး အတွက် ကြိုး ပမ်း ဆောင်ရွက်နေသူလည်းဖြစ်တဲ့ နော်လွီဇာဘင်ဆင်(၆၉)နှစ်ဟာ ဖေဖော်ဝါရီလ(၂)ရက်နေ့ မွန်းလွဲပိုင်းမှာ အမေရိကန်ပြည် ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဦးနှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွား ပြီဖြစ်ပါတယ်။
ကရင်လူမျိုးတော်တော်များများကတော့ နော်လွီဇာဘင်ဆင်ကို မယ်ဗမာတဦး၊ ရုပ်ရှင်သရုပ်ဆောင်တဦးဆိုတာ ထက် မြန်မာ့ပြည်ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးကို တက်ကြွစွာလှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးလို့ပဲ အသိများကြပါတယ်။
နော်လွီဇာဘင်ဆင် ကိုယ်တိုင်ကလည်း ကရင်အမျိုးသားတွေရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့အရေးနဲ့ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် သူမ တတ်နိုင်တဲ့ဘက်က လှုပ်ရှားဆောင်ရွက်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့သူပါ။
နော်လွီဇာရဲ့ ဘဝကောက်ကြောင်းတွေကို ပြန်ပြောင်းကြည့်ရင် မိဘတွေက ကြွယ်ဝ ချမ်းကြပါတယ်။ ပေါ်တူဂီနိုင်ငံ သားဖခင်နဲ့ ကရင်လူမျိုး မိခင်က မွေးဖွားလာတဲ့ နော်လွီဇာဟာ ရုပ်ဆင်းအင်္ဂါ ချောမော လှပမောသူပါ။ ၁၉၅၆ ခုနှစ်မှာ မယ်ဗမာဖြစ်လာပြီး အဲ့ဒီအချိန်ကစလို့ ရုပ်ရှင်လောကထဲကို ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၅၆-၆ဝ ကာလတွေဟာ နော်လွီဇာ နံမည်ကျော်ခဲ့တဲ့ ကာလတွေပဲလို့ နော်လွီဇာခေတ်ကို မှီခဲ့သူတွေ ပြောကြပါတယ်။
နော်လွီဇာကိုယ်တိုင်ကတော့ နံမည်ကျော် လူသိများတဲ့ ဘဝထက် ရိုးစင်းတဲ့ ဘဝတခုကိုပဲ ပိုင်ဆိုင်ချင်ခဲ့တာပါ။ နိုင်ငံခြားမှာ ဘွဲ့တခုရအောင် ပညာသင်မယ်။ ပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်းမယ်ဆိုတဲ့ စိတ်ကူးလည်း နော်လွီဇာမှာ ရှိခဲ့ဖူးပါတယ်။ ဒီစိတ်ကူးတွေကို နော်လွီဇာ ကျိုးစားပြီး အကောင်အထည် ဖော်ခဲ့ပါသေးတယ်။ နော်လီဇာဟာ သူမ စိတ်ကူးအတွက် အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့မှာ ပညာသင် ကြားခဲ့ပါတယ်။ ဘွဲ့ရလို့ မြန်မာပြည် ပြန်ရောက် လာတော့ ရုပ်ရှင်လောကထဲကို ခြေဦးမလှည့်တော့ပဲ တက္ကသိုလ်မှာ နည်းပြဆရာမ အလုပ်ကိုပဲ နော်လွီဇာ လုပ်ခဲ့ပါတယ်။
အေးအေးချမ်းချမ်း၊ ရိုးရိုးစင်းစင်းပဲ ဘဝကို လျှောက်လှမ်းမယ်လို့ စိတ်ကူးရှိပေမယ့် နော်လွီဇာရဲ့ ဘဝမှာ မထင် မှတ်တဲ့ အလှည့်အပြောင်းတခုနဲ့ ကြုံခဲ့ရပါတယ်။ ဒါကတော့ ကေအဲန်ယူ တပ်မဟာ(၅)က ဗိုလ်မှူးလင်းထင်နဲ့ အကြောင်းပါ ခဲ့ရာက စခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ နော်လွီဇာဘဝမှာ အလှည့်ပြောင်းတွေ အများကြီး ဖြစ်ခဲ့ရပါတယ်။
“အဲဒီအချိန်ကစပြီး ကရင့်တော်လှန်ရေးအကြောင်းကို ကျမ ပိုပြီး သိခဲ့ရတယ်။ ကရင်လူမျိုးတွေ ကြုံတွေ့ခံစားနေရ တာတွေကိုလည်း ကျမ ပိုပြီး သဘောပေါက်လာတယ်။ ကိုယ့်လူမျိုးတွေ ဒုက္ခဆင်းရဲ ခံစားနေရတာကို တွေ့ရတော့ ကျမ စိတ်ထဲ မကောင်းဘူး။ ကျမနိုင်သလောက် ကူညီလုပ်ပေးချင်တဲ့ စိတ်တွေ ရင်ထဲမှာ ဖြစ်ပေါ်လာတယ်”
လို့ နော်လွီဇာ ဘင်ဆင်က သူ့ဘဝ အချိုးအကွေ့ တခုက ရလာတဲ့ အမျိုးသားရေး ချစ်စိတ်ကို ပြန်ပြောင်း ပြောပြဖူးပါတယ်။
ဗိုလ်မှူးလင်းထင် ဆုံးပြီးနောက်မှာ နော်လွီဇာ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာပါတယ်။ ရေစက်မကုန်တော့ ဘော်စတွန်မှာ ကျောင်းတက်တုန်းက မေတ္တာမျှခဲ့တဲ့ ရည်းစားဦး အမေရိကန်နိုင်ငံသားနဲ့ ပြန်ဆုံတွေ့ပြီး နော်လွီဇာ နောက် အိမ်ထောင် ထူထောင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့အချိန်ကစပြီး မြန်မာ့အရေးအတွက် နော်လွီဇာ ကြိုးပမ်းခဲ့ပါတယ်။ အိမ်ထောင်ဖက်ဖြစ်သူကလည်း နော်လီဇာရဲ့ ခံစားချက်နဲ့ နော်လွီဇာရဲ့ ဆောင်ရွက်မှုတွေကို နားလည်မှု အပြည့်အဝပေးခဲ့ တယ်လို့ နော်လွီဇာက ပြောဖူးပါတယ်။
မြန်မာ့နိုင်ငံရေး၊ မြန်မာပြည်သူတွေနဲ့ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို နိုင်ငံတကာက စိတ်ဝင်တစားရှိ လာဖို့နဲ့ ကူညီဆောင်ရွက်နိုင်ဖို့အတွက်လည်း အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ မြန်မာ့အရေး ကြားနာပွဲတွေ ဖြစ်ပေါ်လာအောင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့အတူ နော်လွီဇာ လက်တွဲဆောင်ရွက်ခဲ့ပါ တယ်။
ကေအဲန်ယူရဲ့ အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုရဲ့ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ နော်လွီဇာဟာ တောတွေတောင်တွေထဲက တော်လှန်ရေးနယ်မြေဒေသ ဆွေးနွေးပွဲတွေမှာလည်း တက်ကြွစွာ ဆွေးနွေးအကြံပေးသူပါ။ အနေအထိုင် ကျစ်လစ်ပြီး၊ စိတ်နေစိတ်ထား နှိမ့်ချတတ်တဲ့ နော်လွီဇာဘင်ဆင်ဟာ တော်လှန်ရေးရဲဘော်တွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေကိုလည်း ရင်းနှီးနွေးထွေးစွာ အားပေးပြောဆိုတတ်သူပါ။
နော်လွီဇာခေတ်ကို မှီခဲ့၊ နော်လွီဇာကို ခရေစီဖြစ်ခဲ့ဖူးတဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့က နော်လွီဇာဘင်ဆင်ကို သူတို့ခေတ်ရဲ့ ကြယ်တပွင့်လို့ တင်စားပြောဆိုကြသလို မျက်မှောက်ခေတ် ကရင်လူမျိုးတွေကလည်း ကရင်တိုင်းရင်းသား အရေးသာမက မြန်မာပြည်ဒီမိုကရေစီအရေးနဲ့ ဘဝတူ တိုင်းရင်းသားများရဲ့အရေးကို နောက်ဆုံးထွက်သက်အထိ ကျိုးပမ်း ဆောင်သွားရွက်ခဲ့တဲ့ နော်လွီဇာဘင်ဆင်ကို ကရင်အမျိုးသားတို့ရဲ့ ငွေကြယ်တပွင့်လို့ စူးနစ်စွာယုံကြည်ပြီးတော့ အမြဲသတိတရ ရှိနေဦးတော့မှာပါ။
ဖေဖော်ဝါရီ(၃)ရက်၊ ၂ဝ၁ဝ။

မကွယ်လွန်မီက တွေ့ရစဉ်၊
၂၀၀၈ အယ်လ်အေစာပေဟောပြောပွဲ - မောင်စွမ်းရည်၊ အောင်ဝေးတို့နှင့်အတူ တွေ့ရစဉ်။ ပေးပို့သူ - ခိုင်မာကျော်ဇော၊ မိုးမခ)
http://www.baymyanmar.com/2010/02/blog-post_03.html
Wednesday, February 3, 2010
ကြွေသွားတဲ့ ငွေကြယ်လေးတပွင့်..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
February
(335)
- ရခိုင်ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ သက်သေ မခို...
- 28th Feb 2010 - MoeMaKa Daily
- တို့  ဗမာပြည်
- မိမိကိုယ်သာ ကိုးကွယ်ရာ
- မြန်မာနိုင်ငံ နဲ့  AIDS အန္တရာယ်..
- အိမ်ဖော် အဖြစ်လိင်ကျွန်နစ်နေရသော မြန်မာ အမျိုးသမီး...
- Voice of Burma စာစဉ်အမှတ် 751 ဖတ်ရှုနိုင်ပါပြီ
- Statement on the 2nd Anniversary of Founding Day o...
- ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်
- ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင် (သို့မဟုတ်...
- အသက်ကြီး..ဂုဏ်သိက္ခာကြီး လေးစားဂါရ၀ထိုက်သူများအတွက်...
- ဆရာတော်များ သို့ 
- လက်ရှိပြည်တွင်း အခွင့်အရေး အခြေအနေ
- တရုတ်မယားငယ်..အဖြစ်..ဘ၀ပျက်ခံရတော့မှာလား..
- အမူအကျင့် မပြောင်းလဲကြသူများ
- NLD ရဲ့ CECအစည်းအဝေး မှ နောက်ဆုံးရွေးချယ်သော CC ဥ...
- သူခိုးရဲ့ ခိုးရာပါ ပစ္စည်း..
- MIDEA ဖြင့် အဆိပ်လူးမြှားအဖြစ် ပစ်သောနည်းလမ်း..
- စင်္ကာပူမှ ရွှေမြန်မာများ အတွက် အသိပေး ကြေညာချက်
- Mia Farrow on the Women of Burma
- Burma's Political Prisoners (မြန်မာ့ နိုင်ငံရေးအကျ...
- ၂၀၁၀ ရွေးကောက်ပွဲအတွက်..ဆွေးနွေးချက်
- မြန်မာ့ ဓါးပြသတ်မတော်...
- မီး မီး..ဘာကြောင့်လောင်
- ထင်တဲ့အတိုင်းပါလား..အောင်တိုးရယ်..နင့်ကြောက်ချက်က ...
- ခြင်ကိုက်ရင် သတိထား..
- ဝက်တွေ တုတ်ကွေးနာကျနေပြီ
- Myanmar Supreme Court rejects Suu Kyi appeal
- မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ
- အော်..တပ်ဆုတ်တာတဲ့လား..တိုင်းပြည်ကတော့ ပြုတ်သွားပြီ
- 25rd Feb 2010 - MoeMaKa Daily
- လူလိမ်တွေ ရဲ့ အချင်းချင်း ဖြုတ်ထုတ်သတ်..
- လာပြန်ပြီ..မကျူးလွန်တဲ့အပြစ်ကို မတရားသူကြီးက..မတတ်...
- သာဓု ခေါ်စေနိုင်ဖို့ 
- ရည်မှန်းချက် မပြောင်းလည်းကြပါနဲ့ 
- ရဟန်းသံဃာများလည်း လွတ်လပ်ခွင့် မရှိတော့
- အာဇာနည်အကြံပြုတဲ့ ဗမာပြည်မြေပုံ အစစ် ရန်ကုန်တိုင်...
- နအဖ တပ် စကခ (၇) မှ စာသင်ကျောင်းကိုတိုက်ခိုက်
- ဘုန်းကြီးအလောင်းတွေ ရေထဲမျောပြီး ကလေးစစ်သားဘဲပေါတဲ...
- ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ...
- စိုင်းစိုင်းခမ်းလှိုင်ရေ မင်းသတိထား
- ဗမာပြည်မြေပုံအစစ် True Burma Map
- ပထွေးမှာသမျှ ဗြောင်လိမ်ပြနေရသော ပြောင်ကြီး..ဟုတ်မှ...
- အခုကျမှ လာလွမ်းပြနေ..( မဲလေးများ တဖတ်လာ ထည့်ကြမလား...
- စားပါရစေခမျ..ငတ်ကြီးကျ လွန်းလို့ ပါ
- ရွှေလက်နဲ့  ချီးမြှင့်ထိုက်သူနဲ့  ဖနောင့်ပေါက်၍ ချီ...
- ရေမြုပ် သင်္ဘောစီးရဲကြသလား..
- Myanmar's forgotten people.mov
- Migrant workers worried over Thai nationality chec...
- အမျိုးချစ်စိတ်ကို သတ်မရ..
- အသက်သေသည့်တိုင်..သွေးသက်သေက ကမ္ဘာတိုင်ပြီ..သာဓုခေါ်ပ...
- ရခိုင်သားမို့  ရဲသလေဗျ
- သူခိုးချတဲ့ ရေစက်..ဘယ်သူသာဓု ခေါ်ရဲသလည်း
- ၂၀၁၀ ကို ဒို့ မလို..
- သံဃာတော်များမှ အိတ်ဖွင့် ပေးစာ
- သဘာဝကျကျ တွန်းလှန်ခြင်း
- အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထ...
- 23rd Feb 2010 - MoeMaKa Daily
- ပြိုင်ပွဲ (ကျော်သူ)
- အခုတော့မစိမ်းလန်းနိုင်တော့ပြီ....
- ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဥ...
- အလင်းအိမ်မဂ္ဂဇင်း
- voice of Burma
- ရှုံးရှုံးနိုင်နိုင် သတ္တိနဲ့ သာပြိုင်..ဘယ်သူ တသက်လ...
- သေပြည်တော် က သဘောက်မသားတို့ ၏ ငတ်ကြီးကျမှုများ
- အဟာရစာစောင် ၁၀၈
- ဖေဖော်ဝါရီ ၂၂ ၂၀၁၀ သတင်းများ
- အလံတော်သစ် ဂျာနယ် (ဖေဖေါ်ဝါရီလ ၂၀၁၀)
- အရေမပါရင်..အထဲမ၀င်ရဘူးတဲ့..
- တဖြေးဖြေးပွါးလာတာ ၀က်တုတ်ကွေး..
- ဝေါ်ကီတော်ကီ ကိုင်ဖူးချင်တာနဲ့ ဘုန်းကြီးခေါင်းရိုက်...
- စီးတဲ့လူတွေ အသက်ကို ဖက်နဲ့သာထုတ်ထား
- ရွှေ ဆိုတာ ဘယ်တော့ မှ အရောင်မမှိန်ဘူး..ဂိန်တော့မှာက...
- ပေါလွန်းလှတာ..ဗိုလ်ရှုပ်..တွေ
- TIME TO TIME JOURNAL, VOLUME-3, NO-4
- ဟင်းအိုးကို အားမနာသော..အမဲရိုးပုပ်..သို့ မဟုတ် ..ေ...
- စစ်တွေ ၏ ကျောင်းသားသပိတ်ကြီး
- 'Burma VJ 'Academy Award Nominations
- BURMA VJ အား မဲပေးကြပါရန်
- သတင်း မီဒီယာ သမားများအား ဖိနှိပ်တိုက်ခိုက်ခံရမှု (...
- Fullbright ပညာဝင်ဆု လျှောက်ချင်သူများအတွက်
- Mr Tomas Ojea Quintana's ၏ ၂၀၁၀ မြန်မာနိုင်ငံခရီးစဉ်
- သံဃာ့တပ်ပေါင်းစု အဖွဲကြီး၏ ABMA ဂျာနယ် (အတွဲ ၁။ အ...
- ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ သိပ်ခံရတဲ့အတွက် ချိန်ချိန...
- NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ
- ကြာကူလီ၏ ရှက်ရမ်း
- ABMA Journal ဒုတိယအတွဲ
- အမိုက်အမှားကြီးမို့ တသက်မြတ်နိုးကိုယ်းကွယ်ပါ၏ ဖြား...
- ချင်းအမျိုးသားနေ့ အခမ်းအနား 2010
- ဖွတ်ချက်များ နယ်နှင်ဒဏ်ပေးတော့မည်။
- မီဒီယာကိုလန့် သော ကြီးဒေါ် သိန်းစိန်
- ကျေးရွာမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသ...
- ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း က...
- မလေးရှားကြောင်နဲ့ မြန်မာကြွက်
- စစ်အာဏာရှင်လက်အောက်မှ ကလေးငယ်များဘ၀ ဤသို့ ( ၁၄-၁၅ ...
- ကင်တားနား ၅ရက် ခရီးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ(သတင်း သံ...
- သန်းရွှေနဲ့  သေဘေး နီးလာပြီ..
- မက်သဒစ်ကျောင်းကို ခွေးစားသွားခြင်း
- သက်သေခံပစ္စည်းရောင်းစား..အချိန်ရှိခိုက်လုံ့ လစိုက်ေ...
- သပိတ်..သပိတ် မှောက်မှောက်..မီးဒုတ် မီးဒုတ်..ရှို့ ...
-
▼
February
(335)
No comments:
Post a Comment