February 11, 2010 Freedom News Group
ဟိန်းခိုင်ထွန်း
ရန်ကုန်၊ ၊ယနေ့ မနက်က လှိင်သာယာ စက်မှုဇုန်ရှိ လုပ်ခလစာတိုးပေးရေး ဆန္ဒပြမှု ဦးဆောင်သူ နှစ်ဦးကို လှိုင်သာ မြို့ ရှိ ၎င်းတို့ ၏ နေအိမ်များမှ ရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသတင်းရရှိသည်။
ထိုသို့ ရဲကဖမ်းဆီးခြင်းသည် မြဖက်ရှင် အထည်ချုပ် စက်ရုံက ရဲစခန်းတွင် အမှုဖွင့်၍ တိုင်တန်းထားခြင်းကြောင့် ဖြစ်သည်ဟု သတင်းရရှိ သည်။ဆန္ဒပြမှု များဖြစ်ပွားခဲ့သော ကြောင့် လှိုင်သာယာတွင် စက်ရုံအလုပ်ရုံများ ပိတ်ထားပြီး ရန်ကုန်-ညောင်တုန်း လမ်းနှင့် ဘုရင့် နောင် မြစ်ကူးတံတား အနီးတွင် အဓိကရုဏ်း နှိမ်နှင်းရေးရဲများချထားသည် ကို တွေ့ ရှိရသည်။
မီးခွက်ဈေးမှ ဈေးသည် တစ်ဦးက ညဘက်လည်း အပြင်ကို သိပ်မထွက်ရဲတော့ဘူး လမ်းမှာရဲတွေက အပြည့်ပဲဟုပြောသည်။
အသက် ၃၅ နှစ်အရွယ်ရှိ ဆန္ဒပြမှု ဦးဆောင်စည်းရုံးသူ ကိုမင်းဦး ဆိုသူ အားမည်သည့် အတွက်ဖမ်းဆီးသည် ဆိုသည် ကိုမူ သူနှင့် လုပ်ဖော် ကိုင်ဖက်များက အသေးစိတ်မသိရှိရသေးဟုသိရသည်။
ပြီးခဲ့သည့် ရဲပိုင်းအတွင်း တိုက်ပွဲဝင် အလုပ်သမား ရဲဘော် တစ်ဦးကမူ ဒီညနေ မှ ပြန်မလွှတ်မပေးသေးရင် ကျွန်မတို့ ရဲစခန်းကို သွားမယ် ဟု Freedom News Group သို့ ပြောသည်။
Freedom News Group မှ အလုပ်သမားအရေး ဦးဆောင်သူများ နှင့်ပတ်သက်၍ လှိုင်သာယာရဲစခန်း သို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော် လည်း လတ်တလော အချိန် တွင် ဖြေကြေား ခြင်းမပြုနိုင်သေးဟု အကြောင်း ပြန်ခဲ့သည်။
အလုပ်သမား ဆန္ဒပြမှု အား ဆန္ဒပြပွဲသို့ စစ်ဒေသမှူး ဗိုလ်မှူးကြီးတင့်ဆန်း၊ ခရိုင်ကောင်စီ ခယကဥက္ကဋ္ဌ ဦးနေလင်း၊ အလုပ်သမား ဦးစီးဌာနမှ ညွှန်ချုပ် ဦးချစ်ရှိန်နင့်ရန်ကုန် တိုင်းရဲတပ်ဖွဲ့ မှုး ရဲမှုးအောင်နိုင်သူ တို့ သွားရောက်ဖြေရှင်းပေးပြီး အလုပ်သမားများ၏ နေရပ် နှင့် နာမည် များကို သပိတ်လှန်ရာတွင် တစ်ဦးစီအသေးစိတ် မေးမြန်းခဲ့သည် ဟု သိရှိရသည်။
ယနေ့ လှိုင်သာယာတွင် အဓိကရုန်း နှိမ်နှင်းရဲ ၂၀၀ ထက်မနည်း အသင့်အနေအထားပြင်ဆင်ထားသည်။
http://freedomnewsgroup.com/2010/02/11/%E1%80%9C%E1%80%AD%E1%82%88%E1%80%84%E1%80%B9%E1%80%9E%E1%80%AC%E1%80%9A%E1%80%AC%E1%80%85%E1%80%80%E1%80%B9%E1%80%99%E1%82%88%E1%80%87%E1%80%AF%E1%80%94%E1%80%B9-%E1%80%86%E1%82%8F%E1%81%B5%E1%80%BB/#more-6695
No comments:
Post a Comment