စိုင်းဇွမ်ဆိုင်း | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၁၉ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် သောမတ်စ် အိုဂျေး ကွင်တားနားနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်သည့်အဖွဲ့တို့ ယနေ့ညနေတွင် တွေ့ဆုံမည်။
ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေမှတဆင့် အကြောင်းကြားလာသော တွေ့ဆုံခွင့်အရ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်းတို့ ပါဝင်ဆွေးနွေးမှာ ဖြစ်သည်။
မစ္စတာကွင်တားနားက အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုထားသော်လည်း စစ်အစိုးရက အကြောင်းပြန်ခြင်း မရှိသေးကြောင်း သိရသည်။
ကုလသံတမန်သည် ယနေ့ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပြန်ရောက်မည်ဖြစ်ပြီး အင်းစိန်ထောင်သို့ သွားမည့် အစီအစဉ်လည်း ရှိနေသည်။
အင်းစိန်ထောင် အတွင်းအပြင် လုံခြုံရေးများ ချထားပြီး ထောင်တွင်းသို့ စုစုပေါင်း အင်အား ၃ဝ ကျော်ရှိ လုံထိန်းကား ၂ စီး ယနေ့မနက်က ဝင်သွားသည်ကို တွေ့လိုက်ရကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/4849-2010-02-18-06-03-07.html
No comments:
Post a Comment