Saturday, February 6, 2010

လူလိမ်တွေ...သတိ

မြန်မာနိုင်ငံမှ မသိနားမလည်သော အမျိုးသမီးငယ်များအား လိမ်ညာလူမှောင်ခိုကူးသည့် လုပ်ငန်း ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသဖြင့် စင်ကာပူနိုင်ငံသားတစ်ဦးနှင့် ၄င်းပိုင်ဆိုင်သည့် ပြည်တွင်းကုမ္ပဏီတစ်ခုအား အမည်ပျက်စာရင်းသွင်း

မြန်မာနိုင်ငံမှ မသိနားမလည်သော အမျိုးသမီးများကို လိမ်ညာလူမှောင်ခိုကူးသည့် လုပ်ငန်းများအား ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသဖြင့် စင်ကာပူနိုင်ငံသားတစ်ဦး နှင့် ၄င်းပိုင်ဆိုင်သည့် မြန်မာနိုင်ငံအတွင်းရှိ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီတစ်ခုအား အမည်ပျက်စာရင်းထည့်သွင်း သတ်မှတ်လိုက်ကြောင်း ကြေညာချက်များအား နေပြည်တော်ရှိ ၀န်ကြီးဌာနအချို့တွင် သတိပေးထုတ်ပြန်ထားကြောင်း စုံစမ်းသိရှိရပါသည်။

မြန်မာနိုင်ငံမှ မသိနားမလည်သော အမျိုးသမီးများကို လိမ်ညာလူမှောင်ခိုကူးသည့် လုပ်ငန်းများအား ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသဖြင့် စင်ကာပူနိုင်ငံသားတစ်ဦး နှင့် ၄င်းပိုင်ဆိုင်သည့် မြန်မာနိုင်ငံအတွင်းရှိ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီတစ်ခုအား အမည်ပျက်စာရင်းထည့်သွင်း သတ်မှတ်လိုက်ကြောင်း ကြေညာချက်များအား နေပြည်တော်ရှိ ၀န်ကြီးဌာနအချို့တွင် သတိပေး ထုတ်ပြန်ထားကြောင်း စုံစမ်းသိရှိရပါသည်။
စင်ကာပူနိုင်ငံသားသည် ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များအတွက် လုပ်ငန်းပြည်ဝင်ခွင့် ဗီဇာလျောက်ထားရာတွင် မြန်မာနိုင်ငံမှ မသိနားမလည်သော အမျိုး သမီးငယ်များအား လိမ်ညာလူမှောင်ခိုကူးသည့်လုပ်ငန်း ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသောကြောင့် စင်ကာပူနိုင်ငံရှိ မြန်မာသံအမတ်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြအကြောင်းကြားခဲ့ကြောင်း၊ ထိုကဲ့သို့ အကြောင်းကြားလာမှုအပေါ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ စစ်ဆေးပေါ်ပေါက်ချက်အရ စင်ကာပူနိုင်ငံသား တစ်ဦး၏ ငွေကြေးနှင့်ဖွဲ့စည်း တည်ထောင်ထားသော အထွေထွေဝန်ဆောင်မှုကုမ္ပဏီကို ဖျက်သိမ်းပြီး ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံသား အပါအ၀င် လူပုဂ္ဂိုလ်များအား အမိန့်ကြေညာစာ ထုတ်ပြန်သည့် နေ့မှစ၍ အမည်ပျက်စာရင်းတွင် ထည့်သွင်း သတ်မှတ်လိုက်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ထိုကဲ့သို့ အမည်ပျက်စာရင်း ထုတ်ပြန်ကြေညာရာတွင် စင်ကာပူ နိုင်ငံသားတစ်ဦးနှင့် အတူ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်ဆိုသူ မြန်မာအမျိုးသမီးနှစ်ဦးလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

2 comments:

  1. အတ္တမဲ.၀ိညာဉ်February 8, 2010 at 12:25 PM

    တကယ်ကို လုပ်သင်.ပါတယ် ဒီလိုမျိုး ။
    ဒီတခါတော. နေပြည်တော်ကို ချီးကြူးတယ်ဗျို. ။
    နိုင်ငံထဲကလူတွေကော UN နဲ.အမေရိကားမှာနပ်နေတဲ.
    လူတွေလည်း ဒီအကြောင်းတွေကို ကိုယ်တိုင်မကြုံဘူးရင် မသိနိုင်ကြပါဘူး။
    ကျတော်တို.ကတော. ပြည်ပမှာ နေပြီး မိသားစုကို ခက်ခက်ခဲခဲ ထောက်ပဲနေရတာဆိုတော. သိနေမြင်နေကြားနေ ရပါတယ် ။အမျိုးထိ မချိအောင်နာ
    ဆိုတာ စကားပုံ လားဖြစ်နေလောက်အောင်ကို မြန်မာတိုင်းရင်းသားတွေ စည်းလုံးခြင်းတော်တော်မဲ.နေကြပါတယ် ။ကိုယ်နဲ.မတူ ကိုယ်.ရန်သူလို သဘောထားနေကြတာ နေရာတိုင်းမှာ မြင်နေရပါတယ်။ဗမာ နဲ. တိုင်းရင်းသားတွေ ရဲ. စည်းလုံးမှူဟာ မရှိသလောက်ကို ရှားပါးနေပါတယ် ပြည်ပမှာ ။တယောက်နဲ.တယောက် ဒီယောက်မှ တွေ.ကြပြီးတော. လူမျိုးမတူကြတာနဲ. ရန်တွေစောင်နေလိုက်ကြတာ ။ ဒီလူတွေနဲ. အနာဂတ်မြန်မာပြည် ကို ဘယ်လိုများတည်ဆောက်ကြမှာလည်းလို.တော. မေးချင်သား ။အဆင်ပြေသွားတဲ.ပြည်ပရောက် နိုင်ငံရေးသမားတွေကတော. ဒါတွေကိုလုံးဝမသိကြတော.ပါဘူး ဘ၀မေ.နေကြပါပြီ။အစိုးရကိုသာ အော်နေလို. ဘာဖြစ်လာကြမှာလဲ ။ဟန်ချက်မညီတဲ. နိုင်ငံရေးသမားတွေဟာ ဘယ်တော.မှ မအောင်မြင်နိုင်ပါဘူး ။အထူးသဖြင်. လူထုအကြောင်းကို သိသလိုလို နဲ. ရမ်းတုတ်နေရင် ကိုယ်တိုင် ဖြစ်ရပ်မှန်တွေနဲ. အလှမ်းဝေးနေရင် သာယာမှာ နားနေကြရင် သင်တို.လည်း မြန်မာပြည်ကို ချစ်တယ် မပြောနေကြပါနဲ. ။ချစ်ခြင်ယောင်ဆောင်နေကြတာပါ ။

    ReplyDelete
  2. အာဇာနည်February 8, 2010 at 3:22 PM

    ပြောတာက ဟုတ်ပါရဲ့ ဘယ်မလည်း..အမည်ရင်း..
    ဒီလူလိမ်က ဘယ်သူတွေနဲ့ ရင်း..ပင်းစားနေသလည်း..
    ပြည်တွင်းထုတ်ဂျာနယ်တွေ က ဖော်မပြရဲတာ..ဆင်ဆာရှိတာ ဘာကြောင့်ထင်ပါသလဲဗျ...
    ဌဲဌဲ...သူ့ လူတွေ ပါနေတယ်လေဗျာ..တွေးကြည့်ပေါ့ ဘယ်မလဲကုမ္ပဏီအမည်နဲ့  လူနာမည်...ဓါတ်ပုံ..
    မပြရဲဖူးဆို သဘောသာပေါက်ဗျ..
    သူ့ သမီး ၂ယောက်ဘာမှမလုပ် အစိုးရလခ ဒေါ်လာနဲ့ မရှက်မကြောက်ထိုင်စားနေတဲ့သံရုံးရှိတဲ့ နေရာက လူမှောင်ခိုမှုဗျ..သံရုံးကလူတွေ အခွန် ဖင်ကျောက်ချထိုင်ကောက်ပြီး..အရေးကျ ဘာကူညီသတုန်း..

    ReplyDelete