Sunday, February 7, 2010

တိုးတက်လာပြီ..ရေတော့တော်တော်လေး.လောင်းဖို့ လိုတယ်...

Myanmar Passport with BarCode
by Mr.Sail♥rM♥♥n ♫♪♫

အချက်အလက်များကို လက်ရေးဖြင့်ရေးသားထားသော နိုင်ငံကူးလက်မှတ် (Passport)နှင့် ပြည်ဝင်ခွင့်ဗီဇာ (Visa) များပေါ်တွင် ကမ္ဘာ့အဆင့်မီ ဘားကုတ်များ ထည့်သွင်းထားသည့် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာများအဖြစ် ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁ရက်နေ့မှ စတင်၍ ပြောင်းလဲထုတ်ပေးမည်ဖြစ်ကြောင်း .....

"Passport မှာ ကပ်ထားတဲ့ ဓါတ်ပုံအောက်မှာ ဘားကုတ်စနစ်ကို ထည့်ပေးထား ...
စက်ထဲကို ထည့်လိုက်တာနဲ့ ကာကယံရှင်ရဲ့  ကိုယ်ရေးအကျဉ်း၊ ဘယ်နိုင်ငံကထုတ်ပေးလိုက်တာ၊ သက်တမ်းဘယ်လောက်ရှိတယ်၊ Passport အမှတ်စဉ်ကအစ အားလုံး အသေးစိတ် ပေါ်လာမှာပါ"

နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့်ဗီဇာများကို စနစ်သစ်ဖြင့် ထုတ်ဝေမည်ဖြစ်သော်လည်း ယင်းကာလမတိုင်မီ ထုတ်ပေးထားသည့် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာများမှာ မူလသက်တမ်းအတိုင်း ရှိမည်ဖြစ်ကြောင်း .....


(စာမျက်နှာ ၁၊ The Voice ဂျာနယ်၊ Vol.6/No.11 မှ)

ဘားကုတ်စနစ်သုံး မြန်မာနိုင်ငံကူးလက်မှတ်သစ် အနီရောင်လေးတွေ ကိုင်လို့ရပါတော့မည်ခင်ဗျာ။
လုပ်ပေးသင့်တာ ကြာလှပေါ့။ (မလုပ်ပေးသေးလည်း ဘာမှတော့ သိပ်မထူးပါဘူးလေ ... မြန်မာပတ်စ်ပို့ကိုင်ထားပြီး တခြားနိုင်ငံအဝင်ဂိတ်တွေရောက်ရင် ပြောတာပါ ...)
ကွန်ပြူတာစနစ်ကြီးဆီ ပြောင်းလဲအသုံးပြုနိုင်ဖို့ စက်တွေဘာတွေ၊ စကင်နာတွေ ဘာညာတွေအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေကို ဇန်နဝါရီလ ၁၂ ရက်နေ့ သတင်းစာတွေမှာ တင်ဒ်ါတွေ ခေါ်နေပြီဆိုတော့ တကယ် အမှန်တကယ် ကိုင်ရပါတော့မယ်။
လက်ရေးနဲ့ ရေးထားတဲ့ စာအုပ်လေးတွေ ရာဇဝင်မှာ ချန်ထားရစ်ခဲ့တော့ ... (စာအုပ် သက်တမ်းကုန်ရင် ပြောတာပါ)
နောင်ဆိုရင် ကမ္ဘာ့အဆင့်မီ ..... နိုင်ငံတကာအဆင့်မီ .....
စာအုပ်လေး သန့်ပြန့်လှပသေသပ်စွာနဲ့ ဖလမ်း ဖလမ်းကိုင်ပြလို့ရပြီဖြစ်သလို ... ရောက်ရာနိုင်ငံတိုင်း .... ဒီမှာ မြန်မာနိုင်ငံတော် ပတ်စ်ပို့ ဆိုတာနဲ့ ရင်ကော့ဝံ့ကြွား မျက်နှာမငယ် ... တန်းခနဲ ဗီဇာတုန်း ထုပေးခံတော့မယ့် အချိန်အခါလည်း ရောက်လုနီးနီးပေါ့ .....

(သိပ်ဝေးဝေး မတွေးပါဘူး .... ၂၀၂၀ နှစ်များ ကျော်လွန်လောက်ပါခင်ဗျာ)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်