Friday, March 12, 2010

မြန်မာပြည်ကို တရုတ်လက် ၀ကွက်ရောင်းနေတဲ့ သန်းရွှေ

အခု ၂၀၁၀ရွေးကောက်ပွဲအတွက်ထွက်လာတဲ့ ဥပဒေတွေဟာ တရားမျှတတယ် ကောင်းမွန်လှပါတယ်ဆိုရင်တောင်မှ ဧည့်နိုင်ငံသားက ပါတီထောင်လို့ရတယ်၊ ပါတီဝင်လို့ရတယ်၊ မဲပေးလို့ရတယ် ဆိုတဲ့အချက်တွေ ပါဝင်နေတာနဲ့တင် တစ်နိုင်ငံလုံး အပြင်းအထန် ကန့်ကွက် ဆန့်ကျင်ကြရမှာဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဥပဒေနဲ့ ရွေးကောက်ပွဲဝင်လို့ အသားထဲကလောက်တွေကြောင့် တရုတ်နိုင်ငံသားတွေက ကိုယ့်နိုင်ငံထဲအလွယ်တကူဝင်လာ၊ နိုင်ငံထဲမှာအလွယ်တကူနေနေကြ၊ စီးပွားရေးမှာဝင်ချယ်လှယ်၊ နှစ်ဘယ်လောက်မှမကြာသေးဘူး အသားထဲကလောက် ဥပဒေနဲ့ ကိုယ့်ကို အုပ်ချုပ်သူတွေ စီမံခန့်ခွဲတဲ့သူတွေဖြစ်လာကြမယ်ဆိုရင်၊ ကမ္ဘာမှာ လူမျိုးတုံး၊ လူမျိုးညံ့တာဆိုလို့ မြန်မာနိုင်ငံကမြန်မာတွေပဲ ဖြစ်လာပါလိမ့်မယ်။
ဒီဥပဒေဟာ တမျိုးသားလုံးရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းကျဆင်းစေပြီး၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုထိပါးလာတာဖြစ်ပါတယ်။
န၀တမှာလည်း အဖွဲ့ဝင်နဲ့ စစ်ရာထူးခန့်ချုပ်လုပ်ပြီး လ၀က၀န်ကြီးဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီးမောင်လှကတော့ပြတ်ပါတယ်။ ကိုးကန့်တို့ ၀တို့ကို အပစ်ရပ်ဖို့စည်းရုံးရင်းရောပါလာတဲ့ တရုတ်တွေကို နိုင်ငံသားကဒ်ထုပ်ပေးဖို့ပြောလာတော့ ဥပဒေနဲ့မညီလို့ လုပ်မပေးနိုင် ကြောင်း ငြင်းပါတယ်။ အထက်ကဖိအားပေးလို့ လုပ်ပေးရတဲ့အခါမှာတော့ နောက်ပိုင်းမှာ တရားခံမဖြစ်အောင် ၀န်ကြီးဆန္ဒ မပါကြောင်း မှတ်ချက် ကို ခပ်ပြောင်ပြောင်ပဲရေးပြီးပို့လိုက်ပါတယ်။ သူလည်းနောက်တော့ ၀န်ကြီးရာထူးက အပယ်ခံလိုက်ရပါတယ်။
(၁၈၊ ၀၁၊ ၂၀၁၀၊ RFA ဗိုလ်မြတ်နိုး၏ စစ်သည်ဟောင်းတစ်ဦး၏ မှတ်တမ်းမှ)
တိုင်းပြည်ကို အာဏာသိမ်းပြီးအုပ်ချုပ်နေတဲ့ န၀တအဖွဲ့ဝင်ခြင်းအတူတူမှာပဲ သူတာဝန်ယူထားတဲ့ အလုပ်နဲ့ ဥပဒေကိုသိတဲ့သူနဲ့ တိုင်းပြည်နဲ့ လူမျိုးကို ဥပဒေအထက်ကနေပြီး သစ္စာဖေါက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို တွေ့ရမှာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးအထူးစုံစမ်းစစ်ဆေးရေးကော်မရှင်တို့ အထူးတရားရုံးတို့ကနေ စစ်ဆေးတဲ့အခါ ဒုဗိုလ်ချုပ်ကြီးမောင်လှ အနေနဲ့ သူ့အလုပ်သူ့တာဝန်နဲ့ပတ်သက်ပြီး ပီပီပြင်ပြင်ကိုထွက်ဆိုနိုင်မှာသေချာလှပါတယ်။

နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေထဲမှာ အထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သစ္စာဖေါက်လို့ ဖြစ်လာကြတဲ့သူတွေရှိသလို၊ အောက်ခြေက လ၀က၀န်ထမ်းတွေ လာဘ်စားပြီးဖြစ်လာကြသူ တွေလဲရှိပါတယ်။ ရှိတာမှ ဧည့်နိုင်ငံသားတောင်မဟုတ်ပဲ နိုင်ငံသားတန်းဖြစ်ကြတဲ့သူတွေလဲရှိကြပါတယ်။
အကောက်ခွန်ဝန်ထမ်းတွေကို စစ်ဆေးအရေးယူတာတွေလုပ်ခဲ့ပါတယ်။ လ၀က၀န်ထမ်းတွေကိုတော့ မျက်စိမှိတ်ထားခဲ့ပါတယ်။
ကမ်ဘောဒီးယားနိုင်ငံထဲကို တရားမ၀င်ဝင်လာတဲ့တရုတ်နိုင်ငံသား ၅ယောက် ၆ယောက်လောက်ကို တရုတ်နိုင်ငံကိုပြန်ပို့တာ တရုတ်ဒုသမ္မတကကျေးဇူးတင်လွန်းလို့ ဒေါ်လာသန်း ၁၀၀၀လောက်အကူအညီတွေပေးခဲ့ပါတယ်။
ကြံ့ဖွံ့အဖွဲ့ဝင်က နိုင်ငံလူဦးရေတစ်ဝက်လောက်ရှိတယ်ဆိုတဲ့မြန်မာနိုင်ငံမှာ တရုတ် ၂သန်းလောက်ကို အလွယ်တကူရှာဖွေ ပြန်ပို့နိုင်ပါတယ်။ ဦးသန်းရွှေလုံးဝမလုပ်သေးပါဘူး။ အခု ရွေးကောက်ပွဲဥပဒေကိုထုတ်ပြီး တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံရဲ့အချုပ်အချာအာဏာကို ဆုံးဖြတ်ခိုင်းပါတော့မယ်။

မိမိတို့တပ်သဘာဝအရ အမြဲတမ်း (training) ပေးထားသည့်အတွက် မည်သူမရှိသဖြင့်အလုပ်မဖြစ်ဆိုသည့်ကိစ္စမျိုး၊ မည်သူမရှိသဖြင့် လုပ် ငန်းများပျက်သွားမည်ဆိုသည့်ကိစ္စမျိုး မိမိတို့တပ်တွင်မရှိကြောင်း၊
မိမိတို့တပ် မတော်သားများတွင် တပ်၏စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကိုလိုက်နာရသလို၊ နယ်ဘက်စည်းမျဉ်း၊ ဥပဒေများကို လည်း လိုက်နာရကြောင်း၊ ဥပဒေကျုးလွန်ပြီဆိုပါက ဥပဒေအရမည်သည့်တပ်မတော်သားကိုမဆို အပြစ်ပေးရ ကြောင်း။
တပ်မတော်၏အစိတ်အပိုင်းအားလုံးသည် တပ်မတော်၏စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရမည်ဖြစ် ကြောင်း၊ မည်သူမျှဥပဒေ၏အထက်တွင် ကင်းလွန်စွာမရှိကြောင်း၊ ပြည်သူများအပေါ်မောက်မာစွာဆက်ဆံခြင်း၊ အ နိုင်ထက်ပြုခြင်းများအပါအ၀င် ဥပဒေနှင့်မညီညွတ်သော၊ ဥပဒေကိုဆန့်ကျင်ချိုးဖောက်သော ဖြစ်စဉ်ဖြစ်ရပ်များပေါ် ပေါက်သည့်အခါတိုင်း မိမိတို့တိကျထိရောက်စွာ အရေးယူဆောင်ရွက်ခဲ့သည်သာဖြစ်ကြောင်း။
မည်သူမျှဥပဒေ၏အထက်တွင်မရှိ၊ လူပုဂ္ဂိုလ်တိုင်းဥပဒေအရတွင် တပြေးညီသာဖြစ်သည်ဟူသော သဘော ထားနှင့်အညီ အရေးယူဆောင်ရွက်သည်မှာ မိမိတို့တပ်မတော်ကအစဉ်တစိုက် လက်ခံကျင့်သုံးနေသော မူဝါဒပင်ဖြစ် ကြောင်း။
(ဗိုလ်ချုပ်ကြီး သူရရွှေမန်း။ ၂၄၊ ၁၀၊ ၂၀၀၄၊ သတင်းစာရှင်းလင်းပွဲမှ)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆိုတာဘာလဲလို့မေးရင် တာဝန်ထမ်းဆောင်ရမယ့်သူ ၃ယောက်စာလောက်ရဲ့ ရာထူးကို လုယူပြီး ကာကွယ်ရေးဦးစီးချုပ်လုပ်နေတဲ့ အသက် ၇၇နှစ် ဥပဒေကြောင်းအရ တရားမ၀င်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေပါတယ်။ ဖမ်းဆီးအရေးယူခံရမယ့်သူဖြစ်ပါတယ်။ ဒီလိုဥပဒေကြောင်းအရတရားမ၀င်တဲ့သူက တရားမ၀င်တရုတ်နိုင်ငံသားတွေကိုစင်တင်ပေးတဲ့ နိုင်ငံသစ္စာဖေါက်ရွေးကောက်ပွဲဥပဒေကိုတော့ ပြည်တွင်းပြည်ပမြန်မာနိုင်ငံသားအားလုံးက အပြင်းအထန်ဆန့်ကျင်ကန့်ကွက်ကြပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖမ်းဆီးအရေးယူနိုင်အောင်လုပ်ကြရပါမယ်။
ဒီဥပဒေကြောင့်အနာဂတ်မှာဖြစ်ပေါ်လာမယ့် အမျိုးသားရေး၊ အချုပ်အချာအာဏာ၊ စီးပွားရေးပြဿနာတွေကို ပြည်သူများ၊ စစ်တပ်၊ ရဲတပ်ဖွဲ့၊ တရားရေး အားလုံးသိအောင် ဖြန့်ဝေတင်ပြဖို့လိုအပ်ပါတယ်။

2 comments:

Maung said...

မအေလိုးမတရုတ်တွေကိုအကုန်သတ်ပစ်။တရုတ်တန်းကို ဖာတန်းဖြစ်အောင်လုပ်ပစ်ကြဟေ့။မအေလိုးမိမစစ်ဖမစစ် တဲ့ကောင်တွေ စစ်ခွေးတွေနဲ့အတူ တရုတ်တွေ မြန်မာပြည်က ပျောက်ကွယ်စေရမယ်ဟေ့

michael said...

You cannot kill Chinese. If 1.6 billion Chinese piss from the border, Myanmar will be drown in Chinese urine. Instead of calling for killing Chinese and make China town brothels, kill Than Shwe and SPDC. Then, the whole country will be happy.

Post a Comment

ယခင် သတင်းများ ဖတ်ရန်