ခုတလော မြန်မာ သတင်းလောကမှာ ရှေ့ တန်းပြေးနေတာက ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး ဆိုတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး သတင်း နားထောင်ရင်း စဉ်းးစား ဝေဖန် ကြည့်တော့ ဖြစ်နိုင်စရာ ၂ ချက်တွေ့ ရပါတယ်။
ပထမ အချက်က နယ်စပ်က အတိုက်အခံ လို့ အမည်တပ်ထားတဲ့ သူတွေ ပြောသလို ပြည်သူလူထုကို လမ်းမပေါ် တက်စေပြီး ဆူပူဆန့် ကျင် ဆန္ဒ ပြ ကန့် ကွက်တဲ့ နည်းပါ။
ဒီနည်းမှာ ပြည်တွင်းခေါင်းဆောင်ပိုင်း က အရေးကြီးပါတယ်။ ပြည်သူတွေ ချစ်တဲ့ ကျောင်းသားခေါင်းဆောင်တွေ ကို စစ်အစိုးရ က ထောင်ထဲမှာ ထဲ့ ထားတော့ ခေါင်းဆောင်မှု မျိုးဆက်ပြတ်နေပါတယ်။
နယ်စပ်က ကျည်လွတ်မြေက အတိုက်အခံလို့ အမည်တပ်ထားတဲ့ သူတွေက အင်အယ်လ်ဒီကို ခေါင်းဆောင်ပြီး လူထုရှေ့ က ရပ်ဖို့  ခေါင်းဆောင်ဖို့  အော်နေကြပါတယ်။ အင်အယ်လ်ဒီကလဲ ပါတီ ရပ်တည်ရေးဦိးစားပေးပြီး အတတ်နိုင်ဆုံး ထိပ်တိုက်ရင် ဆိုင်ရေး ကို ရှောင်ပြီး တွေ့ ဆုံ ဆွေးနွေးရေးကို ဦးတည်နေပါတယ်။ ပြီးတော့ အင်အယ် လ်ဒီက သတင်း ထုတ်ပြန်ရေး တာဝန် ယူထားတဲ့ ဦးခင် မောင်ဆွေက အင်အယ်လ်ဒီဟာ လမ်းပေါ် တက်ဖို့  အစီအစဉ် မရှိပါဘူး။ ကျနော်တို့  အဲလို မလုပ်ပါဘူး လို့  ပြည်ပ သတင်း ဌာန တွေကို ကမ္ဘာသိ ထုတ်ဖော်ပြာကြားခဲ့လေတော့ ပြည်တွင်းမှာ ခေါင်းတွဲ မဲ့ နေပါတယ်။
ဒါပေမယ့် ခေါင်းတွဲ တွေလို့ လဲ အမည်မခံရဲ၊ ဖြစ်လာမယ့် ရန်ကို `“ဗိုက်အငှားနဲ့  ဓားထိုး ခံချင်တဲ့ ”ခေါင်းဆောင် လို့  အမည် အတပ်ခံချင်နေတဲ့ သူတွေ တချို့ ကတော့ “ပြည်သူ တွေ ညံ့ဖျင်းလို့  သူတို့ နဲ့ ထိုက်တန်တဲ့ အစိုးရ ကိုပဲ ပိုင်ဆိုင်ကြရတယ်”လို့  ကြွက်မနိုင် ကျီ မီးနဲ့  ရှို့ ကြတဲ့ အသံ တွေလည်း လေလှိုင်းမှာ ပလူပျံနေပါတယ်။
ပြည်တွင်းမှာ နအဖ ဘက်ကတော့ ခေါင်းဆောင်ပြီး လူထုရှေ့ က ရပ်မယ့်သူ မှန်သမျှ အင်းစိန် နဲ့မြန်မာ ပြည်တ၀ှမ်းက ရှိသမျှ လူဂိုထောင်တွေထဲ ထည့်သိမ်းနေ၊ ပြီးတော့ အရပ်သား သာမန်တွေတောင် အစိုးရ ဆန့် ကျင်မယ့် လေသံ ဟမိရင်တောင် စက္ကန့်  မဆိုင်း ဖမ်းဆီး နေချိန်ဖြစ်နေပါတယ်။
ဒီတော့ ဖြစ်နိုင်ခြေ အများ ဆုံးရှိတဲ့ ပြည်ပရောက် ကျည်လွတ်မြေက နိုင်ငံရေး အခြေအနေ လေ့လာ ကြည့်ကြရအောင်။
၁။ပြည်ပမှာ အင်စီဂျီယူဘီဆိုတဲ့ ဒေါက်တာစိန်ဝင်းတို့ ရဲ့ စင်ပြိုင် အစိုးရ ဆိုတာ ကြီးရှိတယ်။
၂။ အင်စီဂျီယူဘီကို ချုပ်ကိုင် ထားတဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေပါတဲ့ အင်စီယူဘီ ဆိုတာ ကြီးလဲ ရှိပါတယ်။
၃။ ယူရို ဘားမား ဆိုတဲ့ ဦးဟန်ညောင်ဝေ တို့  အဖွဲ့ ကြီးလဲ ရှိတယ်။
၎။ ယူအက်စ် ကင်ပိန်းဆိုတဲ့ အမေရိကန်က ထိပ်ပိုင်းတွေနဲ့ ၀င်ထွက်ပြောဆိုနေတဲ့ ကိုအောင်ဒင်တို့ ပါဝင်တဲ့ အဖွဲ့ ကြီးလဲ ရှိတယ်။
၅။ ဥရောပမှာ လိုအပ်တာတွေ ကူညီနေတဲ့ ဘားမား ကင်ပိန်း -ယူကေ ဆိုတာကြီးလဲ ရှိတယ်။
၆။ အင်စီ၈ျီိယူဘီမှာ ၀န်ကြီးချုပ်လောင်းဖြစ်လိမ့်မယ်လို့ သတင်းပြေးနေတဲ့ အက်ဖ်တီယူဘီက ဦးမောင်မောင်တို့ အဖွဲ့ ကြီးလဲ ရှိတယ်။
၇၊ တရုတ်ပြည် နယ်စပ်က လူထုကို လေလှိုင်းထဲကနေ၊ အင်တာနက် စာမျက်နှာကနေ လမ်းညွှန်ချက်တွေ ပေးနေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီက ဦးဖိုးသံချောင်းတို့ အဖွဲ့ ကြီး လဲရှိတယ်။
၈။ရောက်ရာ နိုင်ငံတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကပါလို့  အမြဲပြောလေ့ရှိတဲ့ အင်အယ်လ်ဒီ-အယ်လ်အေ ဆိုတဲ့ အဖွဲ့ ကြီးလဲရှိတယ်။
စစ်အာဏာရှင် အန်တုရေးတို့ ။ ဘာညာ-ကွီကွ စသည်ဖြင့် နာမည်လှလှလေးတွေနဲ့ လူထုကြိုက်စေမယ့် တခြား ဗြုတ်စ-ဗျင်းတောင်း အဖွဲ့ ငယ်လေး တွေ ကတော့ အများကြီးရှိပါသေးတယ်။ ဒါပေမယ့်---
ဒီအချိန်မှာ ကျနော်တို့  ပြည်သူတွေ အတွက် ဗိုလ်ချုပ်အောင်ဆန်း တချိန်က ပြည်ပ အကူအညီယူပြီး မြန်မာ ပြည်ထဲ ပြန်လာ မယ်၊ မြန်မာပြည်ကို ကယ်တင်လိမ့်မယ်လို့  ထင်နေကြပါတယ်။ ပြည်သူတွေ ထင်သလို အစီ အစဉ်မျိုး ဒီအဖွဲ့ ကြီးတွေက မလုပ်ကြတော့ဘူး လား။
ပြည်တွင်းမှာရော ပြည်ပမှာရောက်နေကြတဲ့ မြန်မာတွေ ကတော့ ပြည်တွင်းမှာ လုပ်တာထက် ခုအချိန်မှာ ပြည်ပကသာလျှင် စစ်အစိုးရနဲ့  အင်အား တူညီတဲ့ အတိုက်အခံ အင်အားကို တည်ဆောက်ပြီး နအဖကို ယှဉ်ပြိုင်နိုင်လိမ့်မယ်။ အဲလိုအင်အား ထူ ထောင်ပြီး အင်အား ချင်း ယှဉ်မှသာ ၂၀၁၀-ရွေးကောက်ပွဲကို တရားမျှတအောင်၊ ၂၀၀၈ အခြေခံ ဥပဒေကို တရားမျှတအောင် ဖန်တီးနိုင်မယ်လို့  ယုံကြည်နေကြပါတယ်။
ပြည်တွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က လူထုခေါင်းဆောင်အဖြစ် ရဲရဲ ၀န့် ဝန့် ရပ်နေပါပြီ။ ပြည်သူကလဲ လက်ခံ အသိ အမှတ်ပြုထားတာ ကမ္ဘာအသိ။
အရေးကြီးပြီး ညီနောင် အပေါင်းတို့ ။သွေးစည်းကာ ညီညွတ်စို့ အချိန်မှာ --
ကိုင်း နအဖကို ယှဉ်ပြိုင် အလဲ ထိုးမယ့် ခေါင်းဆောင်အဖြစ် ပြည်ပမှာ ဘယ်သူ ရှေ့  ထွက်ရပ်ကြမလဲ။ ပြည်သူ့ ဆန္ဒ ဘယ်သူ ဖြည့်ဆီးမလဲ။ ဒုတိယဗိုလ်ချုပ်အောင်ဆန်း ဘွဲ့ ကို ဘယ်သူ နေရာယူကြမလဲ။သူ့ လို ဘယ်သူ တာဝန်ယူလုပ်ဆောင်မလဲ။
ဖိုးသောကြာ
တုန့် ပြန် ဆောင်းပါး ရေးသားပေးပို့ လာပါက ပြန်လည်ဖော်ပြပေးပါမည်။
သူရိယအဖွဲ့ 
(လွတ်လပ်စွာဝေဖန်နိုင်သော ဒီမိုကရေစီ နည်းလမ်းအတိုင်း
အခြေနေနှင့် အချိန်ခါအရ ထိထိမိမိရေးသား ဝေဖန်မှုကို ထောက်ခံသဖြင့် သူရိယ စာမျက်မှာမှ ကူးယူတင်ပြပါသည်)
Thursday, March 11, 2010
အောင်ဆန်းလိုခေါင်းဆောင် အလိုရှိသည်။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
No comments:
Post a Comment