ဦးတေဇ၏ ထူးကုမ္ပဏီ လက်အောက်ခံ ဧရာဒယ်လ်တာကုမ္ပဏီထံမှ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေယူထားသော ဒေးဒရဲ၊ ဖျာပုံနှင့်
ကျိုက်လတ်ဒေသခံ တောင်သူတို့သည် ငွေသားအစား စပါးကို ကာလပေါက်ဈေးဖြတ်၍ပြန်ဆပ်ရမည်ဆိုခြင်းကြောင့် မကျေမနပ် ဖြစ်နေကြသည်။
“ကျနော်တို့က ငွေယူထားတာ။ ငွေပဲ ပြန်ပေးနိုင်မယ်။ ဒါကို သူတို့က လက်မခံဘူး။ ကတိအတိုင်း ငွေဆပ်၊ စပါးဆပ် သူတို့ လက်ခံရမယ်။ နောက်ဆုံး ကျနော်တို့က စပါးပြန်ဝယ်ပြီး ဆပ်မယ်လုပ်တော့ စပါးဈေးက မြောက်သွားပြီ။ ရောင်းတုန်းက (၃၆၀,၀၀၀) ကျပ်၊ ပြန်ဝယ်တော့ (၄၁၀,၀၀၀) ကျပ် ဖြစ်နေပြီ။
ဒီတော့ ဧရာဒယ်လ်တာက ချေးငွေယူထားတဲ့ ကျိုက်လတ် တနယ်လုံး ဘယ်သူမှ စပါးပြန်မသွင်းကြဘူး” ဟု ကျိုက်လတ်မြို့နယ်၊ ငပွေးတန်းစာဖြူစုကျေးရွာ တောင်သူတို့က ပြောသည်။
၂၀၀၉ ခုနှစ်တွင် ဧရာဒယ်လ်တာ ကုမ္ပဏီ၊ ဧရာဒယ်လ်တာ ဆန်စပါးအထူးပြုကုမ္ပဏီနှင့် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီတို့သည်
ကျိုက်လတ်မြို့ စပါးစိုက်တောင်သူတို့အား နယ်မြေအပိုင်းအခြားခွဲ၍ (၂) ရာခိုင်နှုန်း အတိုးဖြင့် ချေးငွေများ ထုတ်ပေး ခဲ့ကြစဉ်က “မိုးစပါးပေါ်လျှင် ဒေသပေါက်ဈေးအတိုင်း ငွေသား (သို့မဟုတ်) စပါးကို အတိုးရော အရင်းပါ ပြန်လည်ပေးဆပ်ရမည်” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
သို့သော် ၂၀၁၀ ဇန်န၀ါရီ မိုးစပါးပေါ်၍ တောင်သူတို့ ချေးငွေပြန်ဆပ်သောအခါ ဧရာဒယ်လ်တာမှ ငွေသားကို လက်မခံဘဲ စပါးကိုသာ ပေးရမည်ဟု ဖိအားပေးခဲ့ကြောင်း ကျိုက်လတ် ဒေသခံတောင်သူတို့က ပြောသည်။
ထင်းကွင်းကျေးရွာ တောင်သူတဦးက “ကျိုက်လတ်မှာ ဒဂုံအင်တာနေရှင်နယ်လည်း (၂) ရာခိုင်နှုန်တိုးနဲ့ ငွေချေးနေတာပဲ။ စပါးပေါ်လို့ ငွေဆပ်ဆပ်၊ စပါးဆပ်ဆပ် အကုန်လက်ခံတယ်။ ဧရာဒယ်လ်တာကျမှ စပါးပဲ ပေးသွင်းရမယ်။ ငွေကို လက်မခံဘူး ဖြစ်နေတယ်။ ဒီတော့ ကလပ်ရပ်၊ သမက်ပြေ၊ မယ်ဇလီကုန်း၊ ထားဝယ်မှိုင်း၊ကျီးချောင်း၊ အုန်းပင်စု အပါအ၀င် ဘယ်သူမှ စပါးမဆပ်ရသေးဘူး” ဟု ပြောသည်။
တင်းမာနေသော အဆိုပါအနေအထားကြောင့် ဧရာဒယ်လ်တာ ကုမ္ပဏီသည် လတ်တလောတွင်တောင်သူတို့၏ ငွေအသွင်း၊ စပါးအသွင်း ကို ယာယီဆိုင်းငံ့ထားသည်ဟု သိရသည်။
ကျိုက်လတ်မြို့ ဆန်စက်လုပ်ငန်းရှင်တဦးက “ဧရာဒယ်လ်တာက စပါးပဲ လိုချင်တဲ့ အာသီသ ရှိနေတယ်။ တောင်သူတွေ ချေးငွေပြန်ဆပ်တာ ယူလိုက်ပေါ့။ တောင်သူဆိုတာ ကိုယ့်စပါးကို ရောင်းချင်တဲ့သူကို ရောင်းတယ်။ ရောင်းချင်တဲ့ဈေးရောင်းတယ်။ အခြင်အတွယ်ကအစ ကိုယ့်ကုန်သည်ပဲ ကိုယ်ယုံကြတယ်။ ကုမ္ပဏီလက်စပါးထိုးမပေးချင်ကြဘူး” ဟု ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆန်စပါး အထူးပြုကုမွဏီ (၂၉) ခုဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ဆန်စပါးအသင်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက “စပါး (သို့မဟုတ်) ငွေသား (သို့မဟုတ်) ဆန်ကို ကာလပေါက်ဈေးဖြတ်ပြီး ယူရမယ်လို့ ကုမွဏီအားလုံးကို အသိပေးပြီးသားဖြစ်ပါတယ်” ဟုသာ ဖြေကြားခဲ့ပြီး ကျိုက်လတ်တောင်သူတို့၏ လက်ရှိအခြေအနေမှန်ကို တင်ပြမေးမြန်းရာ ၎င်းက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
ဆန်စက်ပိုင်ရှင်တဦးက “ဒီနယ်တွေက လယ်မြေအမျိုးအစားညံ့တယ်။ မိုးစပါး (ဇီယာနှံကား) တဧက (၂၅) တင်း လယ်မြေတိုင်း မထွက်ဘူး။ ဒီကြားထဲက ငွေသွင်းရင် ငွေယူလိုက်ပေါ့။ နွေစပါး (သီးထပ်ယဉ်) က ဧပြီလလယ် ထွက်တော့မယ်။ အထွက်နှုန်း နည်းရင် ပြဿနာ ပိုကြီးလာနိုင်တယ်” ဟုခန့်မှန်းပြောကြားသည်။
လွန်ခဲ့သော (၇) နှစ်ခန့်ကလည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဧရာဝတီတိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့စဉ်က ၎င်း၏သား သက်မန်း ကိုကို၏ “ဧရာရွှေဝါ ဇီဝမြေသြဇာ” ကို တောင်သူတိုင်း မယူမနေရ အဓမ္မဖြန့်ဝေခဲ့ခြင်းအပေါ်အာဏာပိုင်နှင့် ဒေသခံတောင်သူတို့ ပဋိပက္ခအသွင် သဘောထားတင်းမာမှုများဖြစ်ခဲ့ကြဖူးသည်။
Tuesday, March 9, 2010
ချစ်တီးတေဇ..ကောက်သင်းတောင်မချန်ကောက်မှတော့ (ဆရာစံရေ..ဂဠုန်ထကြစို့ ရဲ့ဗျာ)
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
No comments:
Post a Comment