Saturday, March 13, 2010

ငါမဟုတ်တဲ့  ငါ

ငါရဲ့ခန္ဓာ
ငါခြေချမိတဲ့ ဒီကမ္ဘာအတွက်တော့အသုံးချချင်တယ်။

ငါ့ ရဲ့ဆန္ဒ
လိုတရ လောက်အောင်မစွမ်းပေမယ့်
ဒီကမ္ဘာမြေရဲ့
လိုအပ်တဲ့ ဟာကွက်လေးတကွက်လောက်တော့ ဖြည့်နိုင်ခဲ့ ကောင်းရဲ့။


(အစားလေးတဆုပ် ရဖို့ အတွက် မိုးစက်တွေထဲမှာ)
ငါ့ရဲ့စေတနာ
တကမ္ဘာလုံးက ရသွားခဲ့နိုင်လောက်အောင်
အသက်ရှည်ဖို့ မသေချာပေမယ့်
ကမ္ဘာမြေပေါ်က ဒုက္ခသည်လေးတယောက်
စေတနာရေကြည်သောက် တကမ္ဘာကြီးလောက်
အပြုံးနဲ့ တုန့် ပြန်ခံရင်တော်ပြီ။

ငါမဟုတ်တဲ့ ငါ
ဒီကမ္ဘာအတွက် ဘာများလုပ်ပေးခဲ့ပြီလဲ။

(ဘာမဆို အတ္တမထားဘဲ လူသားချင်းစာနာစွာနဲ့ အများတကာ မိမိကြောင့် အပြုံး တစက်မြင်တွေ့  ကြည့်နူးရသည်က ဘ၀ရဲ့ တန်ဖိုး အနေနဲ့  ရေးဖြစ်ပါတယ်)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်