မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် ငလျင် သတိပေး
မြန်မာနိုင်ငံ၌ ငလျင်ကြီးများ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောများမှာ မလှုပ်ခတ်ဘဲ နှစ်များစွာကြာမြင့်နေပြီဖြစ်၍ အထူးသတိထားရန် လိုအပ်နေပြီဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။
ငလျင်ကြီးအများစု လှုပ်ခတ်သောငလျင်ကြောနေရာများမှာ ဟိုင်းကြီးကျွန်းနှင့် ကိုကိုးကျွန်းကြားနေရာနှင့် စစ်ကိုင်းငလျင်ကြော တို့ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အပျက်အစီးအများဆုံးငလျင်ဟာ စစ်ကိုင်းငလျင်ကြောဖြစ်ပါတယ်။ အသေအပျောက်များသောငလျင်ကြီးများ မလှုပ်ဘဲကြာနေ ခဲ့တာ နှစ်ပေါင်းငါးဆယ်မှ ခုနှစ်ဆယ့်ငါးနှစ်လောက်ရှိနေပါပြီ။ အဲဒီကာလဟာ မြေငလျင်ကြီးများရဲ့ သက်တမ်းထက်ကျော်နေပြီဖြစ် ပါတယ်။ ဒါကြောင့်ဒီတလျှောက်ကို သတိထားဖို့လိုတယ်လို့ မြေငလျင်ပညာရှင် ဒေါက်တာမောင်မောင်သိမ်းကပြောပါတယ်” ဟု ဦးထွန်းလွင်က ပြောဆိုသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က ပြုလုပ်သော Weather Outlook For 2010 ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ဦးထွန်းလွင်က ဤကဲ့သို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
ငလျင်၏သဘောသဘာဝမှာ ရစ်ခ်ျစ်တာ စကေး နည်းသော ငလျင်များများလှုပ်ပါက ငလျင်ကြီးလှုပ်ရန်စိုးရိမ်စရာမရှိကြောင်း ၎င်းက ပြောသည်။
စစ်ကိုင်းငလျင်ကြောတွင် လှုပ်မည်ဆိုပါက လူအသေအပျောက်များခြင်း၊ ပျက်စီးဆုံးရှုံးခြင်းများ ရှိမည် ဖြစ်ပြီး မြို့အများစုမှာ စစ်ကိုင်း ငလျင်ကြောပေါ်တွင်တည်ရှိနေ၍ အထူးသတိရှိရန်လိုအပ်ကြောင်းလည်း ဦးထွန်းလွင် ကဆိုသည်။
“အဲဒီမှာသွားမလှုပ်လိုက်နဲ့ လှုပ်လိုက်လို့ကတော့ နာဂစ်လိုပဲ၊ ပွဲခင်းထဲခဲပစ်သလို ထိမှာပဲ”ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံမှ ငလျင်ပညာရှင် တဦးကလည်း“ငလျင်ကိုလေ့လာကြည့်ရင် အားအပြင်းဆုံးငလျင်၊ အပျက်အစီးအများဆုံးငလျင် နှစ်မြို့က တထပ်တည်း မကျပါဘူး၊ ငလျင်က အားကြီးရင်ကြီးမယ်၊ ပျက်စရာ ဖျက်စရာမရှိလို့ကတော့ ဘာမှမပျက်စီးပါဘူး။ ဥပမာ ချင်းပြည် နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းလှုပ်၊ ရှမ်းပြည်နယ်လှုပ် သေချာတာက လူများများမသေပါဘူး”ဟု ပြောသည်။
လွန်ခဲ့သော ၁၉၇၅ ခုနှစ်က မန္တလေးတိုင်း ပုဂံဒေသတွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ဖူးသည်။
ဦးထွန်းလွင်က ဆက်လက်ပြီး၂၀၁၀ အတွင်း မြန်မာနိုင်ငံ၏ ရာသီဥတုမှာလည်း၂ ဒီဂရီမှ ၃ ဒီဂရီစင်တီဂရိတ် အထိ အပူချိန်မြင့် တက်မည် ဖြစ်ပြီး မိုးရေချိန်မှာလည်း ၂၀ မှ ၃၀ ရာခိုင်နှုန်း လျော့နည်းဖွယ်ရှိကြောင်း ပြောဆိုသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လေဆင်နှာမောင်း၊ မိုးကြိုးပစ်၊ မိုးသီးကြွေ၊ နေရာကွက်မိုးကြီးမှု၊ မြေပြိုမှုနှင့် လျှပ်တပြက် ရေကြီးမှု များမှာ ယခင်နှစ်များထက်အဆပေါင်းများစွာတိုး၍ ပိုမိုဖြစ်ပွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်မိုးကြိုးပစ်၍သေဆုံးမှုမှာ တနှစ်လျှင် သေဆုံးသူဦးရေ ၁၀၀ အထက်တွင် ရှိကြောင်း မိုးလေ၀သပညာရှင်တဦးကလည်း ဆိုသည်။
လေဆင်နှာမောင်း နောက်ဆုံးတိုက်ခတ်မှုမှာ ၁၉၅၇ ခုနှစ်ကဖြစ်ခဲ့ပြီး ယင်းနောက်ပိုင်းနှစ်ပေါင်း ငါးဆယ်နီးပါးကြာမြင့်ပြီး၂၀၀၆ ခုနှစ်မှ စတင်တိုက်ခတ်ခြင်း ဖြစ်ကြောင်းသိရသည်။
လေဆင်နှာမောင်းတိုက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများသည် ရာသီဥတုဖောက်ပြန်နေ၍ ဖြစ်ကြောင်း ဦးထွန်းလွင်က ပြောသည်။
အဆိုပါ မိုးလေ၀သပညာရှင် ဦးထွန်းလွင်သည် ၂၀၀၉ ခု ဇွန်လအတွင်းတွင် မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ(မိုး/ဇလ) ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်မှ ရပ်ဆိုင်းခံခဲ့ရသူဖြစ်သည်။
၎င်း တာဝန်မှ ရပ်ဆိုင်းခံရခြင်းအကြောင်းမှာ နေပြည်တော်တွင် တိုက်ခတ်သွားသော လေပြင်း မုန်တိုင်းကိစ္စ ကြိုတင်သတိပေး ခြင်းမရှိသောကြောင့် ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ဦးထွန်းလွင်ကို လူပေါင်းသိန်းချီသေဆုံးခဲ့သည့် ၂၀၀၈ မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ မိုးလေ၀သ ဆိုင်ရာ သတင်းအချက်အလက်များကို မှန်ကန်တိကျစွာ မဖော်ပြဘဲ ထိန်ချန်ခဲ့သည်ဟု အများက စွပ်စွဲခဲ့သည်။
ယင်း၂၀၀၈ ခုနှစ် မေလဆန်းက နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံ၏ စပါးကျီဟုတင်စားခေါ်နေသော ဧရာဝတီ တိုင်းတွင် ရာသီဥတုဖောက်ပြန်မှုများ ရှိလာ၍ စိုက်ပျိုးရေး၊ သောက်သုံးရေစသည့် အခြေအနေများ ဆိုးရွားနေသော ကြောင့် မိုးလေ၀သနှင့်ဇလဗေဒ ပညာရှင်များက လေ့လာမှု ပြုလုပ်နေကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်တို့တွင် ၂၀၀၈ ခုနှစ် မေလဆန်းက တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်း ဒဏ်ကြောင့် လူပေါင်း ၁ သိန်း ၃ သောင်းကျော်သေဆုံးခဲ့ရပြီး အိမ်ခြေ ၈ သိန်းခန့် ပျက်စီးသွားကြောင်း ကုလသမဂ္ဂ၊ အာဆီယံနှင့် စစ်အစိုးရတို့ ပူးပေါင်းဖွဲ့စည်းထားသော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့(TCG) ၏ ပွန်ဂျာ (PONJA) အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။(ဧရာဝတီ) မှ
Friday, March 12, 2010
မင်းမကောင်းတဲ့အချိန်..မင်းပြောင်းမဲ့အချိန် ပိုသတိထား..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
No comments:
Post a Comment