၂၀၁၀ ရွေးကောက်ပွဲ စစ်တပ်က ဒိုင်လူကြီး မဖြစ်နိုင်
09 March 2010
မြန်မာစစ်အစိုးရက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတခါ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ လက်ရှိ စစ်အစိုးရအတွင်း ပါဝင်နေတဲ့ တာဝန်ရှိသူတွေလည်း ရွေးကောက်ပွဲဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ၁၉၉၀ ရွေးကောက်ပွဲနဲ့ မတူကွဲပြားတာတွေ ရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် တဦးက သုံးသပ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အားလုံး ပါဝင်နိုင်ရေးအတွက် တောင်းဆိုနေတဲ့ တချိန်တည်းမှာပဲ မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကို ဘယ်နေ့ ဘယ်ရက်မှာ ကျင်းပမယ်ဆိုတာကို ထုတ်ပြန်ပြောဆို မသွားခဲ့ပါဘူး။ အခု ကျင်းပမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ပြီးကတည်းက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
အခုတကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကွခြားချက်နဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက အခုလို သုံးသပ်ပါတယ်။
“၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက တပ်မတော် အစိုးရကနေပြီးတော့ တရားမျှတ လွတ်လပ်အောင် ကျင်းပပေးမယ် ဆိုပြီးတော့ ကြေညာပြီးမှ လုပ်တာပါ။ အဲဒီ အချိန်အခါတုန်းက တပ်မတော်ဟာ သူတို့ ကြေညာထားတဲ့အတိုင်း ဒိုင်လူကြီးအဖြစ် ရပ်ပြီး ရွေးကောက်ပွဲတခုကို ကျင်းပပေးခဲ့တယ်။ ကျင်းပပေးခဲ့တဲ့ အတိုင်းလည်း တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲကြီးတခု ဖြစ်လာခဲ့တာ အားလုံးအသိပါပဲ။
“ဒါပေမဲ့ ၂၀၁၀ နဲ့ သွားနှိုင်းယှဉ်မယ် ဆိုရင်တော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲလောက်တော့ သိပ်မျှော်မှန်းချက် ထားလို့ရမယ် မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ ၀န်ကြီးတွေက အရပ်ဝတ် လဲပြီးသော်လည်းကောင်း၊ လက်ရှိရာထူးနဲ့သော်လည်းကောင်း ရွေးကောက်ပွဲ ၀င်ပြိုင်မယ်ဆိုတဲ့ အသံတွေကလည်း တိုင်းသိပြည်သိ ကြားနေရတော့ တပ်မတော်ရဲ့ ပါနေတဲ့ အပိုင်းအစတွေဟာ ဒိုင်လူကြီး မဟုတ်တော့ဘဲ သူတို့ပါ ပါဝင် ရွေးကောက်မယ် ဆိုတော့ ဘက်လိုက်မှု ကင်းဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။”
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖို့ကို အတည်ပြုပေးခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဆန္ဒခံယူပွဲကို နိုင်ငံတကာက စောင့်ကြည့်သူတွေကို ထားရှိဖို့အတွက် တောင်းဆိုခဲ့ပေမဲ့လည်း မြန်မာစစ်အစိုးရဘက်က ၀င်ခွင့်မပေးခဲ့ပါဘူး။ အခုတခါ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာ အပါအ၀င် အများက လက်ခံပြီး လွတ်လပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့ သူတွေကို ခွင့်ပြုသင့်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။
“၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ရွေးကောက်ပွဲ ကျင်းပတယ်ဆိုတဲ့ အဖြစ်ကို ရောက်အောင် မှန်ကန်တဲ့ ရွေးကောက်ပွဲ စနစ်တခုကို တကယ်ပဲ ကျင်းပတယ်ဆိုတာ နိုင်ငံတကာကို ပြဖို့နဲ့ ပြည်သူလူထုကြီးကိုလည်း လိမ်လည်လှည့်ဖျားခြင်း မရှိဘဲနဲ့ ကျင်းပနိုင်အောင် နိုင်ငံတကာ ကျွမ်းကျင်အဆင့် ရှိတဲ့ ရွေးကောက်ပွဲ စောင့်ကြပ် ကြည့်ရှုတဲ့ အဖွဲ့တွေကိုတော့ ၀င်ခွင့်ပေးဖို့ အင်မတန် လိုအပ်ပါတယ်။
“အဲဒီလို နိုင်ငံတကာက တောင်းဆိုထားတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့တွေက လာပြီးတော့ စောင့်ကြပ် ကြည့်ရှုပေးမယ့်ဟာကိုမှ ငြင်းပယ်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ တရားမျှတမှုကို အင်မတန်မှ သွားပြီးတော့ ထိခိုက်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတ လွတ်လပ်စေချင်တယ်ဆိုရင် နိုင်ငံတကာက စောင့်ကြပ် လေ့လာတဲ့ ပုဂ္ဂိုလ်တွေကို ၀င်ခွင့်ပေးဖို့ လိုအပ်တယ်လို့ ဒီနေရာမှာ ကျနော် ပြတ်ပြတ်သားသားပဲ ပြောချင်ပါတယ်။”
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်နေရာ ၈၀% ကျော်နဲ့ မဲအပြတ်အသတ် အနိုင်ရခဲ့ပြီးတော့ မြန်မာစစ်အစိုးရကလည်း ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း၊ အနိုင်ရတဲ့ ပါတီကိုလည်း တိုင်းပြည်ရဲ့ အာဏာကို လွှဲပြောင်းပေးသွားမှာ ဖြစ်တယ်လို့ အဲဒီအချိန်တုန်းက မြန်မာစစ်အစိုးရရဲ့ အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ပြည်သူလူထုရဲ့ တခဲနက် ထောက်ခံမှုနဲ့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးခဲ့ခြင်း မရှိခဲ့သလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူတွေကို မတရား ဖမ်းဆီး ဖိနှိပ်တာတွေကို လုပ်ခဲ့ပါတယ်။
အခုလို ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်လိုက်ပေမဲ့လည်း လက်ရှိ အတိုက်အခံတွေအပေါ် ဖမ်းဆီးဖိနှိပ်နေတဲ့ အခြေအနေတွေအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ အတွက်ကတော့ မေးခွန်းထုတ်စရာ ဖြစ်နေတုန်းပဲလို့ ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။
“ကျနော်တို့လို တရားဝင်ပါတီဟာ ရွေးကောက်ပွဲ မပြောနဲ့ စည်းရုံးရေးဆင်းဖို့တောင် အခက်အခဲ ရှိနေပြီးတော့ မြို့နယ်အဖွဲ့တွေ၊ တိုင်းအဖွဲ့တွေကို ဖွင့်ပေးဖို့ တောင်းဆိုတာလည်း ကြိမ်ဖန်များစွာ ရှိနေပြီ။ ဒါ့အပြင် ရန်ကုန်တိုင်းကို ဖွင့်ပေးဖို့ တောင်းဆိုတဲ့အခါ သက်ဆိုင်ရာ အာဏာပိုင်တွေက ခေါ်ယူတွေ့ဆုံပြီး ဖွင့်ပေးတော့မလိုအထိ ဖြစ်သွားပြီးမှ အခုထိ ဘာမှ အကြောင်းမကြားတာ ဖြစ်နေပါတယ်။
“သို့သော်လည်း နယ်တွေမှာ တရားဝင် ဖွဲ့ထားတဲ့ နိုင်ငံရေးပါတီတွေ ပါသလို တရားဝင် မဖွဲ့သေးတဲ့၊ ပါတီအဖြစ် မရောက်သေးတဲ့ နိုင်ငံရေးအုပ်စုတွေက ရွေးကောက်ပွဲအတွက် ဆိုပြီးတော့ နယ်လှည့် စည်းရုံးရေး ဆင်းနေတာတွေကို ကြားသိနေရပါတယ်။ ဒါတွေဟာ Free and Fair Election ကို ဖြစ်မယ်ဆိုရင် လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို မတိုင်ခင်ကတည်းက ထိခိုက်နေပြီလို့ ပြောရမှာ ဖြစ်ပါတယ်။”
အခုလို မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ကြေညာလိုက်ပေမဲ့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲ ၀င်မယ်၊ မ၀င်ဘူး ဆိုတာကို အခုချိန်ထိ မဆုံးဖြတ်သေးဘဲ ရွှေဂုံတိုင် ကြေညာချက် မူအတိုင်း ဆက်လက်ရပ်တည်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
http://www.voanews.com/burmese/2010-03-09-voa3.cfm
Tuesday, March 9, 2010
စားချင်တဲ့ ဒိုင်ဆီ..ထိုးမယ်မမျှော်လင့်နဲ့ 
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
No comments:
Post a Comment