မြန်မာနိုင်ငံ နျူကလီးယား စွမ်းအင်နှင့် မထိုက်တန် 07 April 2010
ဖွံ့ဖြိုးဆဲနိုင်ငံတွေ တော်တော်များများမှာ စွမ်းအင်လိုအပ်ချက်တွေ အတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုဖို့ ကြိုးပမ်းနေကြတာ မှန်ပေမဲ့ မြန်မာနိုင်ငံအတွက် နျူကလီးယား စွမ်းအင် ရှာဖွေတဲ့နည်းဟာ အဖြေမဟုတ်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စု နျူကလီးယား နည်းပညာနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တဦးက ထောက်ပြ ပြောဆိုပါတယ်။ ဟားဗာ့ဒ် (Harvard) တက္ကသိုလ် နျူကလီးယား လုံခြုံရေးနဲ့ လက်နက် မပြန့်ပွားရေးဆိုင်ရာ ကျွမ်းကျင်သူ ပူးတွဲ ပါမောက္ခ မက်သယူး ဘန်း (Matthew Bunn) က ဗွီအိုအေ အမေရိကန်အသံမှာ မနေ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပရင်း မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
ရှေ့သီတင်းပတ် ၀ါရှင်တန်မြို့တော်မှာ ကမ္ဘာ့ နိုင်ငံခေါင်းဆောင်တွေ အိမ်ဖြူတော် နျူကလီးယား ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ပြီး ကမ္ဘာတ၀န်း နျူကလီးယးလက်နက် ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့အချိန် ဒေါက်တာ မက်သယူး ဘန်းက နျူကလီးယား နည်းပညာနဲ့ အန္တရာယ်အကြောင်း မနေ့က ဗွီအိုအေ အမေရိကန်အသံမှာ သတင်းစာရှင်းလင်းပွဲ ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်နိုင်ဖို့ စစ်အစိုးရက ကြိုးပမ်းနေပြီး ဒီလို နျူကလီးယားစွမ်းအင် ပိုင်ဆိုင်မှုဟာ အရပ်ဖက် သုတေသနသုံးအတွက် ရည်ရွယ်တယ်လို့ စစ်အစိုးရဘက်က ပြောဆိုထားပါတယ်။
ဒါကြောင့်လည်း စွမ်းအင်လိုအပ်ချက်တွေ ရှိနေတဲ့ နိုင်ငံတခု အနေနဲ့ ဒီလို နျူကလီးယားစွမ်းအင် ပိုင်ဆိုင်ဖို့ ကြိုးစားမှုဟာ တကယ်လို့ သူတို့ပြောသလို ငြိမ်းချမ်းတဲ့နည်းနဲ့ အသုံးပြုဖို့ ဖြစ်တယ်၊ တခြား စစ်ရေးရည်မှန်းချက်အတွက် သုံးတာမျိုး မဟုတ်ရင် မဖြစ်သင့်ဘူးလားလို့ ဒေါက်တာ မက်သယူး ဘန်းရဲ့ အမြင်ကို ဗွီအိုအေက မေးခဲ့ပါတယ်။
“စွမ်းအင်အတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုမှုတွေ ဒီနေ့ ရှိနေပါတယ်။ ဒီစွမ်းအင်ကို ဘေးကင်း လုံခြုံအောင် ထိန်းသိမ်းဖို့ဆို တာ ရှုပ်ထွေး နက်နဲတဲ့ နည်းလမ်းတွေကို သုံးပြီး အထူးအလေးထား စောင့်ရှောက်ရတာပါ။ တကယ်လို့ ခေတ်မီ တိုးတက်တဲ့ အခြေခံ အဆောက်အဦးတွေ မရှိဘူး၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကလည်း အားနည်းနေမယ်ဆိုရင် ဒီ နျူကလီးယားစွမ်းအင် သုံးစွဲမှုက လိုအပ်တဲ့ သင့်လျော်တဲ့ ရွေးချယ်မှုတခု မဟုတ်ပါဘူး။”
ပြီးခဲ့တဲ့ ၅ နှစ်ကနေ ၈ နှစ်နဲ့စာရင် နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်ဖို့ ကုန်ကျစရိတ်ဟာ အကြမ်းဖျင်းအားဖြင့် ၂ ဆ ပိုများလာခဲ့ပါ တယ်။ ဒါကြောင့်လည်း နျူကလီးယား ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ပြီး စွမ်းအင်ထုတ်လုပ်ဖို့ ကြိုးစားတဲ့နည်းက စီးပွားရေးအရလည်း တွက်ခြေကိုက်တဲ့ ရွေးချယ်မှုတခု မဟုတ်ပါဘူးဆိုပြီး မက်သယူး ဘန်းက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်တွေ ဟာ အာရုံစူးစိုက်ရမယ့် အနေအထားမှာ ရှိပေမဲ့ စိုးရိမ်ရမယ့် အခြေအနေမှာတော့ မရှိဘူးလို့လည်း သူက ပြောပါတယ်။
“မြန်မာနိုင်ငံကိစ္စက အခုအချိန်အထိ တိတိကျကျ ဘယ်အတိုင်းအတာအထိ လုပ်နိုင်ပြီလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိရသေးပါ ဘူး။ အခုအချိန်အထိ သုတေသနသုံး နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်နိုင်နေပြီလား၊ နျူကလီးယား ထုတ်လုပ်ဖို့ ပြင်ဆင်နိုင်ပြီလား၊ ဘာမှ ရေရေရာရာ မရှိသေးပါဘူး။ စောင့်ကြည့်လေလာဖို့၊ အာရုံစိုက်ဖို့ လိုပါတယ်။ ဒါပေမဲ့ စိုးရိမ်ထိတ်လန့်ရမယ့် အဆင့်တော့ မရောက် သေးပါဘူး။”
ဟားဗာ့ဒ်တက္ကသိုလ် နျူကလီးယား လုံခြုံရေးနဲ့ လက်နက်မပြန့်ပွားရေး ဆိုင်ရာ ကျွမ်းကျင်သူ ပူးတွဲ ပါမောက္ခ မက်သယူး ဘန်း ပြောဆို သွားတာ ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်မှာ မြန်မာစစ်အစိုးရက သုတေသနသုံး နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး ရုရှားနိုင်ငံကနေ နည်းပညာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ယူဖို့ သဘောတူခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ တရားဝင် သံတမန် ဆက်ဆံရေး ထူထောင်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်တွေ နိုင်ငံတကာက အာရုံစူးစိုက်လာခဲ့ပါတယ်။
မြန်မာစစ်အစိုးရက ရုရှားနိုင်ငံကို စစ်အရာရှိ ၁,၀၀၀ လောက် စေလွှတ်ပြီး သင်တန်းတက်ခိုင်းခဲ့တယ် ဆိုတဲ့ သတင်းတွေနဲ့ မြောက်ကိုရီး ယားရဲ့ အကူအညီနဲ့ မြေအောက်လိုဏ်ခေါင်းတွေ တည်ဆောက်နေတဲ့ မှတ်တမ်းဓာတ်ပုံတွေ ထွက်လာတဲ့ အတွက်လည်း မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်ကို အာရုံစိုက်လာတဲ့ အဆင့်ကနေ နိုင်ငံတကာက စိုးရိမ်ခဲ့ကြတာ ဖြစ်ပါတယ်။
မကြာသေးခင်က ထုတ်ပြန်တဲ့ အမေရိကန် ပြည်ထောင်စု အခြေစိုက် ISIS သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေး အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ တည်ဆောက်နေတဲ့ မြေအောက်လိုဏ်ဂူတွေဟာ နျူကလီးယားစွမ်းအင် ထုတ်လုပ်ဖို့ တည်ဆောက်တာ ဟုတ်မဟုတ် အသေအချာ မပြောနိုင်သေးတဲ့အကြောင်း၊ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံနေ ကွန်ပျူတာစနစ်သုံး စစ်ဘက်၊ အရပ်ဘက် အသေးစိတ် တီထွင်ထုတ်လုပ်နိုင်တဲ့ အကြီးစား စက်ကိရိယာတွေ ဆွစ်ဇာလန်၊ ဂျာမဏီနဲ့ ဂျပန်နိုင်ငံတွေက မှာယူခဲ့တာ၊ ပြင်ဦးလွင်နဲ့ ၁၀ မိုင်လောက် ဝေးတဲ့နေရာနဲ့ မန္တလေး အနောက်ဘက် မိုင် ၈၀ အကွာ လူနေအိမ်ရာတွေနဲ့ ဝေးတဲ့နေရာတွေက အမိုးပြာနဲ့ အဆောက်အဦးကြီးနှစ်ခု ဓာတ်ပုံတွေကို Goggle Map ဂြိုဟ်တုဆက်သွယ်ရေး ဓာတ်ပုံတွေကို ထုတ်ပြပြီး မြန်မာနိုင်ငံမှာ မြောက်ကိုရီး ယား ကျွမ်းကျင်ဝန်ထမ်းတွေ ကိုယ်တိုင် ပါဝင်တဲ့ လက်နက်အကြီးတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ ရှိနေနိုင်တဲ့အကြောင်း နိုင်ငံတကာရဲ့ စိုးရိမ်မှုနဲ့ ခန့်မှန်းချက်တွေကို ထည့်သွင်း ရေးသားထားပါတယ်။
http://www.voanews.com/burmese/2010-04-07-voa1.cfm
Tuesday, April 6, 2010
သနားတယ်ဗျို့  နျူကလီးယားအနံ့ ပြ ညာစားခံနေရတာ..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment