အံ့ဘုန်းမြတ် ၈ ဧပြီ ၂၀၁၀
http://burmese.dvb.no/news.php?id=10535
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရေးသားတဲ့ ၀တ္ထု စာအုပ်ကို ဧပြီလထဲမှာ အလင်းအိမ် မဂ္ဂဇင်းက ထုတ်ဝေဖို့ ရှိပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးအကျဉ်းထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ် ခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု (ဗဟုလွင်ပြင်) ကလောင်နဲ့ ရေးသားထားတဲ့ “၀ဲသြဃမှာ တေးသံပြိုင်လို့” ၀တ္ထုစာအုပ်ကို ဂျပန်နိုင်ငံမှာထုတ်ဝေတဲ့ အလင်းအိမ်မဂ္ဂဇင်းက ထုတ်ဝေဖို့ ပြင်ဆင်နေတာပါ။ ဒီစာအုပ်ကို ကိုဂျင်မီနဲ့ သက်ရက်အကျဉ်းထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မနီလာသိန်းတို့ရဲ့ ရင်သွေးလေးဖြစ်တဲ့ မဖြူနေခြည်မင်းယုရဲ့ ဧပြီလ ၁၂ ရက်နေ့မှာကျရောက်တဲ့ ၃ နှစ်ပြည့် မွေးနေ့မှာ စတင်ဖြန့်ချီမှာ ဖြစ်တယ်လို့ အလင်းအိမ်မဂ္ဂဇင်း အယ်ဒီတာ ကိုမင်းမင်းသိန်းက ပြောပါတယ်။
“ကျနော်တို့ မြန်မာပြည်ထဲက မတရားမှုတွေအပေါ်မှာ တစိတ်တဒေသပေါ့။ ၈၈ ကျောင်းသားတွေ မှတ်တမ်းတွေ ထုတ်ဝေခြင်းအားဖြင့်၊ အဓိကကတော့ အတွင်းက စာဖတ်ပရိတ်သတ်တွေ အတွက်လည်း ပါပါတယ်။ ပြည်ပကဟာတွေရောပေါ့။ ၅ လပိုင်းက စပြီး ဒီစာအုပ်ကို အကုန်လုံးအတိုင်းအတာနဲ့ ဖတ်လို့ရအောင် ကျနော်တို့ အင်တာနက်ကနေ တင်ပါမယ်။”
“၀ဲသြဃမှာ တေးသံပြိုင်လို့” ၀တ္ထုစာအုပ်ကို ဆရာမောင်စွမ်းရည်၊ ရဲဘော် ဖိုးသံချောင်း၊ ဇွန်မှိုင်းစတဲ့ စာပေပညာရှင်တွေ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက အမှာစကားရေးသားပေးထား ကြတယ်လို့လည်း ကိုမင်းမင်းသိန်းက ပြောပါတယ်။ အခုလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ စာအုပ်ကို ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကိုလည်း ကိုမင်းမင်းသိန်းက ပြောပါတယ်။
“သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို မှတ်တမ်းတင်ဖို့ ဆိုပြီး အဲဒီ အစီအစဉ်နဲ့ လုပ်ဖြစ်သွားတာပါ။ သူတို့ရဲ့ အင်းမေ့ခ်ျ (ပုံရိပ်) ကို အတတ်နိုင်ဆုံး မှတ်တမ်းတင်နိုင်ဖို့ စီစဉ်ထားတာပါ။ ဒီစာအုပ်က ရောက်တာတော့ ကြာပြီ လွန်ခဲ့တဲ့ ၂ နှစ် လောက်ကတည်းက ကျနော်တို့ဆီ ရောက်နေတာ ကျနော်တို့ အကြောင်းကြောင်းတွေကြောင့် မထုတ်ဖြစ်ဘူးပေါ့နော်။ အခုဟာက ဘာပဲဖြစ်ဖြစ် နောက်ဆုံးထုတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။”
ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု (ဗဟုလွင်ပြင်) ကို ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အဖ ဦးတင်ယု၊ အမိဒေါ်အမာညွန့်တို့က မွေးဖွားခဲ့ပြီး ၁၉၈၆ ခုနှစ် မှာ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေမှာ ရူပဗေဒအဓိကနဲ့ ပညာသင်ကြားခဲ့ပြီး ၁၉၈၈ ခုနှစ်၊ မတ် ၁၃ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ပစ်သက်ခံခဲ့ရပြီး နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။
ကိုဂျင်မီ-မနီလာသိန်း မိသားစု
ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကို ဦးဆောင် ဖွဲ့စည်းရာတွင် ပါဝင်ခဲ့ပြီး ဦးဆောင်ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သူ တယောက်ဖြစ်ပါတယ်။ အဲ့ဒီနောက် ကိုမိုးသီးဇွန်နဲ့အတူ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ထူထောင်ရာမှာ ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေပါ ပါဝင်ခဲ့ကာ ၁၉၈၉ ခုနှစ် သြဂုတ်လမှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရပါတယ်။
၁၉၉၆ ခုနှစ်တွင် ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှု၊ ထောင်တွင်းနိုင်ငံရေး အကျဉ်းသားများ အခွင့်အရေးကာကွယ်မှုကော်မတီကို ဦးဆောင် ဖွဲ့စည်းခဲ့တာကြောင့် ထောင်ဒဏ် ၂၂ နှစ် ထပ်မံချမှတ်ခြင်း ခံခဲ့ရပါတယ်။ အင်းစိန်ထောင်နဲ့ သာယာဝတီ ထောင်တွေမှာ ထောင်ဒဏ် ၁၆ နှစ် ကျခံ အပြီး ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ပြန်လည်လွတ်မြောက်ချိန်က စတင်ပြီး အခုအချိန်အထိ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဦးဆောင်ကာ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ် ရှားမှုများကို လှုပ်ရှားဆောင်ခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် သြဂုတ်လတွင် လောင်ဆာဆီ ကုန်ဈေးနှုန်းကျဆင်းရေး ၈၈ မျိုးဆက်ကျောင်းသားတဦးအနေနဲ့ ဦးဆောင်ပါဝင်ခဲ့တာကြောင့် နအဖစစ်အစိုးရ အာဏာပိုင်တွေက ထောင်ဒဏ် ၆၅ နှစ် ချမှတ်ထားပါတယ်။
Thursday, April 8, 2010
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ ၀တ္ထုစာအုပ် ထုတ်ဝေမည်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment