07 April 2010
မနက်ဖြန် ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် ၁၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ဒေသတွင်း နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့အပြင် မြန်မာ့နိုင်ငံရေး အခြေအနေကို ဆွေးနွေးပြီး အာဆီယံ အသင်းကြီး အနေနဲ့ ထိရောက်တဲ့ အရေးယူ ကိုင်တွယ်မှုမျိုး လုပ်ဖို့ တောင်းဆိုမှုတွေ ပေါ်ထွက်လာပါတယ်။ မြန်မာစစ်အစိုးရဟာ အာဆီယံ အသင်းကြီးကို ပေးထားတဲ့ ကတိက၀တ်တွေ ချိုးဖောက်ခဲ့တယ်လို့ AIPMC ခေါ် မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ကလည်း ပြောပါတယ်။ မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း အာဆီယံက မြန်မာ့အရေးကို ကိုင်တွယ် ဆောင်ရွက်ဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အာဆီယံ အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ အပြုသဘော ဆက်ဆံရေးဟာ အောင်မြင်မှု မရတာကြောင့် မြန်မာ့နိုင်ငံရေး တိုးတက်လာဖို့ရာ အာဆီယံ အသင်းကြီး အနေနဲ့ ထိထိရောက်ရောက် အမြန်ဆုံး အရေးယူ ကိုင်တွယ်သွားဖို့ အာဆီယံနိုင်ငံတွင်း လွှတ်တော်အမတ် ၁၀၀ ကျော်က ၁၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်မယ့် အာဆီယံခေါင်းဆောင် အားလုံးကို လက်မှတ်ရေးထိုး တောင်းဆိုထားတာပါ။
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံထဲမှာ အားနည်းချက်တွေ ရှိသလို ရွေးကောက်ပွဲ ဥပဒေမှာလည်း ဒီမိုကရေစီ နည်းမကျတာတွေ ပါဝင်တဲ့အတွက် အခု ရွေးကောက်ပွဲ ရလဒ်ကို အာဆီယံအနေနဲ့ နိုင်ငံရေးအရရော သိက္ခာကျင့်ဝတ် အရပါ လက်ခံလို့ မဖြစ်နိုင်ဘူးလို့ အာဆီယံ လွှတ်တော်အမတ်တွေက ထောက်ပြထားပါတယ်။
ဒီအတွက်ကြောင့် အာဆီယံ လွှတ်တော်အမတ်တွေ အနေနဲ့ အာဆီယံထဲမှာ မြန်မာနိုင်ငံ ဆက်ပြီး ရှိနေတဲ့အပေါ်မှာ စိတ်မသက်မသာ ဖြစ်ရတယ်လို့ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ AIPMC ရဲ့ အတွင်းရေးမှူး၊ မလေးရှားနိုင်ငံ လွှတ်တော်အမတ် မစ်စ် ထရီဆာ ကော့ခ် (Ms. Teresa Kok) က ဗွီအိုအေကို ပြောပါတယ်။
“မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ဖြစ်ပြီးကတည်းက တိုင်းပြည်အတွင်း လူ့အခွင့်အရေး တိုးတက်လာအောင် ဆောင်ရွက်ပါ့မယ်ဆိုတာ ပြောခဲ့တဲ့ ကတိအတိုင်း လိုက်နာဆောင်ရွက်ခဲ့တာ မရှိပါဘူး။ အခုဆို မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မကြာခင် လုပ်ပါတော့မယ်။ ဒါပေမဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ ဒီရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရကြပါဘူး။
“ဒါဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တန်ဖိုးတရားတွေနဲ့ လုံးဝ မကိုက်ညီပါဘူး။ ရွေးကောက်ပွဲကိစ္စ အပြင် မြန်မာနိုင်ငံတွင်းမှာ အခြား အခြေအနေ အကြောင်းရပ်တွေ ပြောစရာ ဆိုစရာလည်း အတော်များများ ရှိပါတယ်။ ဒီအတွက် အာဆီယံထဲမှာ မြန်မာနိုင်ငံ ဆက်ပြီး ပါဝင်နေတာကို အာဆီယံ လွှတ်တော်အမတ်တွေ အတွက် မသက်မသာ ဖြစ်ရပါတယ်။”
အာဆီယံအသင်း အနေနဲ့ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ဆုံးဖြတ်ချက်တွေ၊ တောင်းဆိုချက်တွေ မကြာခဏ ချမှတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး အခုလုပ်နေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်ခွင့် ပေးဖို့ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အသင်းကြီးရဲ့ တောင်းဆိုချက်၊ ဖျောင်းဖျမှုတွေအပေါ် တောက်လျှောက်လိုလို လျစ်လျူပြုနေတာတွေကို ကြည့်ခြင်းအားဖြင့် အာဆီယံ အသင်းကြီးရဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ အပြုသဘော ဆက်ဆံရေး မူဝါဒ မအောင်မြင်ဘူးဆိုတာ ထင်ရှားတယ်လို့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ စင်ကာပူက လွှတ်တော်အမတ် ၁၀၀ ကျော်က ထောက်ပြပါတယ်။ အထူးသဖြင့်တော့ အာဆီယံ အသင်းကြီးကို ပေးထားတဲ့ ကတိက၀တ်တွေကိုပင် ဖောက်ဖျက်တာ ဖြစ်တယ်လို့ မစ်စ် ထရီဆာ ကော့ခ်က ပြောပါတယ်။
“မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းပြမြေပုံနဲ့ သွားနေပါတယ်လို့ ပြောတာဆိုတာ ဆယ်စုနှစ်တခု ကျော်ပါပြီ။ ဒါပေမဲ့ အခုဖြစ်လာတာက ဒီမိုကရေစီ လုံးဝမကျတဲ့ ရွေးကောက်ပွဲလုပ်ဖို့ အဖြေပဲ ပေါ်လာပါတယ်။ ဒါဟာ အာဆီယံ ခေါင်းဆောင်တွေ၊ အာဆီယံ တိုင်းပြည်တွေနဲ့ နိုင်ငံတကာ မိသားစုကို သူတို့ပေးထားတဲ့ ကတိက၀တ်အတိုင်း မလုပ်ဘူး၊ ဆန့်ကျင်တယ်ဆိုတာ ပြနေတာပါ။ ဒီအခြေအနေကြီးကို လုံးဝ လက်ခံလို့ မရပါဘူး။”
အခုလို AIPMC အပါအ၀င် ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အာဆီယံ အနေနဲ့ မြန်မာနိုင်ငံအပေါ် လက်တွေ့ကျကျ ထိရောက်တဲ့ အရေးယူမှုမျိုးတွေ လုပ်ဖို့ တိုက်တွန်းနေသလို မြန်မာနိုင်ငံတွင်းက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ သံဃာ့တပ်ပေါင်းစုနဲ့ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့ကလည်း အာဆီယံ အတွင်းရေးမှူးချုပ်ဆီကို မြန်မာ့အရေး ကိုင်တွယ်ဖို့ တိုက်တွန်းစာတစောင် ပေးပို့ခဲ့ပါတယ်။ စာပါ ကိစ္စတွေနဲ့ ပတ်သက်လို့ ဗကသများ အဖွဲ့ချုပ် ပြောခွင့်ရသူ ကိုဇာနည်ကို မေးမြန်းထားပါတယ်။
“တကယ် ဖိအားပေးစေချင်တယ်။ တနိုင်ငံနဲ့ တနိုင်ငံ ဆက်စပ်နေတယ်။ တနိုင်ငံရဲ့ အကျိုးသက်ရောက်မှုက နောက်တနိုင်ငံမှာ သွားပြီး ထိခိုက်စေတယ်။ အဲဒီအခါမျိုးကျတော့ ဒီဟာတွေက ဘယ်လိုပဲဖြစ်နေနေ ကျနော်တို့ အနေနဲ့ ၀ိုင်းဝန်းကူညီ ပံ့ပိုးဖို့ တာဝန်ရှိပါတယ်။ တကယ်လို့ ကျနော်တို့နိုင်ငံက မဟုတ်ဘဲနဲ့ အာဆီယံ တနိုင်ငံက ဒီလိုမျိုး ဖြစ်ခဲ့မယ် ဆိုရင်လည်း ကျနော်တို့ နိုင်ငံက ၀ိုင်းဝန်း ပံ့ပိုးပေးရမယ့် အနေအထားမျိုးတွေ ရှိပါတယ်။”
အကယ်၍ မြန်မာနိုင်ငံဘက်က ဒီလိုဆောင်ရွက်မှု မရှိလို့ရှိရင် အာဆီယံထဲက မြန်မာနိုင်ငံကို ထုတ်ပစ်ဖို့ ဆိုတဲ့ဟာလည်း တွေ့ပါတယ်၊ ကိုဇာနည်တို့ စာထဲမှာ။ တကယ်တမ်း ဒါက ထိရောက်မယ့် နည်းလမ်းလို့ ယူဆလို့ ရပါ့မလား၊ ကိုဇာနည် ဘယ်လိုထင်ပါသလဲ။ ဘာဖြစ်လို့လဲဆိုတော့ ထုတ်ပစ်လိုက်ရင် အာဆီယံနဲ့ ပို မဝေးသွားနိုင်ဘူးလား၊ နိုင်ငံတကာနဲ့ ပိုပြီး မဝေးသွားနိုင်ဘူးလား။
“ဒီဟာက သံခင်းတမန်ခင်း နည်းလမ်းတွေကို အသုံးပြုတာ ကြာခဲ့ပါပြီ။ အဲဒီတော့ သံခင်း တမန်ခင်း နည်းက ဒီလိုပဲ ကျနော်တို့ကို နားလည်ပါးရိုက်နဲ့ ဖြေရှင်းခဲ့တာ ကြာပြီလေ။ အဲတော့ ဒီဥစ္စာနဲ့ ပတ်သက်ပြီး ကျနော်တို့က ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်မှုမျိုးကို လုပ်စေချင်တာပါ။”
မြန်မာနိုင်ငံတွင်း လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှု ရှိစေဖို့ ဆိုပြီး အာဆီယံအတွင်းက အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း အစိုးရတွေက သူတို့ စိုးရိမ်ချက်တွေကို ဒီမတိုင်ခင် ထုတ်ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ယခင် အာဆီယံအသင်း အစည်းအဝေးတိုင်း လိုလိုမှာ တကယ်တမ်း ခေါင်းဆောင်တွေ ထိပ်တိုက်တွေ့ကြပြီ ဆိုရင်တော့ သံတမန်ရေးဆန်ဆန်ပဲ ပြောတာဆိုတာ များပါတယ်။ အာဆီယံအနေနဲ့ လက်တွေ့ အရေးယူ ကိုင်တွယ်နိုင်ဖို့ ဆိုတဲ့ အခြေအနေတော့ မတွေ့ရဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
လတ်တလောအားဖြင့် လူ့အခွင့်အရေး စံနှုန်းစံထား တစိတ်တပိုင်း ဖော်ပြထားတဲ့ အာဆီယံ ပဋိညာဉ် ရှိနေတာမို့ မြန်မာ့အရေး ဆွေးနွေးမှုမှာ အားရစရာ ရှိပေမဲ့လည်း တကယ်တမ်း အာဆီယံ ပဋိညာဉ်ပါ အခြေအနေတွေကို အကောင်အထည် ဖော်ဖို့ကို အာဆီယံ အတွင်းမှာပဲ အခက်အခဲမျိုးစုံ ရှိနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/2010-04-07-voa5.cfm
Wednesday, April 7, 2010
အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာ့အရေး ဆွေးနွေးဖို့ လွှတ်တော်အမတ် ၁၀၀ ကျော် ဖိအားပေး
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment